“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, February 19, 2011

ထွန်းနိုင်ရွှေ (၀ါ)ဆိုင်ပိုင်ရှင် ကုမ္ပဏီသူဌေးတစ်ဦး လောဘဇောတိုက်ခြင်း

စီးပွားရေးလက်ဝါးကြီးအုပ်၌ အနိုင်ကျင့်ဂုတ်သွေးစုပ်မှုများကို ဖော်ထုတ်တိုက်ဖျက်သွား မည့် နဂါးပျံအဖွဲ.၏ ကွင်းဆင်းလေ့လာမှု ဖြန်.ဝေစာတမ်းလွှာ
ဤစာလွှာသည် နဂါးပျံအဖွဲ.၀င်များ၏ ကြိုးစားမှု၊ အပင်ပန်းခံမှု၊ အရည်အချင်းရှိမှု စသည်တို့ မှ ပေါက်ဖွားလာသည့် အင်တာနက်သုံးပြည်သူများအတွက် အသိအမြင်တိုးဖွယ် စာတန်းငယ်တစ်ခု ဖြစ်သည်။

­ဤစာလွှာနှင့်ပတ်သက့်၍ မေးမြန်းစုံစမ်းခံရသူများ၏ နာမည်အမှန်ကိုထည့်သုံးထားခြင်းနှင့် ၎င်းတို့ မရိပ်မိအောင်စုံစမ်းရယူမှုတို့ အတွက် ကာယကံရှင်များကို ကြိုတင်တောင်းပန်အပ်သည်။ သိုပါသော်လည်း ခိုင်မာတိကျသော အသိပေးလွှာဖြစ်စေရန် အားလုံးကို အမှန်အတိုင်း ဖော်ပြရ ပေမည်။

ကျွန်ုပ်တို့ အဖွဲ့  ယခုဖော်ပြရမည့်လူမှာ များမကြာမီ အာဏာလွှဲပြောင်းပေးရတော့မည်ဖြစ် သော တပ်ချူပ် ကြီး၏ သားသမီးစွာအနက် စီးပွားရေးအသောင်းကျန်းဆုံးသား မောင်ထွန်းနိုင်ရွှေ (ခေါ်) ဦးထွန်းနိုင် အကြောင်းဖြစ်သည်။

မောင်ထွန်းနိုင်ရွှေပိုင် ကုမ္ပဏီပေါင်းများစွာ၊ လုပ်ငန်းပေါင်းစွာအနက် မှော်ဘီမြို့ ရှိ ရွှေဇင်ယော် (၂)စက်သုံး ဆီဆိုင်သည် တစ်ခုအပါအ၀င်ဖြစ်သည်။ ကျွန်ုပ်တို့  နဂါးပျံအဖွဲ့ သည် မှော်ဘီမြို.နေဒေသ ခံတစ်ဦး၏ ပြောပြချက်အရ ထိုမြို့ ရှိ စက်သုံးဆီလောကတွင် အပုတ်နံ့ လှိုင်လှိုင်ထွက်နေသော မှော်ဘီမြို ၊့ ဆပ်ပလိုင်း မှတ်တိုင်အနီး ရှိသော ရွှေဇင်ယော် (၂)စက်သုံးဆီဆိုင်အကြောင်းကို ကွင်း ဆင်းလေ့လာခဲ့ပေသည်။

စစ်အစိုးရ၏ အာဏာစွန့် လွှတ်ရခါနီ့း ၎င်းတို့ ၏နီးစပ်ရာများကသာ ပိုင်ဆိုင်ခွင့်ရရှိသော ပုဂ္ဂလိက ပိုင်ပြုလုပ်ရေးမူအရ စက်သုံးဆီဆိုင်များကို (၆)လပိုင်း၊ (၂၀၁၀)မှစပြီး ပုဂ္ဂလိကကုမ္ပဏီများက လွှဲပြောင်း၍ ရောင်းချခဲ့ပါသည်။ ကားများ အဓိက အသုံးပြုသော ဓါတ်ဆီကို အစိုးရမှ ကုမ္ပဏီများသို့  (၂၃၅၀)ကျပ်ဖြင့် ဖြန့် ဝေပေးခဲ့ပြီး ကုမ္ပဏီများမှနေ၍ပြည်သူများသို့  (၂၅၀၀)ကျပ် ဖြင့်သာရောင်းချ ပေးရန် သတ်မှတ်ပေးခဲ့ပါသည်။

ယခုကိစ္စမှာ အပြင်ပေါက်ဈေးနှင့် အစိုးရသတ်မှတ်ဈေး ကွာဟမှုဖြစ်ပေါ်လာသော စီးပွားရေး မသမာမှုဖြစ်သည်။ ကျွန်ုပ်တို့ အဖွဲ့  သတင်းများရပြီးများမကြာမီ ကိုယ်တိုင်ကိုယ်ကျသိရှိနိုင်ရန် မှော်ဘီ မြို. ခံတစ်ဦးထံ မှနေ၍ ရွှေဇင်ယော် (၂)စက်သုံးဆီဆိုင်နှင့် ဆက်သွယ်ကာ ဆီပွဲစားအငယ်စားလေး လုပ် လိုက်ကြပါသည်။ များမကြာမီ ထှိုဆီဆိုင်မှ ဒုမန်နေဂျာ ဦးကျော် (ခေါ်) ဦးအောင်ကျော်ကျော်ဦး နှင့်ရင်းနှီးကာ သူ့ ထံမှအောက်ပါ တို့ ကို စုံစမ်းသိရှိလိုက်ရပါသည်။

ဦးကျော်၏ပြောပြချက်အရ သူယခုလိုဆီပွဲစားများနှင့် ဆက်သွယ်ကာ ကိုယ့်ဘာသာကိုယ် ထုတ်၍ အပြင်ပို့ ရောင်းနေရသည်မှာ သူတို့ ဘာမှမရကြောင်း၊ တပ်ချူပ်ကြီး၏ သား ပိုင်ရှင်မောင်ထွန်း နိုင်ရွှေကိုယ်တိုင် တစ်ဝက် ခန့် သာဟန်ပြရောင်းစေ၍ ကျန်တစ်ဝက်ကို တစ်ဂါလံကို (၄၀၀)ကျပ် အမြတ်ပိုရအောင် အပြင်ထုတ် ရောင်းစေကြောင်း၊ ထို့ ကြောင့် တရားဝင်အမြတ် (၃)သိန်းကျော်အပြင် နေ့ စဉ်ဂါလံ(၁၀၀၀)ကျော်အပြင် ထုတ်ရ၍ (၄)သိန်းထပ်မံ၍ နေ့ စဉ်ပေးသွင်းနေရကြောင်း ပြောပြ သည်။

ထို့ နောက် ဦးကျော်မှဆက်လက်၍ အရင်က ပိုင်ရှင်ဦးထွန်းနိုင်ရွှေကိုယ်တိုင် အပြင်သို့  ဘောက်ဆာ လိုက်ထုတ်ရောင်းစေခဲ့ကြောင်း၊ ယခုနောက်ပိုင်းကျမှ ပေါက်ကြားမည်စိုးသဖြင့် ယခုလိုသာ စာရင်းပြ၊ ကားနံပါတ်ဖြည့်၍ ထုတ်ရောင်းစေကြောင်းပြောသည်။ ဆီဆိုင်မန်နေဂျာတစ် ယောက်အနေနှင့် ဘာမှမရ ကြောင်း၊ ဆီပို (ဂိမ်းဆီဟုလည်းခေါ်) သာရကြောင်း၊ (မှတ်ချက်။ ။သိရှိရသမျှ ဂိမ်းဆီသည် ၄/၄ ချိန်ထားသော ပန့် နှင့်ဆိုလျှင် (၁၀)ဂါလံရောင်းလျှင် (၁)ဂါလံ အပိုထွက်) ပြောပြသည်။

ဆီဆိုင်ဝန်ထမ်းများကိုလည်း ကိုယ့်ဘာသာကိုယ် လခပေးရကြောင်း၊ ပိုင်ရှင်ချစ်တီး ကျကြောင်း၊ ယခုနောက်ပိုင်း ဂိမ်းဆီကိုပါမျက်စောင်းထိုးလာကြောင်း မှော်ဘီရွှေဇင်ယော်စက်သုံး ဆီဆိုင်(၂)မှ ဒုမန်နေဂျာ ဦးအောင် ကျော်ကျော်ဦးမှ ငိုပြသွားခဲ့ ပေသည်။

အမှန်တော့ နိုင်ငံတော်၏သယံဇာတဖြစ်သည့်(ပြည်တွင်းမှာချက်လုပ်ရရှိသော) ဓါတ်ဆီကို ပြည်သူများလက်သို့  မှန်ကန်သောဈေးနှုန်းဖြင့်ရောက်ရှိနိုင်ရန် သတ်မှတ်ရောင်းချစေသော်လည်း ယခုကဲ့သို. လောဘတိုက်ကာ ဂုတ်သွေးစုပ် ချစ်တီးကျခြင်းသည် လုံးဝမလုပ်သင့်ပေ။ မန်နေဂျာများ ကို လူမိုက်မွေး၍ ခေါင်းပုံဖြတ်သည့် ထိုသူ၏ လုပ်ရပ်တို့ သည်ကား……။

ကျွန်ုပ် ထိုဆီဆိုင်၏ပန့် အနီးရပ်ရင်း ဟိုရှေ.သို့ ကြည့်လိုက်တော့ အဓိကဖောက်သည် ဆီပွဲစား ကိုစိုးသူ၊ သူ၏အနီးမှာ နောက်ခန်းထဲအပြည့် ဆီတိုင်ကီပြားလိုက် ကပ်ရိုက်ထားသော ဆီပတ်ထုတ်သည့်၎င်းတို့ ၏ ကားများ။

စာပြီးချိန်။ ။ 20 . 1 . 2011
(ဒီစာလွှာကို မိတ်ဆွေအားလုံးကို လက်ဆင့်ကမ်းလိုက်စေချင်ပါသည်။)
အောက်ပါ LinK များတွင်လည်း ထိုသူတို့ ၏ အကြောင်းများကို ထပ်မံဖတ်ရှုနိုင်သည်
၁ http://mindhamma.multiply.com/journal/item/33/33http://mindhamma.multiply.com/journal/item/33/33

၂ http://tunnaingshwe.blogspot.com/

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */