*တပ်မတော်ကြီးလဲ ချီလာပါပြီ အောင်တပ်မတော်ကြီးလဲ ချီလာပါပြီ ဗမာ အာဇာနည်။ ကမ္ဘာမှာတာရှည် ခိုင်မာ အောင်သာငါတို့ကြံဆောင်မည် အောင်ပြီ။*
နိုင်ငံတကာမှ အုံကြွမှုတွေ အထူးသဖြင့် အာဖရိက အီဂျစ်ကနေစူးအက်ကိုကျော်လာပြီဖြစ်တဲ့ အာရှတောင်စွန်းကိုနင်းလာပြီ ဖြစ်တဲ့ ...လူထုအုံကြွမှုတွေ ဘင်္ဂလားဒေရှ့ိကို ဒေသစံတော်ချိန် မနေ့ ကစနေပြီလေ။မင်းတင်ထားတဲ့ အာဏာရှင်မင်းဆက် ဇာတ်လမ်းက ယုတ္တိမတန်လွန်းဘူးလားကွာ
တီတီစီမှာ လူရှေ့သူရှေ့ ဆ၇ာမတွေရှေ့ ကိုင်နေတာကို မမြင်ချင်ယောင်ဆောင်ပေးရတဲ့ "လက်သရမ်း မင်းသားကို" နန်းတင်ရင် လားလား......ဗမာမတွေ မတွေးဝံ့စရာပါ..
အမိန့်တစ်ခုခုပေးချင်ရင် ဗေဒင်ယတြာနဲ့တိုင်ပင်တဲ့သူက သူ့အောက်က အချိန်မရွေးထောင်ထဲထည့်လို့
ရနေတဲ့သူတွေကို လေကုန်ခံမေးပါ့မလားစဉ်းစားကွကိုယ့်လူ.....
သူတို့အားလုံးထဲမှာ ဒေါင်ဒေါင်မြည် ဗိုလ်ခင်ညွန့်ကို ကိုယ့်ဆံပင်ကိုယ်ညှပ်ရတဲ့ဘ၀ရောက်အောင် ပို့ပြထားတဲ့ အသံထွက် ဗိုလ်ခင်ညွန့်ရဲ့ မပဋာ အပိုင်း ၅တောင် အင်တာနက် မှာ တပ်ချုပ်ကြီးကိုယ်တိုင် လွှတ်တော် ရာထူး ဝေပွဲမတိုင်ခင် တစ်လအလိုမှာ တင်ဆက်ပြီး အားလုံးကို ခြိမ်းခြောက်ပြီးပြီလေ
နားရွက်တောင်မခတ်ရဲကြဖူးနော်.......
အရှေ့အာရှက မော့ဆက်လိုတော်တဲ့ ကကလှမ်း က ယနေ့လမ်းဘေးမှာ လွယ်အိတ်တစ်လုံးနဲ့ ရူးသ လိုပေါသလို လျှောက်သွားနေတဲ့ တပ်မှူးဟောင်းဆိုတဲ့ငနဲတွေ ကျောင်းသားအရွယ်လူမမယ်တွေကို မိခင် တွေ မျက်ရည်အောက်မှာ သေတွင်းပို့ခဲ့တောင်တွင်းတိုက်ပိတ်ခဲ့တာ ဒီငနဲတွေ ယနေ့ ပြည်သူ့ ဖက်ကရပ်တယ်ဆိုတဲ့ ထောက်လှမ်းရေးဆိုလို့ အောင်လင်းထွဋ်တစ်ယောက်ဘဲ စီအိုင်အေနဲ့ အက်ဖ်ဘီအိုင် လုံခြုံရေးအပြည့်နဲ့ ဟိုးမိုင်တစ်သောင်းလောက်မှာရှိတဲ့ ယူအက်စ်ကနေရှိတယ်လေ..
ဘယ်ကောင် တစ်ကောင် နားရွက်လှုပ်ရဲလို့လဲ ဟင်...တကယ့်တော်လှန်ရေးလုပ် သားတဲ့ဦးအောင်ဆန်းက လယ်သူမက မြေကျစ်စိုင်ခဲနဲ့ ဂျပန်ခေါင်းကိုထုသတ်ချင်တာ ဆံပင်ညှပ်သမားက သင်တုန်းဒါးနဲ့ ဂျပန်လည်ပင်းလှီးတာ ဘုန်းကြီးက သပိတ်ထဲကနေလက်ပစ်ဗုန်းသယ်ချင်လာအောင် အောင်ဆန်း စုစည်းနိုင်ခဲ့တာကွ....
ဘယ်ကောင်မှ လှုပ်လို့မရအောင် တော်တဲ့ ပြည်ပ က လက်မဲကြီး တစ်ဖက်က စစ်တပ်ကို ကိုင်ထားတာလေ ဒါပေမဲ့ နေကြတ်မှာကိုတော့သူ တို့ မတတ်နိုင်ဘူး။ နေပြင်းပြင်းနှစ်စင်းထွက်မှာကိုတော့သူ့ဗေဒင်ဆ၇ာတွေလည်း မတတ်နိုင်ဘုး ကမ္ဘာကြီးက အမြဲတန်းကပ်ဆေးတတ်ပါတယ် လူအမြောက်အမြားကို ဆေးကြောတဲ့ ဆူနာမီလို နာဂစ်လို၇ှိသလို လခစားရာထူးနဲ့ဖွဲ့ထားတဲ့ အစိုးရအလုပ်မှာအကြီးအကဲ နှစ် ၂၀လောက်လုပ်ရတာကို သူ့အဖိုးအဖွားပိုင် ဘိုးဘွားပိုင်ထင်ပြီး မြေးကိုဆက်ပေးမယ်ဆိုရင် ....ဒန် ...ဒန် ဒန့်ဒန်..... လာတော့မည်
ကင်ဂျုံအီးလ်မင်းဆက်လား.....ကာကွယ်ရေးဦးစီးချုပ်မင်းဆက်လား(တင်မောင်သန်းလေနဲ့ပြောတာ) ဗမာပြည်မှာ အရှက်မရှိဆုံး လုပ်ရပ်ကိုတော့ လုပ်နိုင်တယ်နော်
တပ်မတော်သည်အမျိုးသားရေးကို ဘယ်တော့မှ သစ်စာမဖေါက် ဆိုတဲ့ ဆိုင်းဘုတ်ကြီးတော်လှန်ေ၇းပန်းခြံ ၀ိဇယမီးပွိုင့်မှာ ရှိသေးရဲ့လား
ရှိမရှိသွားကြည့်ဖို့လိုမယ်နော်....
မေမြို့ဗိုလ်သင်တန်းကျောင်းဆင်းပွဲတွေမှာ ဗိုလ်လောင်းတွေကိုလာကြည့်ပြီး ငါတို့အတွက်အသေခံမယ့်စစ်ဗိုလ် တွေလို့သူတို့ မိသားစုတစ်စုလုံး တွေးထားထင်မြင်ထားသလို......ကျောင်းဆင်းဗိုလ်လောင်းတွေကလည်း ဒီမိသားစုအတွက် ငါတို့အသေခံရတော့မယ် လို့ တွေးမိမယ်လို့မင်းထင်နေသလား ဟင် ...
ရုရှားကကောင်တွေကရော ဒီတိုင်းဘဲလား တိုင်းပြည်ကပေးတဲ့ တစ်လဒေါ်လာတစ်ထောင်နဲ့ အွန်လိုင်းပေါ်က ၇ည်းစားကို မစ်၃၉ တိုက်လေယာဉ်ပုံတွေနဲ့တွဲရိုက်တဲ့ဓါတ်ပုံတွေ ကို ၈ူးဂဲလ် မေးလ်နဲ့ လွယ်လွယ်ဆက်ပို့နေမှာလား။ဒုံးပျံတွေနဲ့တွဲရိုက်တဲ့ပုံတွေကို မြောက်ဥပလာပက ဆပ်စလူးလေးတွေရဲ့မေးလ်ကိုပို့နေမှာလား။ မေးသင့်တယ်နော်.....
ပိတ်ကားပေါ်မှာကြည့်ကြ၇အောင်နော် မွန်နဲ့မြန်မာတို့ရဲ့ မှန်နန်းရာဇ၀င်မှာ နှစ်၄၀တိုက်ပွဲအမှန်ရှိခဲ့တ
ယ် အဲဒီမှာ သူရဲကောင်းသမိန်ဗရမ်းက ဆတ်ဆတ်ထိမခံ ဗမာပြည်တစ်ပြည်လုံးရဲ့ သူရဲကောင်းဘ၀ကနေ တရုတ်စစ်သူကြီး၈ါမဏိကို ခေါင်းဖြတ်ပြခဲ့တာ သိကြမှာပါ။။။
ဒါဆို ဦးတင်ဦးကျူရှင်ရေးတဲ့ သမိုင်းဖြစ်ရပ်မှန် မာနကြ၊ီးလာတဲ့ သမိန်ဗရမ်းတစ္ဆေကိုက်ခြင်းကတော့ အမှန်ပါ
သူရဲကောင်းကို တစ္ဆေကိုက်လို့သေရတယ်တဲ့ကွာ( တစ္ဆေ=အစိမ်းသူရဲလေ )
ဒီလိုဇာတ်လမ်းမျိုး ရိုက်တဲ့ကား ဖြစ်လာနိုင်တယ်နော် ... ကိုဥာဏ်ကြီးရေ့ ကြားရတာတွေ မကောင်းလွန်းဘူး ဗျာ..
ဗမာ့တပ်မတော်က စစ်ဗိုလ်ချုပ်ကြီးများ အာဏာတစ္ဆေ ကိုက်ခြင်းမှ ကင်းဝေးစေချင်ပါသည်။ အထူးသဖြင့် ကာကွယ်ရေး ဦးစီးချုပ် မင်းဆက်လုပွဲ နန်းလုပွဲတွင် အနီးအပါးမှ ရှိသော မိသားစုဘ၀များစွာကို ချကျွေးခြင်းမှ ကင်းဝေးစေလိုပါလျှင် အဖိနှိပ်ခံလူထုအတွက် တကယ့် စစ်သားအစစ်အမှန်များ လိုနေပြီ ကိုဥာဏ်ရေ့........ဗမာလူထုနဲ့ ပြည်ထောင်စုရဲ့ လွတ်လပ်မှုကို တကယ်ကယ်မယ့် စစ်ဗိုလ်တွေလိုနေပြီ ထွက်ခဲ့ကြပါ။
ပြည်သူသာအမိပြည်သူလာအဖ ကို ညာနေသည့် ၀င်ကစွတ်ကောင် ပုဆိုးဝတ်များနှင့် လွှတ်တော်ထဲမှ စစ်ဗိုလ် တစ်မတ်သားအဖွဲ့များ ကိုယ်သေနတ်ကိုယ်ပြန်ကြောက်ရသည့် နေ့မဝေးတော့ပြီဖြစ်ကြောင်း ပိတ်ကား ပေါ်တွင် မြင်ကွင်းကျယ်စနစ်ဖြစ်မကြည့်လိုသည်မှာ ကျနော်တို့အပါအ၀င် ယနေ့ထမင်းနစ်နှပ်မမှန် သည်
လူထုပင်ဖြစ်ပါသည်ခင်ဗျား....
Zin Thant...

0 comments:
Post a Comment