“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, February 24, 2011

ဒီတောင်က ကျော်ပါဦးတော့မလား.အူးတေဇရဲ.ပြည်သူမေတ္တာတွေတော့ စူးကုန်ပြီ။

မနက်ဖြန် မနက်မှ မကယ် နိုင်ရင်တော့ အားလုံး အခြေအနေ ကောင်းနိုင်စရာ လမ်းမမြင်ပါဘူး။

ရဟတ်ယာဉ်ပေါ်မှာ စုစုပေါင်း ၆ ယောက်ပါတယ်။ ပိုင်းလော့ ၂ ယောက်၊ လေယာဉ်မယ် ၂ ယောက်၊
ဦးတေဇ နဲ့ သူ့ပီအေ ရယ်ပါ။ ဖြစ်တဲ့ နေရာက ပူ တာအိုကနေ မိုင် ၂ဝ လောက် ဝေးတယ် ပြောပါ
တယ်။ မတ်လမှာ ခြေလျင်တောင်တက် လုပ်ဖို့ ဆာဗေးသွားတိုင်းတာ။ အဝတ်အစားကလည်း
ပုံမှန် အနွေးထည်လောက်ပဲ။ ဖြစ်တဲ့နေ့က မနေ့က မဟုတ်ဘူး ၂၁ ရက် နေ့လည်ပိုင်းလောက်က ဖြစ်
တာ။ ဖြစ်ဖြစ်ချင်း ဖုန်းဆက် အကြောင်းကြားတော့ ချက်ချင်း ကယ်မလို့စီစဉ်တယ်။ ‘နှစ်ဘက်စလုံးက
အေးအေးဆေးဆေးပဲ အဲသည့်အချိန်မှာ။ ဘာ ကြောင့်လည်း ဆိုတော့ အရင် တစ်ခါလည်း ဖြစ်ဖူး
တယ်တဲ့။ ‘ဒါပေမယ့် ဒီတစ်ခါတော့ ထင်တာထက် ပိုဆိုးသွားတယ်ခင်ဗျ။ ဘာကြောင့်လည်းဆိုတော့
တကယ်တမ်းသွားကယ်တော့ အမြင့်ပေ ၁၂ဝဝဝ လောက်ကို တက်နိုင်တဲ့ ရဟတ်ယဉ် က မြန်မာနိုင်ငံ
မှာ အားလုံးပေါင်းမှ ၃ စီးပဲရှိပါတယ်တဲ့။ ဒါ့အပြင် ရာသီဥတုကလည်း တော်တော် ကို ဆိုးပါတယ်တဲ့။

ကျန်တဲ့ ယာဉ်တွေလည်း မသွားရဲပါဘူးတဲ့ ခင်ဗျာ။ လေတိုက်နှုန်းက ၆ဝ လောက်၊ မိုးကလည်း ရွာနေ
တယ်၊ နှင်းကလည်း အရမ်းကျနေတဲ့ အတွက်ပါတဲ့။ အဲ့ဒါနဲ့ ခြေလျင် ကယ်ဆယ်ရေး တစ်ဖွဲ့ကို မနေ့က
အရင်ဆုံးလွတ်လိုက်ပါတယ်။ ကံမကောင်းအကြောင်း မလှစွာပဲ အဲဒီတစ်ဖွဲ့လုံး အဆက်အသွယ်လုံးဝပြတ်
သွားပါတယ်။ ပျောက်ဆုံးနေပါတယ်တဲ့။ ဒီနေ့တော့ နောက်ထပ်တစ်ဖွဲ့ ထပ်လိုက်သွားပါတယ်။
နှစ်ရက်နီးပါး အစာရေစာပါ ပြတ်လတ်နေပါတယ် ။ ၆ ယောက်စာ ပစ္စည်း ရိက္ခာ အစုံအလင်ပါတဲ့ အထုတ်
၁၄ ထုတ်ကို လေယာဉ်နဲ့ ချပေးရာမှာ တစ်ထုတ်တော့ လက်ဝယ်ရောက်ရှိပါတယ်တဲ့။

ရဟတ်ယာဉ် တစ်စင်းနဲ့ (ထိုင်းနိုင်ငံကလို့ဆိုပါတယ်) သွားရောက်ရှာဖွေရာမှာတော့ နေရာကို သေချာ
တွေ့ရပါပြီ။ ဒါပေမယ့် ရာသီဥတု အခြေအနေကြောင့် ဆင်းကယ်ဖို့ မဖြစ်နိုင်ဘူး ဒုတိယ လိုက်သွားတဲ့ ခြေ
လျင်အဖွဲ့ကတော့ ၅ မိုင် အကွာလောက်ကို ရောက် နေပြီလို့ဆိုပါတယ်။ ယာဉ်မှူး ၂ ယောက်ကတော့
နမိုးနီးယား ပြင်းစွာခံစားနေရပြီး တချက်တချက် သတိမေ့သွားတတ်ပါတယ်တဲ့။ အမျိုးသမီး ၂ ယောက်
ကတော့ မသေချာတော့ပါတဲ့။ ဦးတေဇက ခြေထောက်ကို ထိမိသွားတယ်လို့ ဆိုပါတယ်။

ပီအေတစ်ယောက်သာ အားလုံးထဲမှာ အကောင်းဆုံး အခြေအနေလို့ ဆိုပါတယ်။ မနက်ဖြန် မနက်မှ မကယ်
နိုင်ရင်တော့ အားလုံး အခြေအနေ ကောင်းနိုင်စရာ လမ်းမမြင်ပါဘူး။

ပူတာအိုလေယာဉ်ကွင်းမှာတော့ အဲပုဂံ လေယာဉ် အသင့်စောင့်နေပြီး အကယ်လို့ ကယ်ဆယ်နိုင်ခဲ့ပါက
စင်္ကာပူသို့ တိုက်ရိုက် ခေါ်ဆောင်သွားမယ်လို့ သိရကြောင်းပါ။

TRUE-MMCP:
Cbox http://www.yeyintnge.com/

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */