“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, February 20, 2011

ခဲပေါက်ခံချင်သလား..(သို့ ) သင်သည် ခဲမလောက် နိုင်ငံရေးသမားလား

နိုင်ငံရေးသမား ဆိုသူတချို့  နောင်တချိန်တွင် ခဲပေါက်ခံရနိုင်သည်
ဖိုးသောကြ်ာ-
17,2, 2011။-

မြန်မာ့ နိုင်ငံရေးသည် လက်ရှိ အချိန်တွင် နအဖ စစ်အစိုးရက ညစ်ပတ်၍ အနိုင်ရယူထားသော ၂၁၀၀ ရွေးကောက်ပွဲ ရလဒ်ဖြင့် လွှတ်တော်ခေါ်ခြင်း ၊ သမ္မတ ရွေးချယ်ခြင်း၊ ၀န်ကြီးများ ရွေးချယ်ခြင်း၊ နှင့် အစိုးရသစ်ဖွဲ့ကာ ဧပြီ လတွင် အစိုးရသစ် တာဝန် ထမ်းဆောင်ရန် လုပ်ဆောင် နေသည်ကို နိုင်ငံရေး ငွေရောင် ပိတ်ကား ပေါ်တွင် မြင်ရသည်။

အခြားတဘက်တွင်လည်း ၀န်ကြီးပြုတ်များ ၊ စစ်ဗိုလ် ပြုတ်များက နောင်ရေး စိတ်အေးစေရန် ခိုးဝှက် လာဘ် စား ထားသည်များကို ထုတ်၍ ဦးသန်းရွှေမှ ခွဲတမ်း ချပေးသည့် နိုင်ငံပိုင် လေကြောင်း၊ ရေကြောင်း ၊ ကုန် ကြောင်း ခရီးသွားလာရေး လုပ်ငန်းများ၊ စက်ရုံ ၊ အလုပ်ရုံ၊ ရုံးအဆောက်အဦးများကို ၀ယ်ယူသည် မောင်ပိုင် စီးကြလေပြီ။

ပြည်သူတို့ ဆင်းရဲ ကြပ်တည်းနေချိန်တွင် အရှက်တရားမဲ့စွာ နိုင်ငံတော်သမ္မတ-က လစာ သိန်း ၅၀၊ ကား ၆စီး၊ ဒု သမ္မတ က ဘယ်လောက်၊ လွှတ်တော် ကိုယ်စားလှယ် တဦးကို လစာ ဘာယ်လောက် စသည်ဖြင့် ပြောဆိုသံများ သတင်းများ အင်တာနက်မှာ၊ လေလှိုင်းမှာ မကြားချင်အဆုံး ပလူပျံနေသည်။
မြန်မာ့ နိုင်ငံရေး သမိုင်းတွင် ပြည်သူကို မေတ္တာ ထားသည်ကို ထုတ်ပြရန် နိုင်ငံတကာမှ တောင်းဆိုခဲ့သော် ပြစရာ မရှိ၍ အရှက်အိုး ကွဲပြီး ရစရာ မရှိဖြစ်မည့် အချိန် ကာလ ဖြစ်နေပေပြီ။

ယဉ်ကျေးသည့် ဗုဒ္ဓဘာသာ ၀င်အများ နေထိုင်သည့် နိုင်ငံမှ ဟုတ်၏လော။ အုပ်ချုပ် မင်းလုပ်သူတို့ ဗုဒ္ဓဘာသာဝင် အစစ်မဟုတ်ကြဘဲ အတုအယောင်တွေလောဟု မေးမြန်းသော် အဖြေပေးရန် အလွန် ခက်လှပေသည်။

ဗုဒ္ဓ ဘာသာ ၏ အခြေခံ ဖြစ်သော( ၅ )ပါးသီလနှင့် အုပ်ချုပ်သူတို့ နေထိုင်ကျင့်ကြံ ကြပါ၏လော။ ထပ်ဆင့်မေး ပြန်သော် ပို၍ ခက်ရပေမေည်။
ဒါက စစ်တပ်၏ အုပ်ချုပ်မှူ ၁၉၆၂ မှ စ၍ရေတွက်သော် ကနေ့ အထိ နှစ်ပေါငး ၆၀ နီးပါး အထိ အရိုးစွဲနေသော စစ်တပ်၏ လုပ်ရပ်များဖြစ်ပေသည်။

ဒီမိုကရေစီ တောင်းဆိုသူများဘက်ပြန်ကြည့်ပြီးဆန်းစစ်ကြည့်ရသော်
ပြည်တွင်း၌ NLD သည် ၁၉၉၀ ရွေးကောက်ပွဲ မဲ အနိုင်ရ သည်ကို အကောင်အထည် ဖော်မပေးနိုင်၍ တရားဝင် ကြေငြာချက်ထုတ်ကာ တောင်းပန်ခဲ့သည်။
အလွန် ယဉ်ကျေးပါသည်။ လက်ရှိ ဒေါ်အောင်ဆန်း စုကြည် လွတ်လာပြီး နိုင်ငံရေး အားမြှင့်ကာ ဆက်လက် အားမြှင့် တိုက်ပွဲဖော် လမ်းကြောင်း ပေါ်တွင် သွားနေသည်။
ပါတီ တရားမ၀င် အကြေညာ ခံရစေကာမူ၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် အကောင်အထည် မပေး နိုင်ခဲ့စေကာမူ အားမလျှော့။

ရူပဗေဒ သဘောတရားနှင့် ပြောရသော် ကျောက်တုံးကြီးကို ချွေးဒီးဒီး ကျအောင် တွန်းပြနေဆဲ ဖြစ်သည်။ နိုင်ငံရေး ကျောက်တုံးကြီး၊ ကုန်ဈေးနှုန်း ကျောက်တုံးကြီး၊ ကျန်းမာရေးနှင့် ပညာရေး စသော ကျောက်တုံး ကြီးများမှာ ဘေးသို့ လွင့်စင် မသွားသေးဘဲ ပြည်သူအပေါ် ပိုမို ကြီးလေးစွာပိလာ နေသည်ကို မြင်ရသည်။

အတိုက်အခံ (ခေါ် )ဒီမိုကရေစီ ဖော်ဆောင်ရေး နိုင်ငံရေးသမားများကမူ မိမိတို့ စေတနာကောင်းနှင့် တွန်းဖယ် နေပါ သည်။ စစ်တပ်ကြောင့် ပြည်သူတို့ အထွေထွေ ၀န်ထုပ် ပိုကြီးလာရသည်၊ ပိုပိလာရသည်ဟု ပြောဆို ခွန်းတုန့် ပြန်ကြ သည်ကို နားမချမ်းသာစွာ ကြားနေရသည်။

ပြည်ပ နိုင်ငံရေး လောကတွင်မူ အမေရိကန် နေ၊ အမေရိကန် ရေသောက်၊ အမေရိကန် အထောက် အပံ့ စားနေသူများ ကလည်း အမေရိကန်ထက် တရုတ် ပြည်ကြီးကို ပိုမို အားကိုး နေသည်ကို မြင်ရသည်။
အမေရိကန်အား ကမ္ဘာ့ ချေးထုပ်ကြီး၊ ငပွကြီးဟု မြင်နေ ပြောနေကြသည်။
အမေရိကန် ဒီမိုကရေစီထက် တရုတ် ဒီမိုကရေစီကို ပို လိုလားကြသည်။ တရုတ် ကယ်မှ မြန်မာပြည် ဒီမိုကရေစီ ရနိုင်မည်ဟု မှန်းဆကြသည်။
တရုတ် စီးပွါးရေး တက်လာသည်ကို ကြည့်၍ တချိန်က ဗကပ များကိုငွေအား ။လက်နက်၊ လူ -ကူညီသလိုမျိုး လမ်းကြောင်း မျှော်မှန်းနေကြသည်။

( ဤ အချက်ကို ကြည့်၍ အမေရိကန်မှ စစ်အစိုးရနှင့် တိုက်ရိုက် ထိတွေ့  ဆက်ဆံရေး မူဘက် ပြောင်းလေ သ လော၊ နိုင်ငံရေး ထောက်ပန့် ကြေးငွေများ ပြည်ပရောက် အတိုက်အခံများ ဘက်လျှော့ပေး လာလေ သလော ဟု မှန်းဆ သူများ ရှိလာသည်။)

အချို့က ယုံကြည်ချက်နှင့် နိုင်ငံရေး ဂုဏ်သိက္ခာကို ထမင်းအိုးနှင့် လဲကာ နိုင်ငံရေး အကူငွေများ အလွဲသုံးခြင်း၊ ခိုးဝှက်ခြင်း စသည့် အပုပ်နံ့ တို့ ဖုံးမနိုင် ဖိမရ ပလူပျံ ထွက်လာသည်။

မြန်မာ့ နိုင်ငံရေး လောကတွင် ယင်းသို့ စွပ်စွဲမှုများ ကိစ္စ များ အိန္ဒိယတွင် ဖြစ်သည်။ အမေရိကန် တွင်ဖြစ်သည်။ ဥရောပတွင်ဖြစ်သည်။ ထိုင်းနယ်စပ်တွင် လည်းဖြစ်သည်။

ထိုသူများမှာ နိုင်ငံရေး လမ်းကြောင်းပေါ်တွင် မိမိ ဘာမှ မဖြစ်သလို ဆက်လက် ရပ်တည် နေကြသည်။ ကာယကံရှင်များ မှန်လို့ ပဲလား၊ ငါတို့  အဆက်အသွယ် ကောင်းသည် ၊ အဖြူကောင်တွေက ငွေ ဆက်ပေးနေသည်။ ယုံကြည်နေဆဲ ဖြစ်သည်။ သူတို့က ထောက်ခံနေသမျှ ဘယ်သူ မှ မှုစရာ မလိုဟု သဘော ဆောင်နေကြသည်လား မသိနိုင်။

ဗွီအိုအေမှ သတင်း တပုဒ်ကို စာဖတ်သူတို့ တင်ပြလိုသည်။ ယင်းသတင်းမှာ--
နော်ဝေ- မြန်မာ ကောင်စီ က NHEC ကို စောဒေးဗစ် မြမောင်ရဲ့ အဂတိ လိုက်စား မှုတွေ ကြောင့် ငွေကြေး ထောက်ပန့် မှု ရပ်တန့် 
ဗွီအိုအေ၊ ၂၂။ ဇန်န၀ါရီ ၂၀၁၁

NHEC အမျိုးသား ကျန်းမာရေးနဲ့  ပညာရေးကော်မတီ ဘဏ္ဍာရေးမှူးစောဒေးဗစ် မြမောင်ရဲ့ အဂတိ လိုက်စား မှုတွေ ကြောင့် NHEC ကိုငွေကြေးထောက်ပန့် မှုတွေ ရပ်တန့် လိုက်တယ်လို့ နော်ဝေ- မြန်မာ ကောင်စီ က ပြောကြားလိုက် ပါတယ်။

စောဒေးဗစ်မြမောင်ဟာ NHECအတွက် နော်ဝေ မြန်မာကောင်စီအပါအ၀င်တခြားအဖွဲ့ အစည်းတွေက ထောက် ပန့် ထား တဲ့ အထဲက ထိုင်း ဘတ်ငွေ သန်းနဲ့ ချီပြီး လိမ် လည်ခဲ့တဲ့ အတွက် သူ့ ကို ဖမ်းဆီးပေးဖို့ အတွက်လည်း စာထုတ် ပြန်ထားပါတယ်။

NHEC အမျိုးသား ကျန်းမာရေးနဲ့  ပညာရေးကော်မတီ ဘဏ္ဍာရေးမှူး အဖြစ် ၆ နှစ်ခန့်  တာဝန် ထမ်း ဆောင်ခဲ့သူ စောဒေးဗစ် မြမောင် (ခ) ဒေးဗစ် ဘင်ယူလတ်ဟာ အဖွဲ့ရဲ့  ဘဏ္ဍာငွေထဲက ထိုင်းဘတ်ငွေ ၂-သန်းခွဲကျော်ကျော်ကို အဖွဲ့ရဲ့  ရံပုံငွေထဲက လိမ်လည်ခဲ့တဲ့ အတွက် အဖွဲ့ ရဲ့ ရံပုံငွေကို လိမ်လည်သွားခဲ့တာ ဖြစ်ပေမယ့်လဲ သူတို့ရဲ့ အဂတိလိုက်စားမှု ဆိုင်ရာ ပေါ်လစီအရ ငွေကြေးထောက်ပနြ့်ခင်းကို ၂၀၀၉ ခုနှစ်ကုန်ကစပြီး ရပ်တန့် ထားလိုက်တာလို့ တဲ့ နော်ေ၀၈ျီယမ် ဘားမားကောင်စီခေါ် နော်ဝေ မြန်မာ ကောင်စီက မှ ညွှန်ကြားရေးမှူး အင်ဂလီစာ ၀ူးဟိုင်းက ပြောသည်။

အနာဂါတ်မှာလလည်း သူတို့ကို ငွေကြေးထောက်ပန့် တော့မှာ မဟုတ်တော့ဘူး ၊ NHEC ကို ထောက်ပန့် မှု ရပ် လိုက်ပေမယ့် အခြား မြန်မာ အဖွံ အစည်ေးတွကိုတော့ ဆက်လက် ထောက်ပန့် ပေးသွားမှာ ဖြစ်ကြောင်း ညွှန်ကြားရေးမှူး အင်ဂလီစာ ၀ူးဟိုင်းက ဆက်လက်ပြောဆိုပါတယ်။

အခုလို အလွဲသုံးစား လုပ်တာ၊ လိမ်လည်သွားတာကို ၂၀၀၉ ခုနှစ်အတွက် စာရင်းစစ်မှ စတင်သိရှိရတာ ဖြစ်ကြောင်း၊ အဲဒီအချိန်မှာ သူက လစာမဲ့ ခွင့် ယူသွားကြောင်း၊ သူကိုလှမ်း အကြောင်းကြားတော့လဲ ရှောင်နေကြောင်း ၊ တရာရုံးက တရားစွဲလွှာကို လှမ်းပို့ တော့ စာကိုတော့ လက်ခံပြီး လူကတော့ ရှောင် နေကြောင်း။ ၂၀၁၀ ခုနှစ်က စပြီး သူ့ ကို ဖမ်းဖို့ တရားရုံးက ၀ရမ်းရထားကြောင်း NHECရဲ့  လက်ထောက် ညွှန်ကြားရေးမှူး ဦးညိုမင်းက ရှင်းပြပါတယ်။

ငွေကွာတာက NBC နဲ့ DBC ၂ဖွဲ့ ဆီကပါ။ နော်ဝေ- မြန်မာ ကော်မတီက ထိုင်း ဘတ်ငွေ ၁သန်း ရ သိန်း ၅သောင်း ၊ ဒင်းနစ်ဘားမားေ က်ာမတီက ငွေက ၂ သန်း ၉သိန်း ၄ သောင်း ၅ ထောင် ဖြစ်ပါတယ်။

NHEC အဖွဲ့  ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကစပြီး မြန်မာ့ အိမ်နားနီးချင်း နိုင်ငံတွေမှာ မြန်မာ နိုင်ငံသားများရဲ့ ပညာရေး ကျန်းမာရေး လုပ်ငန်းတွေ ကူညီဖို့ ဖွဲ့ ထားတဲ့ အဖွဲ့ ပေါင်း ၂၇-ပါ အဖွဲ့ ကြီး ဖြစ်ပြီး လောလောဆယ်မှာ ရံပုံငွေ ထောက်ပန့် မှု ရပ်ထားခံနေရပါတယ်။

ဗွီအိုအေ၊ ၂၂။ ဇန်န၀ါရီ ၂၀၁၁
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အဓိက ဆောင်းပါး လိုရင်းကို ထောက်ပြပါတော့မည်။
တစ်ချိန်က ဂျာမဏီမှာ ဟစ်တလာက အဖ နိုင်ငံတော်ကြီးအတွက် ဒုတိယ ကမ္ဘာစစ်ကို ဂျူး-မုန်းတီးရေးမှ စ၍ နယ်ချဲ့ သိမ်းပိုက် စစ်ပွဲကြီး ဖြစ်ခဲ့သည်ကို သမိုင်း စာအုပ်များတွင် အထင်အရှားရှိပါသည်။

ထိုစဉ်က ဂျာမဏီတွင် ယောက်ျား မှန်သမျှ စစ်တပ်ထဲဝင်ကာ စစ်မြေပြင်ထွက်ကြရသည်။
အမျိုးသမီး အမျိုးသမ၊ီးများက စက်ရုံများတွင် ၀င်ကာ ကုန် ထုတ်လုပ်ငန်းများ၊ လက်နက်စက်ရုံများတွင် ၀င်ကာ အလုပ်လုပ်ကြရသည်။
ဂျာမန် တပ်ကြီး အောင်ပွဲခံ သတင်းများကို နားထောင်ရင်း နေထွက်နေ၀င် နေ့ မနား၊ ညမအား ယောက်ျားများ လုပ်အားနည်းတူ လုပ်ခဲ့ကြရသည်။
အဖ တိုင်းပြည်ကြီး အတွက် အားခဲ၍ မမောနိုင် မပန်းနိုင်လုပ်ခဲ့ကြသည်။

သို့သော် သမိုင်းတွင် ဂျာမဏီတို့ စစ်ရှုံးကာ အရှေ့ ဂျာမဏီ၊ အနောက်ဂျာမဏီ ၂ ပိုင်း အခွဲ ခံလိုက်ရသည်။
စစ်ရှုံး၍ တိုင်းပြည် ပြန်လာကြသော စစ်သားကြီးများကို မြင်သော် ရင်နာကြသည်။
ထိုအခါ ဘာ လုပ်ကြသနည်း။ ထိုစစ်သားကြီးများကို လူလိမ် လူညာများ၊ တိုင်းပြည် ဖျက်ဆီးသူများ ဆိုကာ အမျိုးသမီးများက စက်ရုံ အလုပ်ရုံများမှ ထွက်လာကြကာ ခဲနှင့် ပေါက်ခဲ့ကြသည်။

ယနေ့  နအဖ စစ်ဗိုလ် ပြုတ်များ လူအများရှေ့ တွင် မိမိ အမည်ရင်းဖော်ပြ လုပ်ခဲ့သည့် တာဝန်များ ဖော်ပြ ပြောဆိုခဲ့သော် ဒီမိုကရေစီ ခေတ်မရောက်သေး စေကာမူ လူအများက ခဲနှင့်ပေါက်မှာ သေချာပါသည်။
*******************
ပြည်ပရောက် အတိုက်အခံများကို လူအများက ချစ်ကြ လေးစားကြပြီးသား ဖြစ်ပါသည်။
စေနာမှန်မှန်နှင့် လုပ်ဆောင်ကြသော် ဆက်လက် ချစ်ခင်မှုနှင့် အေးမြသည့် ပြည်သူ့ မေတ္တာရရှိမည်မှာ မုချ ဧကန် အမှန် ဖြစ်ပါသည်။

လွတ်လပ်ရေး ကျိုးပမ်းစဉ်ကာလက ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေး သမားများနည်းတူ လက်ရှိလည်း ပြည်တွင်း ပြည်ပ ပူးပေါင်းကာ မြန်မာ ပြည်ကြီးကို ကယ်တင်နိုင် လိမ့်မည်ဟု၎င်း၊ ပြည်ပရောက် မြန်မာနိုင် ငံရေး သမား တို့က နိုင်ငံတကာမှ အင်အားမျိုးစုံ သယ်ဆောင်လာကာ နည်းမျိုးစုံဖြင့် ကယ်တင်မည်ဟု မျှော်မှန်း ယုံကြည်နေကြသည်.။
ပြည်သူတွေ မှော်မှန်းသလို အမှန်တကယ် လက်ရှိအခြေအနေနှင့် ကိုက်ညီပါ၏လော- စွမ်းဆောင် နိုင်ကြ ပါ၏ လော။ မျှော်မှန်းသလို စွမ်းဆောင် သူများကို ရာဇ၀င်သွင် အောင် ပြည်သူတို့ ချစ်ကြပေ လိမ့်မည်

လိုအပ်ချက်နှင့် အမှားတို့က ရှိက အမြန်ပြင်၊ အမှန်လမ်းကြောင်းပေါ်တွင် ဆက်လက် လုပ်ဆောင်ကြမှ အာဏာ ရှင် နအဖ ဟန်ပြ စစ်အစိုးရအား ဖြုတ်ချ နိုင်ပါမည်။

သို့သော် ဟန်ပြနိုင်ငံရေးသမားများ ၊ လေသမားများ၊ ပရိုပိုဇယ်ခေါ် နိုင်ငံရေး ထောက်ပန့် ကြေး အလွဲသုံး သူများ၊ “တော်လှန်ရေးကြာလေ ငါ့အတွက် ဇယားပိုကိုက်လေ”ဆိုသူများအတွက်မူ မေတ္တာပျက်မှာ ။ လူကောင်း လူမှန်များနှင့် တန်းတူ မချစ်နိုင်မှာ သေချာပါသည်။

ကောင်းသူကို-ကယ်၊ မကောင်းသူကို-တွယ်မယ့် ၀ီကလီ ပိဒီယား အင်တာနက် ခေတ်ကြီးတွင် ငွေကြေး၊ အာ ဏာ သုံး၍ ဆင်သေကို ဆိတ်ရေဖြင့် မဖုံးနိုင်ပါချေ။

ပြည်ပရောက် အတိုက်အခံ အများ ဆိုသူများရော တချိန်တွင် မြန်မာ ပြည်ပြန်လျှင် ကိုယ့်အမည်ရင်း၊ ကိုယ့် လုပ်ဆောင်ချက်များကို ပြည်သူများက သိလျှင် အသို့ ရှိချေမည်နည်း။

ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်ဝတ်၍ မည်မျှ ဟန်ဆောင်စေကာမူ လူယုတ်မာ၊ သူခိုးနှင့် လူကောင်း၊ အမှားအမှန်၊ အဖြူအမည်း ကွဲကွဲပြားပြား သူတို့ သိကြမှာ ဖြစ်သည်။
အမှန် သိခဲ့ကြသော် “နိုင်ငံရေးသမား ဆိုသူ တချို့  နောင်တချိန်တွင် ခဲပေါက်ခံရနိုင်သည်”

ဖိုးသောကြ်ာ
၁၇-ဖေဖော်ဝါရီ -၂၀၁၁

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */