Thursday, 17 February 2011 21:46 သျှမ်းသံတော်ဆင့်
ယခုလ ၁၂ ရက်မှ ၁၆ ရက်အထိ ထိုင်းနယ်စပ် တနေရာ၍ ကျင်းပသော ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ စီ (United nationality Federal Council) UNFC ပထမညီလာခံမှ Union Army တပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ညီလာခံ တက်ရောက်ခဲသူတစ်ဦးက ပြောပြသည်။
ဥက္ကဌ အဖြစ် KNU မှ ဗိုလ်ချပ်ကြီး မူတူးဆေးဖိုး
UNFC ညီလာခံအား Committee for Emergence of Federal Union (CEFU )၊ National Democratic Front (NDF)၊ United nationality League for Democracy- Liberty Area (UNLD-LA ) တို့ ကမကထ ပြုကျင်းပ၍ ဖက်ဒရယ် ကောင်စီဆိုင်ရာ ဖွဲ့စည်းပုံကိုလည်း ချမှတ်နိုင်ခဲ့၏။
ညီလာခံမှ သဘောတူဖွဲ့စည်းလိုက်သည့် ဖက်ဒရယ်ကောင်စီ အောက်၍ (၁) နိုင်ငံရေးဦးဆောင်အဖွဲ့ Political Leading Bureau - (၂) ဗဟိုကော်မတီ Central Committee နှင့် (၃) ဗဟိုအလုပ်မမှူဆောင်ကော်မတီ Central Executive committee ဟူသော အဓိက ၃ ရပ်ထပ်မံဖွဲ့စည်းပြီး ဗဟိုအလုပ်အမှူဆောင် CEC အောက်တွင် နိုင်ငံရေးဌာန Political Department နှင့် ကာကွယ်ရေးဌာန Defense department ထားရှိကြောင်းသိရသည်။
C E C ဥက္ကဌ အဖြစ် KNU မှ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဒု ဥက္ကဌ (၁) အဖြစ် KIO မှ ဒု-ဗိုလ်ချုပ်ကြီး ကောရီဇော်ဆိုင်း၊ ဒု ဥက္ကဌ (၂)အဖြစ် KNPP မှ ဗိုလ်ချုပ် အေပယ်ရတွိတ်၊ အတွင်းရေးမှူးအဖြစ် KMSP မှ နိုင်ဟံသာ၊ ဒု အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာ PNLO နှင့် ဒု-အတွင်းရေးမှူး (၂) ရွှေမျိုးသန့် တို့ ဖြစ်ကြသည်။
နိုင်ငံရေးဦးဆောင်အဖွဲ့ Political Leading Bureau တွင် KIO မှ ဒု-ဗိုလ်ချုပ်ကြီး အဲန်ဘန်းလှအောင်၊ CNF မှ ဇင်ကျုံးနိုင့် NMSP ဥက္ကဌထောမွန်တို့ တာဝန်ယူကြသည်။
နိုင်ငံရေးဌာန Political Department နှင့် ကာကွယ်ရေးဌာန Defense department ကို C E C မှ ဥက္ကဌ (၁) နှင့် ဒု ဥက္ကဌ (၂) တို့ တာဝတ်ယူကြမည်ဟုလည်း ဖွဲ့စည်းပုံတွင်ပါရှိသည်။
နိုင်ငံရေးဌာန Political Department တွင်လည်း ဥပဒေရေးရာ၊ ပြည်ထဲရေး နှင့် နိုင်ငံခြားရေး ကဏ္ဍ၊ ကာကွယ်ရေးဌာန Defense Department တွင် မြောက်ပိုင်းစစ်ဒေသ (တရုတ်-မြန်မာနယ်စပ်)၊ အရှေ့ပိုင်းစစ်ဒေသ
(ထိုင်း-မြန်မာ နယ်စပ်)၊ အနောက်ပိုင်း စစ်ဒေသ (အိန္ဒိယ-မြန်မာနယ်စပ်) နှင့် အထူးစစ်ဒေသဟူ၍ သတ်မှတ်ပြီး Union Army ပြည်ထောင်စုတပ်မတော်ဟု သတ်မှတ်ကြောင်းသိရသည်။
ဖက်ဒရယ်ကောင်စီဌာနချုပ်ရုံးလက်အောင်၍ ပြန်ကြားရေးအဖွဲ့ နှင့်  ဘဏ္လာရေး အဖွဲ့ထား ရှိရန်လည်းသဘောတူကြောင်း ညီလာခံတက်ရောက်သည့် အဆိုပါပုဂိုလ်က သျှမ်းသံတော်ဆင့် သို့ပြောသည်။
ထို့အပြင် ၁၆ မျက်နှာ၊ ၉ ခန်းနှင့် ပုဒ်မ ၃၂ ရှိ UNFC ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းပုံမူကြမ်း ကိုလည်း ရေးဆွဲနိုင် ခဲ့ သည်ဟု ဆို၏။
တက်ရောက်သူ ၅၃ ဦးရှိသည့်ညီလာခံတွင် အဖွဲ့ဝင် ၁၂ ဖွဲ့ ပါဝင်သော UNFCကို ဖွဲ့စည်းလိုက်ခြင်းဖြစ် ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
၎င်း ၁၂ ဖွဲ့မှာ ချင်းအမျိုးသားတပ်ဦး CNF၊
ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO၊
ကရင်အမျိုးသားအဖွဲ့ချုပ် KNO၊
ကရင်နီအမျိုးသားတိုက်တက်ရေးပါတီ KNPP၊
ကရင်အမျိုးသားအစည်းအရုံး KNU၊
လားဟူဒိမိုကရက်တစ်အစည်းအရုံး LDU၊
ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ NUPA၊
မွန်ပြည်သစ်ပါတီ NMSP၊
ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF၊
ပအိုင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊
သျှမ်းပြည်တပ်မတော် SSPP-SSA နှင့်
ဝ အမျိုးသားအဖွဲ့ချုပ် WNO တို့ဖြစ်ကြသည်။
UNFC ၏ အတွင်းရေးမှူးလည်းဖြစ်၊ ညီလာခံ ဥက္ကဌလည်းဖြစ်သော နိုင်ဟံသာက - UNFC ၏ ရည်ရွယ်ချက်နှင့် ဖွဲ့စည်းပုံဥပဒေ ကိုလက်ခံသည့် မည်သည့်အဖွဲ့အစည်းမဆို အဖွဲ့ဝင်အဖြစ်ကြိုဆိုကြောင်း ညီလာခံ၌ ပြောကြားခဲ့သည်ဟု ဆိုသည်။
http://www.mongloi.org/burmese/index.php?option=com_content&view=article&id=1757%3A-union-army-&catid=85%3A2008-08-01-03-14-40&Itemid=265

0 comments:
Post a Comment