၁၉၄၃-၁၉၄၄ အိန္ဒိယအစာရေစာငတ်မွတ်ခေါင်းပါးမှု့တွင် လူပေါင်း ၃.၅သန်းခန့်သေဆုံးခဲ့ပြီး ဒုတိယကမ္ဘာစစ် တွင်းသေဆုံးခဲ့ရသည့်လူများထက်များကြောင်းသုတေသီများကဆိုပါသည်။ ၁၉၄၂ အိန္ဒိယတွင် တိုက်ခိုက်ခဲ့ သောဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယတောင်ပိုင်း၊ ကုန်းတွင်းပိုင်း မိုင် (၄၀) ထိ လယ်ယာမြေများကို ဖျက်ဆီး ခဲ့ပါသည်။ ထိုနှစ်မှာပင် မြန်မာနိုင်ငံကို ဂျပန်ဝင်ရောက်သိမ်းပိုက်ပြီး အင်္ဂလိပ်ကိုလိုနီနိုင်ငံ အိန္ဒိယသို့ဆန်တင်ပို့ ခြင်းကို ဖြတ်တောက်လိုက်သဖြင့် ဆန်ဈေးများခုန်တက်သွားပါသည်။ အိန္ဒိယဆန်စပါးသုံးစွဲပမာဏာ၏ ၂၀% သည် မြန်မာနိုင်ငံကတင်ပို့သောဆန်များဖြစ်ပါသည်။
ကနဦးတွင် ၄င်းအစာရေစာခေါင်းပါးမှု့သည် ဆန်စပါးထုတ်လုပ်မှု့ကျဆင်းခြင်း နှင့်အတူ ဆိုင်ကလုန်းမုန်တိုင်းဟု ထင်ရသော်လည်း တွေ့ရှိချက်မှာ စီမံခန့်ခွဲလွဲမှားခြင်းကြောင့် ဖြစ်ပြီး “လူ့အမှား” ဟုအတည်ပြုခဲ့ပါသည်။ စုံစမ်းရေးကော်မရှင်၏ တွေ့ရှိချက်မှာ ၁၉၄၃ စားနပ်ရိက္ခာလျှော့နည်းခြင်း (Shortage) သည် ၅% သာရှိခဲ့ပြီး အမှန်တွင် ၁၉၄၁ တွင်ရှိခဲ့သော ရိက္ခာပမာဏ၏ ၁၃%ထက်ပိုကြောင်းတွေ့ရှိခဲ့ရပါသည်။ ဆိုင်ကလုန်းမုန်တိုင်း၏ဖျက်ဆီးမှု့သည် အိန္ဒိယတောင်ပိုင်း ကမ်းခြေတစ်ချို့သာပျက်ဆီးခဲ့ပြီး တစ်နိုင်ငံလုံး၏စိုက်ပျိုးရေးကို မထိခိုက်ခဲ့ပါ။ ဒိပြင်ဂျပန်၏ ဆန်တင်ပို့မှု့ဖြတ်တောက်ခြင်းကို အားပေးရာရောက်သလို အိန္ဒိယ ရိက္ခာလျှော့နည်းခြင်းကို ဆိုးဝါးစေသော ဗြိတိသျှ၏အမှားတစ်ခုမှာ အိန္ဒိယသို့ ဂျပန်မကျုးကျော်နိုင်စေရန် နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းများကို အိန္ဒိယ အာဏာပိုင်အင်္ဂလိပ်များက ထပ်မံဖြတ်တောက်လိုက်ခြင်းပေဖြစ်သည်။ ၄င်းစီမံကိန်းအရ မြန်မာနိုင်ငံနှင့် ကူးလူးသွားလာသည့် မြင်းရထား၊ ကျွဲနွားနှင့် ဆင်ထိ အင်္ဂလိပ်များက လိုက်သိမ်းသဖြင့် ပြည်သူ များအထိနာခဲ့ပါသည်။ ဒိပြင်စက်လှေသင်္ဘော သောင်းဂဏန်းထိ ဖျက်ဆီးလိုက်သဖြင့် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသူများပါ ဒုက္ခရောက်ခဲ့ပါသည်။
အစာရေစာခေါင်းပါးခြင်းကို ပိုဆိုးစေသော် လုပ်ရပ်တစ်ခုမှာ ဂျပန်တပ်များ ရိက္ခာထောက်ပို့ လျှော့စေရန် အိန္ဒိယ တောင်ပိုင်းသို့ ဆန်တင်ပို့ခြင်းကို အင်္ဂလိပ်အာဏာပိုင်များက ပိတ်ပင်လိုက်ခြင်းပေ( Rice Denial Scheme)။ ဒိပြင် ကုန်သည်ပွဲစားများကို ကြိုက်ဈေးဖြင့် ဆန်စပါးဝယ်စေပြီး အင်္ဂလိပ်အာဏာပိုင်ထံ ပြန်သွင်းခိုင်းသဖြင့် ဆန်ဈေးများ အဆမတန်ထိုးတက်သွားပါသည်။ အိန္ဒိယနိုင်ငံအခြားဒေသမှ တောင်ပိုင်းသို့ဆန်တင်ပို့ခြင်းကို ပိတ်ပင်ပြီး တောင်ပိုင်းဒေသတွင် ဆန်စပါးများကို အာဏာပိုင်များက ငွေအားသုံးလိုက်ဝယ်ခဲ့ပြီး ကိုလိုနီအင်ပါယာ နိုင်ငံများနှင့် စစ်တွင်း ဗြိတိသျှတပ်တွေဆီ တင်ပို့နေခဲ့ပါသည်။
အိန္ဒိယတွင်တာဝန်ထမ်းဆောင်နေသော အင်္ဂလိပ်စစ်တပ်မှ အရာရှိ ဘရန်ဆင် (Brason)ရေးသားထားသည့် စာတွင် ထိုစဉ်က ရိက္ခာလျှော့နည်းခြင်းမရှိဘဲ ဂျုံများကို ပြည်ပသို့ပုံမှန်တင်ပို့နေခဲ့ပါသည်။ သူ၏ရင်နစ်ဖွယ်ရာ အတွေ့အကြုံတစ်ခုမှာ ကလာက္ကတားမြို့တွင် ၄ ရက်အတွင်း ငတ်မွတ်ခေါင်းပါးခြင်းကြောင့် လမ်းဘေးတွင်လဲကျသေဆုံးခဲ့သောလူသေ အလောင်း ၄၄၅ လောင်း ကောက်ခဲ့ရကြောင်း ဗြိတိသျှစစ်တပ်မှ မှတ်တမ်းတင်ခဲ့ပါသည်။ နောက်ဆုံးတွင် ကပ်ဆိုဒ်နေသည့် အိန္ဒိယတောင်ပိုင်း ဘန်ဂေါသို့ ကောက်ပဲသီးနှံ တန်ချိန် ၁ သန်းတင်သွင်းခွင့်ကို လန်ဒန်အစိုးရခွင့်ပြုသောအခါ ကုန်းဈေးနှုံး ကျပြီးအစာရေစာခေါင်းပါးသည့် ကပ်ဆိုးပြီးဆုံးခဲ့ပါသည်။
လူ သန်းချီသေခဲ့သော၎င်းကပ်ဆိုးကြီးသည် အစာရေစာပြတ်လပ်ခြင်းကြောင့် သေဆုံး ခြင်းမဟုတ်ဘဲ ကုန်ဈေးနှုန်းမြင့်မားခြင်းကြောင့် ဆန်စပါးမ၀ယ်စားနိုင်ခြင်းဖြစ်ပါသည်။
ဗြိတိသျှကိုလိုနီ၏ မှားယွင်းမှု့သည် တမင်သက်သက် သို့မဟုတ် မတော်တဆမှားယွင်းခြင်း ဟုကျနော့်အနေဖြင့် မပြောနိုင်သော်လည်း ၄င်းမှားယွင်းသောအုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှု့ကြောင့် အိန္ဒိယတောင်ပိုင်း ဘန်ဂေါ တွင် လူပေါင်း ၃.၅ သန်းသေဆုံးခဲ့ပြီး နောက်ဆက်တွဲ သန်းချီ သေဆုံးရသည့်အဖြစ်အပျက်သည် ကမ္ဘာ့အဆိုးဝါးဆုံး လူ့အမှားအဖြစ် သမိုင်းတွင်ရစ်ခဲ့ပါသည်။
ဤအဖြစ်ဆိုးကို ရေးသားရသည့်ရည်ရွယ်ချက်မှာ မှားယွင်းသောအုပ်ချုပ်ရေးစနစ်သည် အန္တာရယ်ကြီးမား ကြောင်းသင်ခန်းစာယူတတ်ရန်နှင့်ဖြစ်ပေါ်လာနိုင်သော အဖြစ်ဆိုးကို ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်ပါသည်။ ထိုစဉ်ကအမှားမျိုးကို ယခုလက်ရှိမြန်မာစစ်အစိုးရအုပ်ချုပ်ရေးတွင် တွေ့နေရပါသည်။ ၁၉၉၇ တွင် မြန်မာနိုင်ငံကို စီးပွါးပိတ်ဆို့အရေးယူစဉ်က ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းပါဝင်ခဲ့သဖြင့် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား များ လာရောက်သည့်အရေအတွက်သိသိသာသာကျဆင်းခဲ့သဖြင့် နိုင်ငံခြားဝင်ငွေကို ထိခိုက်စေခဲ့ပါသည်။ မြန်မာ စစ်အစိုးရသည် ကမ္ဘာလှည့်ခရီးသွား များကို ဆွဲဆောင်ရမည့်အစား နိုင်ငံခြားဧည့်သည်များ ခက်ခဲအောင် ပြည်ဝင်ခွင့်ဗီဇာကိုပို၍ကျပ်တည်းသည့်စည်းကမ်းချက်များ ချမှတ်ခဲ့သဖြင့် ခရီးသွားလုပ်ငန်းကို ပို၍ ထိခိုက်စေ ခဲ့ပါသည်။ အာစီယံနိုင်ငံများအနဖြင့် နိုင်ငံအချင်းချင်း ဗီဇာကင်း လွှတ်ခွင့်ပေးရန် အာစီယံအသင်းကြီး၏တောင်း ဆိုချက်ကို မြန်မာစစ်အစိုးရ တစ်နိုင်ငံတည်း က လက်မခံသဖြင့် ဖွံ့ဖြိုးတိုးတက်မှု့ကို များစွာထိခိုက်စေခဲ့ပါစည်။
ထို့ပြင်အိမ်နီးချင်းနိုင်ငံ နှင့် အဆင်မပြေဖြစ်ပါက ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ခြင်းသည် ကိုယ့်ပြည်သူကို သတ်သည့် လုပ်ရပ်ဖြစ်နေပါသည်။ မှားယွင်းသောအုပ်ချုပ်ရေး၊ မှားယွင်းသောစီမံခန့်ခွဲမှု့များကြောင့် မြန်မာပြည် တွင် နှစ်စဉ်တက်နေသော ကုန်ဈေးနှုံးသည်မြန်မာပြည်သူများအား ဆင်းရဲတွင်းနက်သို့ နက်သထက်နက်အောင် တွန်းပို့နေပါပြီ။ ဤအာဏာရှင်စစ်အစိုးရ ကို မတွန်းလှန်နိုင်ပါက ၁၉၄၃ တွင်ဖြစ်ခဲ့သော် အိန္ဒိယကပ်ဆိုက်ကြီး လိုသန်းပေါင်းများစွာသော မြန်မာပြည်သူများမတွေ့ကြုံနိုင်ကြောင်း ပြော၍မရပါ။
ဖူးဒို
ဖေဖေါ်ဝါရီလ ၂၀ ရက်၊ ၂၀၁၁
0 comments:
Post a Comment