“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, February 27, 2011

တော်လှန်ရေး၏ ပထမခြေလှမ်း

မင်္ဂလာ ပါ မိတ်ဆွေတို့

ယနေ့ ကမ္ဘာနှင့် အ၀ှမ်းမှာ ဖြစ်ပွားနေတဲ့ အာဏာရှင် စနစ် ဖြုတ်ချ နိုင်ရေး ကြိုးပမ်းများကို အားကျအတုယူကာ ကျနော်တို့ နိုင်ငံ အတွင်းမှာ ပြည်သူလူထု အပေါ်ကို

အနိုင်ကျင့် ဗိုလ်ကျ ကာ အမျိုးမျိုး ဒုက္ခပေးနေတဲ့ စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ် နှိမ်နှင်းကြဖို့ စတင်လုပ်ဆောင်နေကြပါပြီ ။

ပထမဦးစွာ လူထုလုပ်ရှားမှုများ ညီညာစွာ စတင် လုပ်ရှားနိုင်ဖို့ အတွက် တိုက်တွန်း နိုးဆော်ချက်များ ဖြန့်ဖြူးနိုင်မှသာ အမြန်ဆုံး စတင် နိုင်မှာ ဖြစ်ပါတယ် ။လက်ရှိ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ စနစ်ကို အခြေခံပါတယ်လို့ ကြွေးကြော်ထားကြပေမယ့် တကယ့် လက်တွေ့ အနေအထားမှာ လူ့အခွင့်အရေး ချိုးနှိမ်မှု အများဆုံး နိုင်ငံထဲမှာ ထိပ်ဆုံးက ဆက်လက် ရပ်တည်နေဆဲပါဘဲ ။
တော်လှန်ရေး ဆိုတာကတော့ အထိအခိုက် အကျအဆုံး ရှိမှာအမှန်ပါဘဲ ။ သို့သော် ထိုသို့ ထိခိုက်ကျဆုံးမှုများနည်းပါး စွာဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် လမ်းစကို ကျနော်တို့ တတွေ ကြိုးစားဆောင် ရွက်ကြရပါလိမ့်မယ် ။ ပထမဦးစွာ နည်းပညာကို အခြေခံ၍ သတင်း အချက်အလက်များ ပြန့်ပွားအောင် ၀ိုင်းဝန်း လုပ်ဆောင်ပေးကြခြင်း ဖြင့် တော်လှန်ရေး အတွက် ပထမ ခြေလှမ်းကို ကျနော်တို့တတွေ ယုံကြည်စွာ ဖြင့် စတင် လှမ်းလျှောက်ကြည့်သင့်ပါပြီ ။ ခရီး တခုရဲ့ အစဟာ ခြေတလှမ်းပါ ဆိုရင် ကျနော်တို့တွေ ခြေတလှမ်းနဲ့ ခရီးစဉ် စလိုက်ရင် မကြာခင်မှာ ကျနော်တို့တတွေ လမ်းလျှောက်ချင်တဲ့ ဒီမိုကရေစီ လမ်းမပေါ်ကို ရောက်ရှိမှာ အမှန်ပါဘဲ ။

ဒုတိယ အဆင့်အနေနဲ့ ပြည်တွင်းမှာ သတင်းနှင့် တိုက်တွန်း နိုးဆော်စာများကို ပြည်သူလူထု လက်ဝယ် ရောက်ရှိစေရေး အတွက် ကြိုးစားဆောင်ရွက်ကြရင် ပိုမို ထိရောက်မှာပါ ။ ပြည်တွင်းမှာ လုပ်ရှားတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အာဏာရှင် စနစ်အောက်မှ လွတ်မြောက်အောင် ရုန်းထွက်ဖို့ လမ်းစကို တကမ္ဘာလုံးမှာ ကျင့်သုံး လိုက်နာ ဆောင်ရွက် လုပ်ရှားနေသလို ကျနော်တို့ နိုင်ငံမှာလည်း ညီညာစွာ လုပ်ရှားခဲ့ရင် ယနေ့ ပြည်သူလူထု ခံစားရတဲ့ ဒုက္ခဆိုး များအောက်က အမြန်ဆုံး ရုန်းထွက် လွတ်မြောက်လာမှာ အမှန်ပါဘဲ ဆိုတဲ့ ယုံကြည်ချက်ကိုသူတို့တွေ့ လေးနက်စွာ ယုံကြည်လာစေဖို့ အတွက်ပါ ။

ကိုယ့်ထမင်း ကိုယ်စားပြီး နိုင်ငံရေး လုပ်ရှားကြမှာ ဖြစ်တဲ့ အတွက် အခက်အခဲဆိုတာ ရှိလာမှာ အမှန်ပါဘဲ ။ ဒါပေမယ် ဒီလို ခဏတာ အချိန်လေးမှာ အပင်ပန်း ဆင်းရဲ ခံလိုက်တာဟာ အနာဂတ်မှာ ကျနော်တို့ ဘ၀တွေ တိုးတက်ထွန်းကားလာမှာ အသေအချာဖြစ်နေလို့ စွန့်စားလုပ်ဆောင် ကြဖို့ လေးစားစွာ မေတ္တာရပ်ခံ လိုပါတယ် ။ ယခုကဲ့ သို့ လုပ်ဆောင်ချက်များကို ကိုယ်တိုင် ပါဝင် ဆောင်ရွက်လိုသူများ များသထက် များလာအောင် ကျနော်တို့ အထူးကြိုးစားပြီး စည်းရုံး ကြရပါလိမ့်မယ် ။ လုံခြုံရေး အရ ဘယ်သူဘယ်ဝါ ဆိုတာထက် သူဘာလုပ်ပေးနိုင်သလည်း ဆိုတာကို အခြေခံပြီး လုပ်ရှားကြဖို့ အရေးကြီးပါတယ် ။

လုပ်ရှားဆောက်ရွက်လိုစိတ် ရှိသူများ ကျနော်နှင့် တိုက်ရိုက်ဆက်သွယ် နိုင်ပါတယ် ။ ကိုယ်နိုင်ရာ တာဝန်ကို ခွဲဝေ ယူချင်စိတ်များကို မွေးမြူကာ မြန်မာပြည်မှာ နှစ်ပေါင်းများစွာ ကြီးဆိုးနေတဲ့ စစ်အာဏာရှင် စနစ် ကို ပြည်သူလူထုစည်းလုံးခြင်း ခွန်အားနဲ့ စတင် ဖြုချနိုင်ဖို့ ညီညာစွာ စတင်လုပ်ရှားကြပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ တိုက်တွန်း နိုးဆော် လိုက်ပါတယ်ခင်ဗျာ ။

ခင်မင်လေးစားလျှက
်ဗမာ့သွေး

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */