“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, February 18, 2011

ရှေ့ ဆုံးစာမျက်နှာ

(အေဇော်ကြီး)
Thursday, February 17, 2011

ဒီ ရက်ပိုင်း မြင်ရ ကြားရတာ၊ က မောက် က မ ပါ ဗျာ။ သတင်း ဆွေးနွေးခြင်း ထရက် မှာ သတင်းဖတ်သူ တဦး ကွန်မင့် ပေးထား တာ ဖတ် ရ ပါ တယ်။ အခု ရက်ပိုင်း ကျူးပစ် သတင်း ထရက် တွေ ထဲ သတင်းတွေ ဖတ်ရ တာက မောက် ကမ နဲ့ အဆင့်အတန်း နိမ့် လာတယ် လို့ သူ က ဆို ပါ တယ် ။ ဟုတ် ပါ တယ် ၊ တကယ် တော့ ဖတ် ရတဲ့ သတင်း တွေ က ကမောက် ကမ ဖြစ် ရတာက ၊ ဖြစ် နေ တဲ့အခြေအနေအမှန်တွေ က လဲ ၊ က လဲ ကမောက် ကမ တွေ များ လွန်း နေ လို့ ပါ။

အခုဘဲကြည့်လေ ၊ ဒီလေးငါးရက်အတွင်း ငွေမာဈေး ၊ ရွှေဈေးတွေအတက်အကျကြမ်းလိုက်ကြတာတကယ့် ကို ကမောက်ကမပါ ဘဲ ၊ လူ တွေ ဆိုတာ ယောက်ယက်ကို ခတ် နေကြ ပါ တယ်။ ရှိ တဲ့ ပိုက် ဆံ လေးတွေ ကြွပ် ကြွပ်အိတ်လေး တွေ နဲ့ ၊ ဒေါ်လာရောင်းတဲ့ ဆိုင် တို့ ၊ ရွှေဆိုင်တို့ မှာ ကြိတ် ကြိတ် တိုး ပေါ့ ဗျာ။

ငွေ မာ အသုံး လို လို့ ၊ ရွှေ အထည် ဝတ် ဘို့ လို လို့ တော့ ၊မဟုတ် ရ ပါ ဗျာ ၊ ကမောက်ကမ သတင်း တွေ ဟို ကြား ဒီ ကြား နဲ့ ၊ ကိုယ့် ရှိ တဲ့ ဖွတ် ကလိ ဒင်္ဂါးလေး ၊ ပွန်းပြီး ပါး မသွား ရ လေ အောင် ၊ သောက စိတ် လေး တွေ နဲ့ လုပ် မိ လုပ် ရာ လုပ် ကြ ရ တာ ပါ။
ဒေါ်လာရောင်း သူ တွေ ၊ ရွှေ ဆိုင် တွေ က မျက် နှာ ထား တွေ၊ မာ ကြ လို့ ပေါ့ ဗျာ။ ဖုန်း ဆက် ပြီး ဈေး မေး လို့ က တော့ ၊ ဘရာသာ ၊ ဆိုင် ကို သာ အခု လာ ခဲ့ ပါ။ ဈေး က ပြော လို့ မရ လို့ ပါ ဆို ပါ တယ် ၊ ဆိုင် ရောက် တာတောင် ပိုက် ဆံ အရင် ပေး ထား ဈေး က ပြီး မှ ဖြတ်ပေး မယ် ဆို ပြီး ၊ ဟန်းဖုန်း လေး နဲ့ ဟို မေး ၊ ဒီ မေး မေး လိုက် ရ တဲ့ ဈေး တော်တော် နဲ့ မ ပြီး ပါ ဗျာ။

ဆိုင် ရှင် တွေ ဖုန်း ပြော နေတာ ကို ဘေး က ထိုင် နားထောင် နေ ရ တဲ့ ငွေမာ ဝယ်ချင်သူ ရွှေဝယ် ချင် သူ တွေ က အင် မတန် သနား စရာ ကောင်း ပါ တယ် ၊ သူ ကြား နေ ရ တာက မိနစ် ပိုင်း အတွင်း ဈေး က ဂဏန်း တွေ က တဖြေးဖြး ကြီး လာ တာ ကြား ကြား နေ ရ တော့ ဟံမယ်မင်း ငါ က ကံ အင်တန်ကြီး လွန်း လို့ ဒီ ဈေး နဲ့ အရွက်စိမ်း လေး ၊ ရွှေ တုံး လေး လက် ဝယ် ရ လိုက် တာ ထင် သွား ကြ ပ ဗျာ။

ဆိုင်တွေ က တော့ ရောင်း လိုက် ကြ ရ တာပါ ဗျာ ၊ ရွှေ အထည် အတုံး ကြီး အတုံး သေး အထည် ၊ လက် ကောက် ၊ လက် စွပ် ၊ ဒီဇိုင်း ကောင်း ကောင်း ၊ မကောင်း ကောင်း ကိုယ် နဲ့ လက် မှာ တော် တော် ၊ မ တော် တော် ၊ ပါတ်ကား ရွှေ ဘောက် ချာ လေး ရ ရင် ကျေကျေနပ် နပ် ဝယ် သွား ကြ ပေါ့ ဗျာ ၊ ဒေါ်လာ ရောင်း သူ တွေ က လဲ အကိုက် ပါ ဘဲ ၊ ခေါင်း ကြီး ခေါင်းသေး ၊ အရွက် ဝါ အမဲ ၊ အရွက် စုတ် ၊ ခေါက် ရိုး ကျိုး မကျိုး
မကြည့် အား တော့ ပါ ဗျာ ၊ ယူနိုက်တစ် စတိတ် ၊ ဝမ်း ဒေါ်လာ စာတန်း ဖတ် လို့ ရရင် ဘဲ ဝယ်လိုက် ကြ ပေါ့ ဗျာ ၊ တော် တော် ၊ ဘရုတ် ဘရက် ပါ ခင် ဗျာ။

ဒီ ရက်ပိုင်း တိုင်းပြည် စီးပွား ရေး ဗြုန်း ဆို တက် သွား လို့ ၊ လူ တွေ ဝယ် နိုင် ကြတာဒိုင်း က နဲ့ စီးပွား ရေး ကျ သွား လို့ ၊ ဗမာ ငွေဈေး ထိုးကျ သွားတာ မဟုတ် ရ ပါ ဗျာ လက်ကြီး ကုန် သည်တွေ ပြော ကြ တာ က ၊ ဂျာနယ် တွေ တော် တော် များ များ မှာ သမတ လစာ အသစ် က သိန်း ၅ဝ ၊ ဘယ်သူ က လစာ သိန်း ၄ဝ ၊ ဝန်ကြီး လစာ က သိန်း ၃ဝ ၊ ပြည်သူ့ လွှတ်တော် အမတ် တွေ က လစာ ၃ သိန်း ၊ ဒေသလွှတ်တော် အမတ်တွေ က လစာ ၂ သိန်း ဆိုပြီး ခေါင်းစီး အမဲ တွေ နဲ့ သတင်းထူးတွေ အဖြစ် ဖော် ပြ လာ တာ ရှိ
ပါ တယ် တဲ့ ဗျ။

ဒီ သတင်း တွေ နဲ့ ဆက် စပ်ပြီး ဝန်ထမ်း တွေ ကို လည်း လစာ တိုး ပေး မယ် ၊ ၃ ဆ ၄ ဆရောက်အောင် တိုး ပေး မယ် ၊ အာဆီယံ ထက် လစာ မနိမ့် အောင် တိုး ပေး မယ် ဆို တဲ့ သတင်း တွေ ထွက် လာ ပါ တယ် ၊ အနိမ့်ဆုံး အောက်ခြေ ဝန်ထမ်း အဆင့် ဒါလဝမ် တို့၊ ရိုးရိုးစစ်သား အဆင့် တောင် တလ ၁ သိန်း ကျော် ပေးတော့ မယ် ၊ ညွှန်ချုပ် ညွှန်မှူး ဆို ရင် လစာ ၁၅ သိန်း ၊ သိန်း ၂ဝ လောက် ရ မယ် ဆို ပြီး ပါးစပ် သတင်းတွေ ဖြစ် လာ ပါ တယ်။

စဉ်းစားကြည့်ကြ ပါ ခင် ဗျာ ၊ ဟိုအရင် ၅၆ ကျပ်စား စာရေး လစာ တုံး က လဲ သူ စားနိုင်တာ ငပိရေ တခွက်ပါဘဲ ၊ နောက် ၁၂၆ ကျပ် စာရေး လစာ တုံး က လဲ သူ စားနိုင်တာ ငပိရေ တခွက်ပါဘဲ ၊ နောက် တဆင့် တိုးလို့ ၄၅ဝ စာရေး လစာ တိုးခဲ့ လဲ သူ စားနိုင်တာ ငပိရေ တခွက်ပါဘဲ ၊ ဆယ် ဆ တိုးလိုက် လို့ ၄၅ဝဝ စာရေး လစာ ဖြစ်တော့ လဲ သူ စားနိုင်တာ ငပိရေ တခွက်ပါဘဲ ၊ ၂ဝဝ၆ က ၂ သောင်း ခွဲ ဖြစ် အောင် စာရေး လစာ ဖြစ်လာတော့ လဲ သူ စားနိုင်တာ ငပိရေ တခွက်ပါဘဲ ၊

ပြီးခဲ့ တဲ့ နှစ် က လူ တိုင်း ကို နောက်ထပ် ၂ သောင်း စီ လစာ ထပ်တိုးလို့ ၄ သောင်း ရောက် တော့ ၊ စား နေ ရ တဲ့ လဲ ငပိရေ တောင် ၊ နဲနဲ ထပ် ပြီး ရေ ကြဲ သွားလို့၊ ငရုတ်သီး မှုန့် တောင် သိပ် မထည့် နိုင် တော့ ပါဘူး ၊ အခု လို အနည်း ဆုံး ၁ သိန်း ကျော် လစာ တွေ အာဆီယံ လစာ ပေး မယ့် ခေတ်ဆိုရင် လဲ ၊ ထုံးစံ အတိုင်း ငပိရည်ကြဲ ဆိုတာ သေချာ နေ တော့ ၊ သူ သူ ငါ ငါ ငါ့ ငွေ လေး ၊ ပါးသွား ရ ချီ ရဲ့ ဆိုပီး ၊သော က ပွားကြ မှာ ၊ အသေ အချာ ပေါ့ ဗျာ။

ဟုတ် မဟုတ် တော့ သေချာ မပြောနိုင်ဘူး ပေါ့ ဗျာ ၊ စောင့် တော့ ကြည့် ရ ဦး မှာ ပါ အခု ဂျာနယ်တွေ ထဲ ပြထားတဲ့ လစာ စာ ရင်း အတိုင်း ဆို ရင် တော့ ၊ အခု ပြော နေ သလို တိုး ဘို့ က သိပ် မလွယ် ဘူး ခင် ဗျာ ၊ အခု ညွှန်ချုပ် လစာ က ၂ သိန်း ဝန်းကျင် ပါ။ ဂျာနယ် တွေ ထဲ ပြထား တာ က ၊ ပြည်သူ့ လွှတ်တော် အမတ် တွေ က လစာ ၃ သိန်း ၊ ဒေသလွှတ်တော် အမတ်တွေ က လစာ ၂ သိန်း ဆိုပြီး ပြောထား ပါ တယ် ၊ ဆို တော့ ကာ ညွှန်ချုပ် လစာ က သုံးသိန်း ကျော် ဘို့ ဖြစ်နိုင် ချေ သိပ် မရှိ ပါဘူး ၊ တိုး ရင် တဦး ကို ၃ သောင်း လောက် ဘဲ တိုး နိုင် ခြေ ရှိ ပါ တယ်။ လူ တွေ ထင် ကြေး နဲ့ ဈေး တွေ မငြိမ် ရင် အခု စား နေ ရ တဲ့ ငါးပိရည် တောင် ၊ ညစာ မနက်စာ တခါ ထပ် ခွဲ နေ ရ ပါ ဦမယ် ခင်ဗျာ

အခု လက် ရှိ တရား ဝင် လစာ တွေ က ၊ ဦးသန်းရွှေ က အများဆုံးပါ ၊ တလ ကို ၁၂ သိန်း ပါ ဒုတိယလူ က ၇ သိန်း ရ ပါတယ် ၊ ဝန်ကြီး လစာ က ငါးသိန်း ၊ ဒု ဝန်ကြီး လစာ က ၃ သိန်း ညွှန်ချုပ် လစာ က ၂ သိန်း ပါ။ ဒါပေမဲ့ သူတို့ ခံစားခွင့် ရ နေတာ တွေ က အခု လူတွေ သွေးပျက် နေ ကြ တဲ့ တလ သိန်း ၅ဝ ကို ဘယ် မှု ကြ မလဲ ဗျာ ၊ တလ တလ ရ တဲ့ ဓါတ်ဆီဂါလံ တွေ ၊ ပါမစ်ရထား တဲ့ အိမ်ရှိလူ ကုန် ၊ မိုဘိုင်းဖုန်းတွေ ၊ ရထား တဲ့ မြေကွက် တွေ ၊ ဆောက်ထားတဲ့ အမြို့ မြှို့အရွာ ရွာ က တိုက်ကြီးတွေ ၊ သား သမီး တွေ နံမည် နဲ့
ထောင် ထား တဲ့ ကုန်မဏီ တွေ ၊ နှစ်တိုင်း အစိုးရ ဈေး နဲ့ ဝယ် ယူခွင့် ရထား တဲ့ ကိုယ်ပိုင် ကားတွေ အစီးပေါင်း မနည်းပါ ဗျာ ၊ ပါဂျရို လို ကားမျိုးတောင် အစိုးရ ဈေး ၁ဝ သိန်း ဘဲ ပေး ရ တာပါ ။ အရင် ဝန်ကြီး တွေ က ၅ သိန်း ဘဲ လစာ ရ ရှာ တော့ တိုက် တလုံး သိန်း အစိတ် နဲ့ ကား တစီး ၁ဝ သိန်း တန် လောက် ဘဲ ၇ စီး လောက် ဘဲ ဝယ်စီး နိုင် ရှာ တာ ပါ။ အဲ ဒါ က စစ် အစ်ုးရ ခေတ် ကိုးဗျ။

အခု က အရွေးချယ် ခံ အစိုးရ ဆိုတော့ အဲ လို မျိုး တွေ ရ ချင် မှ ရ ပါ တော့ မလား မသိ သေး ပါ ခင် ဗျာ ၊ တခြား နိုင်ငံ တွေ က အစိုးရ တွေ လို ၊ လစာ မှ တပါး အခြား ဝင်ငွေ မရှိစေ ရ ၊ ရ တဲ့ လစာ အတိုင်း ၊ အများ ပြည်သူ တွေ ဝယ်စား နေ ရ တဲ့ အတိုင်း သုံးစေ ဆိုရင် ၊ ဒီ သိန်း ၅ဝ အတိုင်း သုံး ဆို လို့ က တော့၊ အခု ဝန် ကြီး သစ် တွေ အကုန်လုံး ခြုံး မဲ ချ ပြီး ၊ ထိုင် ငို ကြ မယ် ထင် ပါ တယ် ၊ အရင် က ရ တဲ့ လစာ ၅ သိန်း နဲ့ ၊အကန့် အသတ် မရှိ တဲ့ လုပ် ပိုင် ခွင့် က ၊ အခု ရ မဲ့ သိန်း ၅ဝ ထက် ပို ပြီး ၊ အများ ကြီး ၊ တွက် ချေ ကိုက် နေ တာ ကိုး ခင် ဗျ။

ဘယ်လို ဖြစ် လာ မယ် ဆို တာ မသိနိုင် သေး ပါဘူး ၊ ပြော ထား တဲ့ ဥပဒေ အတိုင်း ဆို ရင် သိန်း ၅ဝ စား သမတ မင်း က ၊ ပြည်သူ့ အခွန်နှုန်း ၃ဝ % ( ၁၅ သိန်း ) လစာ အဖြတ် ခံ ရရင် ၃၅ သိန်း ဘဲ ၊ တရားဝင် ရ ဘို့ ရှိ ပါ တယ် ခင် ဗျာ ၊ ဥပဒေ အထက် မှာ တကယ့် ကို ၊ ဘယ်သူ မှ မရှိဘူး ဆို ရင် ပေါ့ လေ ၊

တကယ်တော့ သမတ လစာ သိန်း ၅ဝ ပေး မယ် ဆို လိုက် ယုံ နဲ့ ၊ ငွေဈေး တွေ ပွ ပြီး ဈေး ပြောင်း ရ တာ ဆို ရင် ၊ က မောက် က မ ပါ ၊ အရင် ကတဲ က ၊ တလ ကို သိန်း ၅ဝ ဝင်ငွေ ရှိ တဲ့ လူ တွေ အများကြီး ပါ။ ဆည်မြောင်း က အေအီး မင်း တို့ ၊ ကပ် စတန် ညွှန်မှူး ဂျီအီးတပ် က လမ်းဗိုလ် တို့ ၊ နယ်စပ်ဂိတ်နား က ဗျူဟာမှူးတို့ ၊ အရင် ထောက်လှမ်းရေး အဖွဲ့က တပ်ကြပ်ကြီး တို့ ၊ ဟို အသည်း တို့ နှလုံး တို့ အထူးကု တဲ့ ဆရာဝန်ကြီး တို့ နေပြည်တော် မှာ မီးလိုင်းဆွဲ တဲ့ ကန်ထရိုက် တို့ ၊ စာပေးစာယူ အနီးကပ် ဝိုင်း ကျူရှင်ပြ
တဲ့ ကထိက တို့ ၊ မနှစ် က ဆယ်တန်းမေးခွန်း ထုတ်ရ ပြီး ၊ ဒီ နှစ် ကို ဆယ်တန်း အထူး ရှယ် ဝိုင်း ကျူရှင်ပြတဲ့ ပါမောက်ခတို့ ၊ ပါရဂူ ကျမ်း ကြီးကြပ် ရေး ဆရာ တို့ ၊ မဟာတန်း တွေ ကို ကျမ်းလဲ ကြီးကြပ် ပေး ပြီး ၊ သီးစစ် ပါ ရှဲဒိုး ထိုင်ရေး ပေးတဲ့ ဌာနမှူး တို့ ၊ အိမ်ခြံမြေ ရာဖြတ်ပေးရတဲ့ အခွန် ဝန်ထောက်မင်းတို့ ၊ တရားမမှု ကိုင် ရ တဲ့ တရားသူကြီးမင်းတို့ ၊ အိမ်ခြံ မြေရာဇဝင် ၊ ပိုင်ရှင်အမည်ပေါက် လုပ်ပေရ တဲ့ မြေစာရင်းဦးစီး တို့ အများကြီးပါဗျာ ၊ ဆက်ပြော ရင် ကုန် မယ် မထင်တော့ ပါ ခင် ဗျာ၊

ဒီ လို လူစား မျိုး တွေ အပြင် ၊ တရား ဝင် သမာ အာဇီ ဝ နဲ့ ဒီ လို ဝင်ငွေ ရ နေ နိုင် တဲ့ လူတွေ လဲ အများကြီး ပါ ၊ သမတ လစာ သိန်း ငါး ဆယ် ဆို တာ တနေ့ ဝင် ငွေ ၂ သိန်း မပြည့် ပါဘူး ၊ ၄၈ ဘတ်ကား လိုင်း ထောင် တဲ့လူ တွေ တနေ့ ကို ၂ သိန်း ဝင်ငွေရှိ ပါတယ်။
ရန်ကုန် မန်း တလေး အဝေးပြေးကား တွေ က တနေ့ ကို ၆ သိန်း မရရင် မကိုက် ပါဘူး။ ကန်တော်ကြီး နား က ပါဝါလိုက် လို စားသောက် ဆိုင် မျိုး ဆို ရင် ရောင်းကောင်း ရင် တနေ့ သိန်း ၁ဝဝ ကျော် ပါတယ် ၊ အောင်သုခ ထမင်းဆိုင် မျိုး က တနေ့ သိန်း၃ဝ ဘိုး ရောင်းရပါတယ် ၊ ကားပွဲစားတန်း နား က လဘက်ရေဆိုင် တွေ တနေ့ ၄ သိန်း အထက် မှာ ရှိ ပါ တယ် ။ တလ လစာ ဒေါ်လာ ၅ဝဝဝ ကျော် ရ တဲ့ အဝေး က ကျူးပစ်တွေ ၊ အခု ကျွန်တော် ပြော နေ တာ ကို ပြုံး ပြီး ဖတ် နေ ကြ မှာ ပါ။

ဒါ ပေ မဲ့ အစိုးရ က လစာ တွေ တအားတိုး ပေး တော့ မယ် ဖြစ် လာ တဲ့ ကော လ ဟ လက သာမန် ပြည်သူတွေ ကို အတော် သောက ပွားစေ ပါ တယ် ၊ ငွေ ကြေး ဖောင်းပွ မှု ဖြစ် ပြီး ၊ ရှိ မဲ့ စု မဲ့ ဖွတ် ကလိ ဒင်္ဂါး က လုံး ပါး ၊ ပါး တော့ မဲ့ အရေး တွေး ကြောက် ကြ ရင်း အခု လို ဖြစ် ကုန် တာပါ ၊

ပုံမှန် ဒေါ်လာ ထိုင်ရောင်း နေ တဲ့ လူ တို့ ၊ ရွှေဆိုင် တွေ က တော့ ၊ ဈေး တက် တက် ကျ ကျ ၊ အရေး မကြီး ပါ ၊ သူ တို့ က ပုံ မှန် ၊ ဒါ ကို ဘဲ နေ့ စဉ် ရောင်း ဝယ် နေ ကြ တာပါ ၊ ဈေး တက် သည် ဖြစ် စေ ၊ ကျ သည် ဖြစ် စေ ၊ အခု ရောင်း လို့ ရ သမျှ ဒါ တွေ ကို ဘဲ အကုန် ပြန် ဝယ် ပြီး ၊ ဝယ် လို့ ရ သမျှ အကုန် ပြန် ရောင်း ပြီး ရောင်း ဈေး ဝယ် ဈေး ၊ အကွာ အဟ နဲ့ ဘဲ စီးပွား ပုံ မှန် ဖြစ် နေ ပါ တယ်။

အခု ယောက် ယက် ခတ် နေ ကြ တာ က ၊ မရှိ မဲ့ စု မဲ့  ၊ လူ လတ် တန်းစား တွေ ပါ ပိုက် ဆံ လေး သိန်း ၃ဝ လောက် ကို အစိမ်း ဘဲ ကိုင် ရ မလား ၊ ရွှေ လေး ဘဲဝယ်ထား ရ မလား ဗျာ များ နေ ကြ ရ တာ ပါ။ ဒါတွေ က အမှန်မှာ တိုင်း ပြည် အတွက် အတော် နစ် နာ ပါ တယ် ၊ လူ တွေ ရဲ့ အရင်းအနှီး တွေ က ၊ လောလော ဆယ် ငွေ သေ ဖြစ် သွားပြီး အရွက် စိမ်း တို့ ရွှေ တုံး တို့ ဘဝ မှာ၊ ငွေ သေ ဖြစ် ကုန် ပါတယ်။

နောက်တခုက တိုင်းပြည်တွင်း က ရှိတဲ့သူ တွေအကုန် အတူတူပါ ဘဲ လူ ဆိုတာက လောဘနဲ့အတ္တသမား တွေ ကိုး ဗျ ၊ ရောင်းဈေး တခု ရ ပြီးရင် ပြန်လျော့မပေးချင်ကြဘူး ၊ သူ သူ ကိုယ် ကိုယ် ရ သမျှ တိုး ပြီး လိုချင် သူတွေပါ။ တဒေါ်လာ ၁၂ဝဝ လောက် က နေ ၈ဝဝ ကျော် အထိ ဈေးဆင်း လာ ပေ မဲ့ ၊ ပဲ ပြုတ် သည် မုန့် ဟင်းခါးသည်တို့ကစ လဘက်ရေဆိုင် တွေ ထမင်း ဆိုင် တွေ ဘယ်သူ မှဈေးလျော့မရောင်း ကြဘူး ဗျ။ တက်ပြီးဈေး က တော့ ပြန် မဆင်းပါ ။ ခု လို ရှစ်ရာ ကျော် က နေ ကိုးရာကျော် အထိ ဒေါ်လာဈေး ပြန်တက် ရော အကုန်လုံး က ဒေါ်လာဈေး တွေ တက်ကုန် တယ် ဆိုပြီး ရောင်းဈေးတွေ တင် ကြ ပြန်ရော ဗျ။

အခု လို ဟို အကြောင်း ဒီ အကြောင်း နဲ့ ငွေဈေး တွေ ကမောက် က မ ၊ ဖြစ် လာ ရင် တနွယ် ငင် ၊ တစင် ပါ ဆို သလို ၊ ပြသနာ က အကုန်လုံး ကို လှည့်ပါတ် တက်စေပြီး ကျန်တဲ့ လူ နေမှု စနစ်တွေ ကို သံသရာ မဆုံး ၊ ဆိုးကျိုး သက်ရောက်စေပါတယ်။

ဒါတွေ က အခု လုပ် နေ တဲ့ ၊ လွှတ်တော် မှာ အများကြီး တာဝန် ရှိ ပါ တယ် ၊ အစိုးရ က ဘာ ဘဲ လုပ်လုပ် ၊ ထင်သာ မြင်သာ ရှိ ဘို့ လို ပါတယ်။ ကျိုးကြောင်း ဆီလျော် ဘို့ ၊ လူတွေ ကို လေးစား ဘို့ လို ပါတယ်။

လစာ တိုးပေး မယ် ဆို လဲ ၊ ရ ငွေ သုံးငွေ ဘတ် ဂျက် ဇယား နဲ့ ၊ အစိုး ရမှာ ဘာဝင်ငွေ တွေ ရှိ မယ် ၊ ဘာအ တွက် ဘယ်လောက် သုံး မယ် ၊ ဒါကြောင့် ဝန်ထမ်းတွေကို ဒီလို လစာပေးနိုင်မယ် ဆို တာ ၊ အကျိုးအ ကြောင်း ခိုင် ခိုင် လုံလုံ ဥပဒေနည်းလမ်း တကျ လုပ်ဆောင် မယ် ဆိုရင် ၊ ဒီ လို ကမောက် ကမ ပြသနာဖြစ်စရာ အကြောင်း မရှိ ပါ ခင် ဗျာ ၊ အရင် လို ဘဲ ၊ ဘဏ္ဍာတော် တိုက် က လို သလောက် ထုတ် ယူ စေဗျား ၊ ပ လို့ ဂျိ ၊ ဆို ပြီး ၊ ထင် ရာ ဆက် လုပ် ဦး မယ် ဆို ရင် တော့ တိုင်းပြည် ရဲ့ နောင် ရေး က ၊ ရင် လေး စရာပါ ခင်ဗျာ ။

အဲ အဲ ၊ နောက် တကြောင်း က နန်းတော် ကြီး ထဲ က ဖိုက် တင် ခန်း တွေ က လဲ တကြောင်းအပါ အဝင်ပေါ့ ဗျာ ၊ ဟို ဗိုလ်ချုပ် က ခံ ပြော လို့ ၊ ဖြုတ် ပစ် လိုက် ပြီး ၊ ဒီ ဗိုလ် ချုပ် က လွှတ်တော်အမတ် ကရော ၊ နိုင်ငံ ရေး ပါ တီ က ပါ ၊ ရှိ သမျှ အကုန် လုံး ထွက်စာ တင် သွား ပြီ ၊ အချင်းချင်း မကြေ မနပ် ဖြစ် ကုန် ကြ ပြီ ၊ နောက် ထပ် များ ပြသနာ ထပ် ပေါ် ရင် ခက် ရ ချီ ရဲ့ ဆိုပြီး ၊ ဈေး တွေ တက် ကုန် တာ လဲ ပါ တာ ပေါ့ ဗျာ။ ဒီ နေ့ ဘဲ ကြည့် လေ ဟို မကြေနပ်လို့ အကုန် လုံး ကို ချဲ လင်း လုပ် ပြီး ၊ ရှိ သမျှ ရာထူး က နေ ထွက် စာ တင်
သွား တဲ့ ဒီ ဗိုလ်ချုပ် က ရာထူးကြီးကြီး နေရာ မှာ ပုံ စံ တမျိုး နဲ့ ပြန် ရောက် လာ တော့ မနေ့ က နေ့ လည် ၁ နာရီ အတွင်း ရွှေဈေး က တထိုင်ထဲ တသောင်း ကျော် ပြန် ကျ သွား ပြန် ရော ။ လော က ကြီး အေး ချမ်း အောင် ၊ သူ တို့ လဲ ပျော် နေဘို့ လို ပါ သေး သဗျာ။

တကယ် တော့ အများ မှန်းထား ကြ တာ ၊ ငွေမာဈေး နဲ့ ရွှေဈေး က တက် စရာ မရှိ ရ မဲ့အချိန် ပါ။ သိ တဲ့ အတိုင်း ပါ ဘဲ ၊ ရန် ကုန် ထဲ တင် မြေ ကွက် ၊ တိုက် ခန်း နဲ့ နိုင်ငံ ပိုင် အဆောက်အဦ တွေ ၂ဝဝ ကျော် လောက်လေလံ ပြစ်ဘို့ ရှိ ပါ တယ်။

ဒါ မျိုး က စစ်အစိုးရ အနေ နဲ့ ဘဲ ထင် ရာ လုပ် လို့ ရ တာပါ ၊ လွှတ်တော် အစိုးရ ဆိုရင် ဥပဒေတွေ လို လာမှာ ဆို တော့ ၊ စစ် အစိုးရ ရဲ့ နောက်ဆုံး လေလံ ဖြစ် ပါ လိမ့် မယ်။ ပစ် မဲ့ နေရာ တွေ က လဲ ၊ ရွှေတောင်ကြား ၊ ဝင်ဒါမီယာ ၊ အင်းယားကန် တဝိုက် ၊ ရန်ကုန်မြို့ ရဲ့ ထိပ်တန်း ရွှေနေရာ တွေ ဆို တော့ ၊ ရ ချင် လို့ အကြံ ကြီး ကြံ နေ သူ တွေ အများကြီး ပါ ၊ ဒါ မျိုး ၊ ဒီ နေ ရာ မျိုး ဒီ ဈေး မျိုး ဆို တာ က လဲ ၊ ဒီ တခါ နောက် ဆုံး ဆို တော့ လက်ကြီး သမား ၊ လူ လည် တွေ ၊ စိတ် ထဲ မှာ ၊ သည်း သည်း လှုပ် ပါ။

ဒါ ပေ မဲ့ သူ တို့ လဲ ၊ ငွေ ထပ် လိုက် ဘို့ ရာ ခြေ ကုန် လက် ပန်း ကျ နေ ပါ ဘီ။ ဒါ တွေ ကို ဆက် လိုက် ဘို့ ဆို ရင် ၊ အပြင် က ငွေမာ အကူ လို လာ ပါတယ်။ အပြင် က အကူ ငွေ မာ ၊ လက် ထဲ ရှိ တဲ့ ၊ မိန်းမ ဆီ က ရှိ သမျှ ရွှေ တွေ နဲ့ လိုက်ကြ ရ မှာပါ။ ပြီး ခဲ့ တဲ့ ရက် တွေ က ၊ ရွှေဈေး ငွေ မာဈေး က စိတ် ကြိုက် မရ သေး တော့ အား ငယ် နေ ကြ တာပေါ့ ဗျာ။ သူ တို့ အဖွဲ တွေ ငွေဖော် ချိန် ဖြစ် လာရင် ၊ ငွေမာဈေး နဲ့ ရွှေဈေး က ထပ် ဆင်း ရ မဲ့ အခြေအနေ ပါ။ ကားဈေး က လဲ အား မရှိ ချိန် ဆိုတော့ အကြံ ကုန် နေ ကြ ပေါ့ ဗျာ ၊ ဘယ်လို ဘဲ ဖြစ်ဖြစ် ၊ ဖေဖဝါရီလ ကုန် ဆိုရင် လက် ထဲ မြန်မာငွေ များများ ကိုင် ထား နိုင် မှ ၊ ဒီ မြေကွက် လေလံ တွေ ကို ဝင် ပြီး လှုပ် ရှား လို့ ရ နိုင် မှာ ပါ။

ခု များ တော့ ဒီ လူ တွေ ကို ဘိုးဘိုးအောင် များ ဝင် မ လိုက် သလား ကိုကြီးကျော် ဘဲ စောင့် ရှောက် လိုက် သလား ၊ မသိပါ ဗျာ ၊ ငွေမာဈေး နဲ့ ရွှေ ဈေး က ၄ ရက်လောက် အတွင်း ၊ သူ တို့ စိတ်ကြိုက် ချက်ချင်း လက် ငင်း ၊ဝုန်းက နဲ ထ ၊ ခုံ တက် သွား တော့ ၊ ငွေ ဖော် ချင် နေ တဲ့  ၊ လက်ကြီး သမား သူ တို့ တွေ က တပြုံး ပြုံး ပေါ့ ဗျာ

စီးပွားရေး ပုံစံ အမှန် က တော့ သင်္ကြန် အပြီး မှ ရေးတေးတေး တွေ့ မှာပါ။ အသက် ညဏ်စောင့် ၊ ဥစာ ကို ကံ က စောင့် ရှောက် ပါ သတဲ့ ဗျာ ၊ ဘာ သတင်း ကြား ကြား ၊ ဗြုန်း က နဲ ၊ နား ထင် သွေး တက် ပြီး သော က မ ပွားကြ ပါ နဲ့ ခင် ဗျာ ၊ ဖြစ် သမျှ က တော့ သူ့ အကြောင်း နဲ့ သူ ပါ။ အကြောင်း မရှိ ဘဲ နဲ့ အကျိုး ဖြစ် မလာ ပါ ခင် ဗျာ။

အေး ဗျာ ၊ အား နာ ပါ တယ် ၊ စာ ဖတ် သူ ကျူးပစ်ကြီး များ ၊ ခင် ဗျာ ။ ရေး ရ တဲ့ သတင်း တွေ က ၊ အခု လို ဖတ် ရ တာ ၊ တောင် ရောက် ၊ မြောက် ရောက် ၊ က မောက် က မ ၊ တွေ ဖြစ် နေ မှာ ပါ။ အခု လို ဖြစ် နေ တဲ့ အကြောင်း ရင်း တွေ ကို က ၊ က မောက် က မ ဆို တော့ အား နာ လိုက် တာ ဗျာ လို့  ဘဲ ၊ ဆို ပါ ရ စေ တော့ ဗျား ။

အေဇော်ကြီး
(မြန်မာကျူ့ ပစ်ရီပို့တာ)

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */