၁၉၄၈ မှ ၁၉၆၂ အတွင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တွင် သမ္မတ တဦးမျှ မရှိခဲ့ဟု ပြည်တွင်း မီဒီယာ ဖော်ပြ
၁၉၄၈ လွတ်လပ်ရေး ရပြီးချိန်မှ စ၍ ၁၉၆၂ ခုနှစ်အထိ မြန်မာပြည်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဟု ခေါ်ဆိုခဲ့ပါသည်။
အဆိုပါ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် သမ္မတကြီး တဦးတယောက်မျှ မရှိခဲ့ဟု မြန်မာ မီဒီယာတခုက ယနေ့ ထူးဆန်းစွာ ရေးသားလိုက်သည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတကြီးအဖြစ် စ၀်ရွှေသိုက်က (၁၉၄၈ မှ ၁၉၅၂) အထိ ။ ဒေါက်တာ ဘဦးနှင့် မန်းဝင်းမောင် တို့သည်လည်း (၁၉၅၂ မှ ၁၉၅၇ အထိ)နှင့် (၁၉၅၇ မှ ၁၉၆၂ အထိ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတများ တာဝန်ထမ်းဆောင်ခဲ့ဖူး ပါသည်။

0 comments:
Post a Comment