“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, February 04, 2011

ထောင်ဒဏ် ၁၂ နှစ်???

နိုင်ငံရေးတက်ကြွသူလူငယ် ထောင်ဒဏ် ၁၀ ပြစ်ဒဏ်ချမှတ်ခံရ
2011-02-02

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ လူငယ်တဦးကို အရှေ့ပိုင်းခရိုင် တာမွေတရားရုံးကနေ ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်မှာ အီလက်ထရွန်းနစ် ပုဒ်မ ၃၃ ခ နဲ့ အမြင့်ဆုံး အပြစ်ဒဏ်ဖြစ်တဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
တောင်ဒဂုံမြို့နယ် ၅၇ ရပ်ကွက်မှာ နေထိုင်တဲ့ အဖ ဦးအေးသောင်း အမိ ဒေါ်သန်းသန်းဝင်းတို့ရဲ့သား အသက် ၂၂ နှစ်အရွယ် မောင်ကောင်းမြတ်လှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီး ထိန်းသိမ်းတာ ခံခဲ့ရပါတယ်.

မနေ့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူ ဦးအေးသောင်းက RFA ကို ခုလို ပြောပြပါတယ်။

“ဒီ စာရွက်စာတမ်းတွေကိုပေါ့ အမှုတင်သွင်းတဲ့သူတွေက တင်ပြတာတွေက မှန်ကန်တယ်ဆိုတဲ့ အကြောင်းကိုပေါ့နော်။ ဒီ နိုင်ငံခြားက လူတွေနဲ့ ဆက်သွယ်ပြီးတော့ ဓာတ်ပုံတွေ ဘာတွေ ပေးပို့တယ်ပေါ့။ ဒီကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေး စာရွက်တွေကို ဓာတ်ပုံရိုက်ပြီး ပို့တယ်ပေါ့နော်။ အဲဒီဟာကို အီလက်ထရွန်းနစ် ပုဒ်မနဲ့ ချလိုက်တာပဲ။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်တဲ့ ချလိုက်တယ်လေ။ အရင် ဟိုဟာ ရှိသေးတယ်လေ ၅၀၅ ခ က ၂ နှစ်လေ။ အကုန်လုံး ၁၂ နှစ်ပေါ့။ ဒီလောက်အများကြီးကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်လေ။ လူငယ်လည်း လူငယ်၊ အခုမှ အသက်က ၂၂ နှစ်ပဲ ရှိသေးတာကိုး။”

ကောင်းမြတ်လှိုင်ကို ပုဒ်မ ၅၀၅ ခ နဲ့ ပုဒ်မ ၃၃ ခ ဆိုပြီး ပုဒ်မနှစ်ခုနဲ့ အမှုနှစ်ခုခွဲ တရားစွဲဆိုခဲ့တာ ဖြစ်သလို ပုဒ်မ ၅၀၅ ခ ကိုတော့ တောင်ဒဂုံမြို့နယ် တရားရုံးမှာ စစ်ဆေးကာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ၂ နှစ် ချမှတ်ခဲ့ပြီး ပုဒ်မ ၃၃ ခ ကိုတော့ ဒီကနေ့ အရှေ့ပိုင်းခရိုင် တရားရုံးဖြစ်တဲ့ တာမွေတရားရုံးမှာ စစ်ဆေးကာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာ ဖြစ်တယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

ဒီလို ပုဒ်မတွေ တပ်ပြီး တရားစွဲဆိုခံခဲ့ရတာကလည်း ကောင်းမြတ်လှိုင်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ဆိုင်းဘုတ်တွေနဲ့ စစ်ကားတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်လွှတ်ပေး ဆိုတဲ့ စာရွက်တွေ ကပ်ခဲ့မှုနဲ့ ဒီစာရွက်တွေကို မလေးရှား၊ ထိုင်း၊ စင်ကာပူ စတဲ့ နိုင်ငံတွေမှာ ရောက်ရှိနေကြသူတွေကို အင်တာနက်ကနေ တဆင့် ဖြန့်ဝေခဲ့တာကြောင့် ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ကောင်းမြတ်လှိုင်ကို အာဏာပိုင်တွေ လာရောက် ဖမ်းဆီးခဲ့ချိန်တုန်းကတော့ ပြီးခဲ့တဲ့နှစ် ဧပြီလက ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ X2O ရေကစားမဏ္ဍာပ် ဗုံးပေါက်ကွဲခဲ့မှုနဲ့ပတ်သက်ပြီး မေးမြန်းစရာရှိတယ်ဆိုကာ ခေါ်ဆောင်သွားခဲ့ရာက စစ်ကြောရေးစခန်းမှာ ၁၀ ရက်ကြာ စစ်ဆေးခဲ့ပြီးချိန်မှာ ဒီပုဒ်မတွေနဲ့ တရားစွဲဆိုခံခဲ့ရတာလို့ ဦးအေးသောင်းက ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး လိုက်ပါ ဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေ ဦးကျော်ဌေး ကတော့ မောင်ကောင်းမြတ်လှိုင်ကို တရားစွဲဆိုခဲ့သူတွေနဲ့ ထွက်ဆိုတဲ့သက်သေတွေ သက်သေခံစာရွက် အထောက်အထားတွေဟာ အတူတူဖြစ်နေပြီး အကြောင်းချင်းရာ တခုတည်းကို တရားရုံးနှစ်ရုံးမှာ အမှုနှစ်ခုခွဲပြီး တရားစွဲဆိုခဲ့မှုဟာ မဖြစ်သင့်ဘူးလို့ RFA ကို ပြောပါတယ်။

“ဒီကနေ့ မောင်ကောင်းမြတ်လှိုင်ရဲ့ အမှုစီရင်ခဲ့တဲ့ တရားရုံးကို မြန်မာနိုင်ငံလုံးဆိုင်ရာ သွေးအကူအညီပေးရေး အဖွဲ့ဝင်တွေနဲ့ အဲန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တချို့ သွားရောက်ခဲ့ကြပြီး မောင်ကောင်းမြတ်လှိုင်ကို အားပေးစကား ပြောခဲ့ကြတယ်လို့ သွေးအကူအညီပေးရေးအဖွဲ့က တာဝန်ခံ ကိုညီညီ က ပြောပါတယ်။”

“ကျနော်တို့ အခု ကောင်းမြတ်လှိုင်ကို လာရောက် အားပေးတဲ့ အတိုင်းအတာကတော့ ကောင်းမြတ်လှိုင်သည် သူ့ယုံကြည်ချက်နဲ့ သူ အလုပ်လုပ်တယ်။ သူ့လူမျိုးအတွက် သူအလုပ်လုပ်တယ်။ သူ့နိုင်ငံအတွက် သူအလုပ်လုပ်တယ်။ ကျနော်တို့က အဲ့လိုပဲ ယူဆတယ်လေ။ ကောင်းမြတ်လှိုင်ကို ကျနော်တို့ မေးကြည့်တဲ့အခါမှာလည်း သူကလည်း မိမိရဲ့ ယုံကြည်ချက်နဲ့ မိမိဆက်ပြီးတော့ သွားမှာပဲလို့ ပြောတဲ့အတွက် ကျနော်တို့က ကောင်းမြတ်လှိုင် အစား ဂုဏ်ယူတယ်။”

မောင်ကောင်းမြတ်လှိုင်ဟာ တောင်ဒဂုံမြို့နယ်မှာ ၁၀ တန်းကျောင်းသားအဖြစ် ပညာသင်နေရာကနေ ကျောင်းထွက်ခဲ့ပြီး မြန်မာပြည်တွင်းကနေတဆင့် နိုင်ငံခြားကို ဖုန်းခေါ်ဆိုလိုသူတွေကို ဆက်သွယ် ဆောင်ရွက်ပေးတဲ့ အလုပ်လုပ်ကိုင်နေစဉ်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းတာ ခံခဲ့ရတာ ဖြစ်ပါတယ်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */