မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါပိုးအား ကာကွယ် ဆေးထိုး၍ ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာ ကွယ်ခြင်းကို တားမြစ်ထားကြောင်း မြန်မာနိုင်ငံမွေးမြူရေး နှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ပြောကြားချက်အရ သိရှိရ ပါသည်။
အဆိုပါကြက်ငှက်တုပ်ကွေး ရောဂါကာကွယ်ဆေးကို ကြက်များ၏ ခန္ဓာကိုယ်အတွင်းသို့ ခြောက်လတစ်ကြိမ် ထိုးပေးရပြီး ထိုသို့ဆေးထိုး ပြီး နောက် ဆေးအရှိန်ကြောင့် ကြက်၏ ခန္ဓာကိုယ်အတွင်းမှ ပဋိပစ္စည်းများ ထွက်ရှိကြောင်း၊ ယင်းပဋိပစ္စည်းများကြောင့် ကြက်၏သွေးထဲ ၌ ရောဂါပိုး ရှိမရှိစစ်ဆေးရာတွင် မှန်ကန်သည့် အဖြေကို မရရှိစေနိုင်ကြောင်း သိရသည်။
"ကြက်ငှက်တုပ်ကွေးရောဂါ ပိုးကိုကာကွယ်တာက နိုင်ငံအလိုက် ကွာခြားပါတယ်။ တချို့နိုင်ငံတွေက ကာကွယ်ဆေး ထိုးပြီးကာကွယ်ကြ တယ်။ ဒီအခါကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုးအနေနဲ့ ကြက် ခန္ဓာကိုယ်ထဲကနေ ပဋိပစ္စည်းတွေ ထွက်တယ်။ံ၅ြ၁ ပိုးရှိမရှိစစ်ရင် ဒီပဋိပစ္စည်းတွေက ကြက်ရဲ့ခန္ဓာ ကိုယ်ထဲမှာ နဂိုကတည်းကရှိနေတာလား။ ဆေးထိုးလိုက်လို့ ထွက်လာတာလား စစ်ဆေးရခက်ပါတယ်။ ဒီတော့ပိုးရှိ မရှိအဖြေမှန်ကိုမရနိုင် ဘူး။ ကာကွယ်ဆေးထိုးပေမယ့် ရောဂါဖြစ်ပွားတဲ့နိုင်ငံတွေလည်းရှိနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါပိုး ကာကွယ်ဆေးထိုးတာရော၊ ရောင်း ချတာကိုရောတားမြစ်ထားပါတယ်" ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီးက ပြောကြားခဲ့သည်။
"ကာကွယ်ဆေးထိုးတာကို တားမြစ်ထားတဲ့အတွက်ရောဂါ မဖြစ်ပွားအောင် ဇီဝလုံခြုံမှုတိုးမြှင့်ဖို့ မွေးမြူရေးသမားတွေမှာ အဓိက တာဝန်ရှိပါတယ်။ ဌာနကမသိအောင် ကာကွယ်ဆေးထိုးတာ၊ နယ်စပ်ကနေ တစ်ဆင့် ကြက်၊ဘဲပေါက်တွေ အသွင်း၊ အထုတ်လုပ်တာတွေကို ရှောင်ရပါမယ်။ ဒီကနေတစ်ဆင့် ရောဂါပိုးတွေက ပါလာနိုင်တယ်။ ဆောင်းခိုငှက်တွေ ၀င်လာရင်လည်း စောင့်ကြည့်မယ်၊ မူမမှန်တဲ့ ငှက်တွေ တွေ့ရင်ဖမ်း ထားပြီးဌာနကိုအကြောင်းကြားမယ် ဆိုရင် ဒီငှက်မှာရောဂါပိုးရှိမရှိကို စစ်ဆေးပေးနိုင်မယ်။ ဌာနကလည်း မွေးမြူ ရေးခြံတွေ၊ ဖောက်စက်တွေ နဲ့ ကြက်ဘဲဈေးတွေမှာ ရောဂါပိုးရှိမရှိ ကို တစ်လတစ်ခါ ပုံမှန်သွားစစ်ဆေးပေးပါတယ်။ ရေရှည်မှာတော့ ကြက်ငှက်တုပ်ကွေး ရောဂါပိုးကို မြန်မာနိုင်ငံမှာ without vaccination (ကာကွယ်ဆေးမထိုးခြင်း)အနေနဲ့ပဲ ထိန်းချုပ်ပါတယ်"ဟု ဒေါက်တာ အောင်ကြီးက ဆက်လက်ပြောပြခဲ့သည်။
မြန်မာနိုင်ငံနည်းတူ အိမ်နီးချင်းနိုင်ငံအများစုတွင် ကြက်ငှက်တုပ် ကွေးရောဂါပိုးကို without vaccination ဖြင့်ထိန်းချုပ်ကြပြီး တရုတ်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ကာကွယ်ဆေးထိုး၍ ရောဂါ ပိုးထိန်းချုပ် ကြကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ကြက်မွေးမြူရေးခြံ အချို့၌ ဇန်န၀ါရီလဒုတိယပတ်မှ စတင်ကာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိသည့်နည်းတူ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံရှိ မွေးမြူရေးကြက်များတွင်လည်း ရောဂါဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ http://www.news-eleven.com/index.php?option=com_content&view=article&id=7060:2011-02-06-07-50-19&catid=42:2009-11-10-07-36-59&Itemid=112

0 comments:
Post a Comment