သဘာဝဓာတ်ငွေ့ သည် မြန်မာနိုင်ငံ၏ တင်ပို့မှု အများဆုံး ပို့ကုန်တစ်ခုဖြစ်လာပြီး ထိုင်းနိုင်ငံ စွမ်းအင်သုံးစွဲမှု ပမာဏ၏ ၃၀ ရာခိုင်နှုန်း ကျော်ကို မြန်မာနိုင်ငံမှရရှိနေခြင်း ဖြစ်ကြောင်းသိရ
သဘာဝဓာတ်ငွေ့သည် မြန်မာနိုင်ငံ၏ တင်ပို့မှုအများဆုံး ပို့ကုန်တစ်ခုဖြစ်လာပြီး သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ကျပ်သန်း ၁၅၀၀၀ ကျော် အထိ နိုင်ငံခြားငွေအများဆုံးရရှိလာ သည့် ပို့ကုန်ပစ္စည်းတစ်မျိုး ဖြစ်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
ထို့ပြင် ထိုင်းနိုင်ငံ စွမ်းအင်သုံး စွဲမှုပမာဏ၏ ၃၀ ရာခိုင်နှုန်းကျော် ကို မြန်မာနိုင်ငံမှရရှိနေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ နှစ်ပတ်လည် အစည်းအဝေးပွဲတွင် အဆိုပါအသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောကြားခဲ့သည်။
၂၀၁၀ ပြည့်နှစ်အတွင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၏ပြည်ပပို့ကုန် ကဏ္ဍတွင် သဘာဝဓာတ်ငွေ့ကို အများ ဆုံးတင်ပို့ထားပြီး ပြည်ပပို့ကုန်၏ ၄၀ ရာခိုင်နှုန်းအထိကို တင်ပို့နေခြင်းဖြစ်ကြောင်း၊ ၁၉၉၈ ခုနှစ် မှ ၂၀၁၀ ပြည့်နှစ်အတွင်း သဘာဝ ဓာတ်ငွေ့တင်ပို့မှုပမာဏမှာ ၂၈ ရာခိုင်နှုန်းအထိ တိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။
"မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်းနိုင်ငံတွေဖြစ် တဲ့ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေ မှာ စီးပွားရေး တိုးတက်လာသလို စွမ်းအင်လိုအပ်ချက် တွေကလည်း တစ်နေ့တခြား တိုးလာပါတယ်”
မြန်မာနိုင်ငံ၏ ရေမြေအနေအထားနှင့် အိမ်နီးချင်းနိုင်ငံအချို့၏ စွမ်းအင်လိုအပ်ချက်များ ဖြစ်ပေါ်လာမှုကြောင့် မြန်မာနိုင်ငံသည် ဓာတ်ငွေ့တင်ပို့မှုတွင် ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ သဘာဝဓာတ်ငွေ့ အပါအ၀င် ပို့ကုန်များကို ပြည်ပသို့ တင်ပို့ရာတွင် အာရှနိုင်ငံများသို့ အများဆုံးတင်ပို့နေခြင်း ဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံ စွမ်းအင်သုံးစွဲမှုပမာဏ၏ ၃၀ ရာခိုင် နှုန်းကျော်ကို မြန်မာနိုင်ငံမှရရှိနေ ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၏ ဒုတိယဥက္ကဌ ဦးစိုးမြင့်က "မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်းနိုင်ငံတွေဖြစ် တဲ့ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံ တွေ မှာ စီးပွားရေး တိုးတက်လာသလို စွမ်းအင်လိုအပ်ချက်တွေကလည်း တစ်နေ့တခြား တိုးလာပါတယ်။ တရုတ်ပြည်ဆိုရင် အမေရိကန် ပြီးရင် ဒုတိယစွမ်းအင်သုံးစွဲမှု အများဆုံး နိုင်ငံဖြစ်လာပါတယ်။ ထိုင်းနိုင်ငံဆိုရင် သူတို့နိုင်ငံ စွမ်းအင်သုံးစွဲမှုရဲ့ ၃၀ ရာခိုင်နှုန်းကိုမြန်မာနိုင် ငံ ကနေ ၀ယ်ယူနေတာဖြစ်ပါတယ်" ဟုပြော ကြားခဲ့သည်။
ထိုသို့ နိုင်ငံကြီးများ စွမ်းအင်လိုအပ်ချက် မြင့်တက်လာမှုနှင့်အတူ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်လည်း စွမ်းအင်လုံခြုံမှုကို အလေးထား ဆောင် ရွက်ရန် လိုအပ်လာကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
"စွမ်းအင်လုံခြုံမှုကို ထိခိုက် စေတဲ့အချက်တွေက နိုင်ငံကြီးတွေရဲ့ စွမ်းအင် ကမောက်ကမဖြစ်မှုတွေနဲ့ အတူဖြစ်ပေါ်လာတာဖြစ်ပါတယ်။ နိုင်ငံကြီးတွေအများစုက စွမ်းအင်လိုအပ်ချက်တွေကို အိမ်နီးချင်းနိုင်ငံ တွေကနေ ရယူကြတာဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ စွမ်းအင်လုံခြုံမှုရှိအောင် စွမ်းအင်က Supply က domestic market မှာရှိရင် အကောင်းဆုံး ဖြစ်ပါတယ်။ နိုင်ငံ တော်တော်များများ စွမ်းအင်လုံခြုံ ပြည့်စုံဖို့အတွက် စွမ်းအင် security ကို နိုင်ငံရဲ့မူဝါဒအဖြစ် ချမှတ်ကျင့်သုံးလာတာကို တွေ့ရပါတယ်"ဟု မြန်မာနိုင်ငံဘူမိ သိပ္ပံအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမြင့်က ဆက်လက်ပြောကြားခဲ့သည်။

0 comments:
Post a Comment