ရွေးကောက်ပွဲ အရေးပေါ်ကာလ နအဖစစ်တပ်၏ သျှမ်းပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ
Thursday, 11 November 2010 20:17 သျှမ်းသံတော်ဆင့်
စစ်အစိုးရသတ်မှတ်သော ရွေးကောက်ပွဲအရေးပေါ်ကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အင်္ဂါမစုံသူအမျိုးသမီးအား မုဒိန်းကျင့်ခြင်း ၊ ဒေသခံများအပေါ်အခြား လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်နေခြင်း စသည်များ နအဖစစ်တပ်က ကြမ်းရမ်းနေသည်ဟု စုံစမ်းသိရှိရသည်။
ယခုလ ၆ ရက် မိုင်းနောင်အခြေစိုက် ခမရ ၂၈၆ မှ ဗိုလ်မှူးဝင်းဇေလတ်ဦးဆောင်သည့် အင်အား ၂၀ ခန့်ပါ တပ်ဖွဲ့တဖွဲ့ မိုင်းနောင်မှ မိုင်းရှူး သို့အထွက်လမ်းအိမ်ခြေ ၅၀ ကျော်ရှိ ၀မ့်ဝိန်းကောင်ရွာ သို့သွား၍ ကိုယ်အင်္ဂါမစုံသူ အမျိုးသမီး တဦးအိမ် အတွင်း ရှာဖွေမွှေနှောက် ပြီးနောက်ပိုင်း ထိုအမျိုးသမီးကိုထပ်မံသွားရောက် မုဒိန်းကျင့်ကြောင်းထိုအမျိုးသမီး ကိုယ်တိုင် လဲချားရှိသူမ၏ဆွေမျိုးတဦးအား ပြန်လည် ပြောပြ၏။
အမျိုးသမီး၏ပြောပြချက်အရ လဲချားမှထိုင်းနယ်စပ်သို့ရောက်လာသူ၎င်း၏ဆွေမျိုးတဦးက သျှမ်းသံတော်ဆင့်သို့ ပြန်လည် ပြောပြရာတွင် - “ ၆ ရက် နေ့ခင်းပိုင်းအဲဒီတပ်က ဗမာစစ်သားတွေ ဒုက္ခိတ နန်းလီ ၃၂ နှစ်(အပျိုကြီး/ အမည်ရင်းမဟုတ်) တို့အိမ် ၀င်မွှေနှောက်ပြီးပြန်သွားတယ်။ ညနေ ၃ နာရီလောက်ရောက်တော့ အဲဒီဗိုလ်မှူး ၀င်းဇေလတ်ရဲ့တပည့်တယောက်က အရပ်ဝတ်နဲ့ နန်းလီရဲ့အိမ်ကိုပြန်သွားတယ်။ ထပ်သွား မွှေနှောက်ဟိန်းဟောက်ဆဲ ဆိုပြီး အဲ့ဒီစစ်သားက နန်းလီကိုရိုက်ပုပ်ဖမ်းချုပ် ဆံပင်ကို တိုင်မှာချည်ထား၊ ပါးစပ်ကို ပုဝါနဲ့ပတ်ပိတ်ပြီး မုဒိန်းကျင့်တာတဲ့။ ကျင့်ပြီးတော့လဲ နန်းလီရဲ့ ရုပ်ပျက်ဆင်း ပျက်ပုံကို ဓါတ်ပုံရိုက်ယူသေးတယ်ဆိုဘဲ” - ဟု ဆို၏။
ထိုသို့ မုဒိန်းကျင့်ပြီးနောက် ညနေ ၅ နာရီတွင်လည်း အဆိုပါ ၀င်းဇေလတ်တပ်ဖွဲ့ နန်းလီတို့အိမ်သို့ တဖန်ပြန်သွား ရှာဖွေမွှေနှောက်ယူငင်ကြ့သေးသည်ဟုဆို၏။ ၇ ရက် နံနက်ပိုင်းနန်းလီတယောက် ၀ိန်းကောင်ရွာမှ တိမ်းရှောင်သွားခဲ့ ကြောင်းလည်း ပြောပြသည်။
ယခုလ ၄ ရက်မှ ၁၀ ရက်အထိ သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်အခြေစိုက် ခမရ ၃၂၅ ၏ ၀မ့်ဇန့် တပ်စခန်းရှိ ဗျူဟာမှူး ဗိုလ်မှူးကြီးကြည်မြင့် နှင့်အဖွဲ့ ဒေသခံများအာနေ့စဉ်း သောက်သုံးရေခပ်ပေးခိုင်းသည်ဟုဆို၏။ ထို့အပြင် စိန်ကျော့ ပြည် သူ့စစ်မှ တပ်ကြပ်စိုင်းဆိုင်ဦးဆောင်သည့် ရှေ့ပြေးတပ်ဖွဲ့နှင့်နအဖတပ်စိပ်တစိပ်တို့ ၀မ့်ဟူးမီ၊ နမ့်မော်ဆုမ့်၊ ၀မ့်ကျောင်း မိုင်ရွာ ဒေသခံတို့၏ ကြက်များကို တပိသာ ၁၅၀၀ ကျပ်နှင့်ဈေးနှိမ်ဝယ်ယူသည်ဟု သိရ၏။ ပြင်ပရောင်း ဈေးမှာတပိသာ ကျပ် ၅၀၀၀ ဖြစ်သည်။
မိုင်းနောင်မြို့နယ်ခွဲ မိုင်းနန်းအုပ်စု အခြေစိုက် ခလရ ၂၈၆ မှ ဗိုလ်ရဲမင်းကျော် လည်း ကျေးသီးမြို့နယ် ဟိုပုံအုပ်စုမှ မိုင်းဟဲန် ရွာ၊ မဝေါင်းရွာ၊ ဟွေ့ပုတ်ရွာတို့အား သျှမ်းတပ်တို့၏ လှုပ်ရှားမှု တနေ့တကြိမ် သတင်းပို့ခိုင်းတာ ၁ ရက်ပျက်ကွက်သည်ဟု ဆိုကာရွာတိုင်းကြက် ၃ ပိသာစီဆင့်ဆိုခဲ့သည်ဟုဆို၏။
“ ပြီးခဲ့တဲ့လ ၂၃ ရက်ကသတင်းပို့ပျက်ကွက်တာကို ဒဏ်ရိုက်တာတဲ့ ။ တရက်ကို ကြက် ၃ ပိသာ ရွာစလုံးပို့ခိုင်းတယ်။ မိန်းနန်းရွာက အိမ်ခြေ ၃၀၀ ကျော်တယ်။ ရွာဘုန်းကြီးကျောင်းနားမှာ သူတို့ ဂိတ်ထားတယ်။ အ၀င်အထွက် ဆိုင်ကယ်တွေ စစ်ဆေးတယ်။ နေ၀င်မီးငြိမ်း အမိန့်တောင်ထုတ်ထားတယ်၊ ညအချိန်ဖြတ်တာတေါကရင်ပစ်မယ်တဲ့” ဟု နယ်စပ်ရောက် မိုင်းနောင်ဒေသခံတဦးကပြောပြသည်။
အောက်တိုဘာလကုန်ကလည်း မိုင်းနောင်အခြေချ လွယ်လင် စကခ ၂ မှ တပ်ဖွဲ့တဖွဲ့ က ယာထွန်ပြီး တဲ၌နားနေသော နားလင်လိုင်ရွာနေ လုံးလား၏သား စိုင်းကာလိန် (၂၀နှစ်) အား တွေ့ဆုံရာ ဆွဲခေါ် ဆဲဆိုကြိမ်းမောင်းပြီးဓါးဖြင့် ခုတ်ရာ မိုင်းနောင်ဆေးရုံ၌ ဆေးကုသနေရကြောင်း မိုင်းနောင်မှ ကျန်းမာရေးဝန်ထမ်းတဦးကပြော၏။
“ ဒီတပ်ဖွဲ့က စကခ ၃ လွယ်လင်ကဘဲ။ တပ်ဖွဲ့နာမည်တော့မသိဘူး။ စိုင်းကာလိန်ယာတဲကလဲ မိုင်းနောင်ခလရ ၉ နားမှာဘဲလေ။ စိုင်းကာလိန်ကိုတွေ့ရော အသားလွတ်ဝင်ဆဲပြီး စိုင်းကာလိန်ရဲ့ခါးပလိုင်းထဲက ဓါးမဆွဲပြီးခုတ်ထဲ့လိုက်တာ ခေါင်းမှာ ၄ချက် လက်ဖျံကျောမှာ ၅ ချက်ချုပ်ရတယ်။ ဓါးပြားနဲ့ရိုက်ဓါးရိုးနဲ့နှက်ထားတဲ့ဒဏ်ရာတွေလဲ မနဲဘူး” ဟု ပြောပြသည်။Rest of your post
Saturday, November 13, 2010
အင်္ဂါမစုံသူအမျိုးသမီးတွေကို မတရားကျင့်တာ အောက်တန်းကျတဲ့  စစ်တပ်ရဲ့  သိက္ခာကို ဖေါ်ပြတာပါ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment