ဂျိုင်ဝမ်မိုင် | သောကြာနေ့၊ နိုဝင်ဘာလ ၁၂ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၁၉ မိနစ်
ရှမ်းပြည်မြောက်ပိုင်း ကီစည်မြို့နယ် ဝမ်ဟိုင်းဒေသအနီးတွင် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N နှင့် စစ်အစိုးရ စစ်တပ်အကြား ယမန်နေ့ ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားသည်။
တိုက်ပွဲသည် နယ်လှည့်ကင်းစစ်ကြောင်းအဖြစ် တာဝန်ကျနေသော SSA-N တပ်ရင်း၂၄ စစ်ကြောင်းကို ခမရ ၃၃ တပ်ရင်း စစ်ကြောင်းတကြောင်းက ကြားဖြတ်ဝင်တိုက်ရာမှ ညနေ ၅ နာရီ ၁၅ မှ ၆ နာရီအထိ ၄၅ မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့ခြင်း ဖြစ်သည်။ ယခုအစီရင်ခံချိန်အထိ နှစ်ဖက် ထိခိုက်ကျဆုံးမှုကို မသိရသေးပါ။
ရှမ်းသတင်းစဉ်မှ အစီရင်ခံရာတွင် တိုက်ပွဲသည် ဝမ်ဟိုင်းနှင့် SSA-N အခြေစိုက်စခန်းကြား ဝမ်ဆော်ရွာ၏ အနောက်ဘက် ၃ မိုင်အကွာရှိ ကွတ်ကိုင်-ဝမ်လွယ်တွင် ဖြစ်ပွားခဲ့သည်။
“ ကျနော်တို့ပိုင်နက် နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတာပါ။ တိုက်ပွဲကတော့ တောထဲမှာ ဖြစ်တာပါ။ အဝေးပြေးလမ်းမမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့တပ်ဖွဲ့ဝင်တွေကို အဝေးပြေးလမ်းမမှာ ကင်းချထားပြီးသားပါ ” ဟု သတင်းရင်းမြစ်က ဆိုသည်။
ဤအတောအတွင်း ရှမ်းပြည်တောင်ပိုင်း ကွန်ဟိုင်း၊ မုံးညောင်းမြို့များနှင့် ရှမ်းပြည်မြောက်ပိုင်း နမ့်လန်နှင့် စီးဖောမြို့များမှ အစိုးရ စစ်သားများသည် ကီစည်မြို့နယ် (SSA-N တပ်ရင်း ၁) ဝမ်ဟိုင်းဒေသသို့ အင်အားဖြည့်ရန် စေလွှတ်လိုက်သည်။
သတင်းရင်းမြစ်အဆိုအရ ဤဒေသအတွင်း အင်အား ၁၅ဝဝ-၂ဝဝဝ ခန့်ရှိ စစ်သားများ ရောက်နေပြီဟု သိရသည်။ တာဝန်ကျ နအဖ စစ်သားများသည် ယခင်က ပြုလုပ်ခဲ့သည့်အတိုင်း အဝေးပြေးလမ်းမအပေါ်မှ ခရီးသွားလာခြင်း မရှိတော့ပေ။ ၎င်းတို့သည် တောထဲမှနေ၍ ၎င်းတို့ကိုယ်ပိုင်လမ်းကို ဖန်တီးကာ သွားလာနေကြပြီး၊ တဖက်ရန်သူကို အသာစီးရနိုင်မည့် တောင်ပေါ်များတွင်သာ စခန်းချနေကြသည်။
သူက ဆက်ပြောသည်မှာ ခမရ ၃၃ သည် SSA-N ၏ ပထမ စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်သွားခဲ့ပြီး၊ SSA-N ၏ အခြေစိုက်စခန်းသို့ ရောက်ရှိရန် ဒုတိယ စစ်ဆေးရေး ဂိတ်အနီး ရောက်လုနီးပါးဟု ဆိုသည်။ သို့ရာတွင် ကင်းလှည့်နေသော SSA-N မှ တိုက်ခိုက်မှုအတွက် ခရီးအဆုံးသတ်ခဲ့ရသည်။
အပစ်အခတ် မရပ်သေးသော ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA (S) မှ ပြောရေးဆိုခွင့်ရှိသူ စဝ်လောဆန်က “ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်ရင်း ၁ ဆီကို တပ်ချီသွားတဲ့ ရည်ရွယ်ချက်ကတော့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ အပြင်ကလူတွေကို ဆက်သွယ်ရေး အဆက်အသွယ် ဖြတ်ဖို့ပါ။ အတိအကျ ပြောမယ်ဆိုရင် ဝ’ ပြည် သွေးစည်းညီညွှတ်ရေး တပ်ဖွဲ့နဲ့ပါ။ ဒါက အကယ်၍ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ မြန်မာစစ်တပ်တွေ တိုက်ပွဲဖြစ်လာမယ်ဆိုရင် အပြင်ဘက်က အကူအညီတွေ ဟန့်တားထားဖို့နဲ့ ကာကွယ်ထားဖို့အတွက်ပေါ့” ဟု ဆိုသည်။
စစ်အစိုးရ တောင်းဆိုသော နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးနှင့် ပတ်သက်၍ အပစ်အခတ်ရပ် အုပ်စုများမှ ပယ်ချလိုက်ပြီး နောက်ပိုင်းမှစ၍ စစ်တပ်နှင့် အပစ်ခတ်ရပ်အဖွဲ့များအကြား ပေါက်ကွဲလုနီးပါး သဘောထား တင်းမာလာခဲ့သည်။
SSA-N နှင့် စစ်အစိုးရတပ်များတိုက်ပွဲသည် စက်တင်ဘာလကတည်းက သိသာစွာ ထင်ရှားလာခဲ့သည်။
အခြားတဖက်တွင်လည်း SSA-N သည် နိုဝင်ဘာလ ပထမပတ်အတွင်းက ထိုင်းနိုင်ငံတွင် အခြားသော လူမျိုးစု လက်နက်ကိုင် ၅ ဖွဲ့နှင့် စစ်ရေးမဟာမိတ်အဖွဲ့ ထူထောင်ခဲ့သည်။ ထိုအဖွဲ့တွင် အပစ်အခတ်ရပ် ကချင် လွတ်မြောက်ရေးအဖွဲ့၊ မွန်ပြည်သစ်ပါတီနှင့် ရှမ်းပြည်လွတ်မြောက်ရေး တပ်မတော် မြောက်ပိုင်း ပါဝင်ပြီး၊ အပစ်မရပ်သော ကရင်အမျိုးသား အစည်းအရုံး၊ ကရင်နီတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားတပ်ဦး ပါဝင်သည်။Rest of your post
Saturday, November 13, 2010
SSA-N ကို စစ်အစိုးရတပ် လက်နက်ကြီးဖြင့် ပစ်ခတ်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment