2011-07-09 RFAVia Burmatwe
UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ အဖွဲ့ဟာ ဇူလိုင်လ ၇ ရက်နေ့ က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ EU ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ကချင်၊ ရှမ်း၊ ကရင် စတဲ့ တိုင်းရင်းသားဒေသ တွေမှာ အစိုးရတပ်တွေက ထိုးစစ်ဆင်နေတဲ့ စစ်ပွဲတွေ ရပ်တန့်သွားအောင် ကူညီ ဖြေရှင်းပေးရေး အပါအဝင် မြန်မာအစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်အောင် EU အဖွဲ့က လက်ရှိထက် ဖိအားပေး ဆောင်ရွက်ပေးရေးကိုလည်း UNFC ဘက်က တိုက်တွန်းခဲ့ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းနိုင်ရေးကိစ္စမှာ EU အဖွဲ့ဝင် နိုင်ငံတွေ ပိုပြီး ထောက်ခံလာအောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
EU ကိုယ်စားလှယ် အဖွဲ့ဝင် ၈ ဦးနဲ့ UNFC ကိုယ်စားလှယ် အဖွဲ့ဝင် ၅ ဦးတို့ရဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး UNFC အဖွဲ့ကို ဦးဆောင်ဆွေးနွေးခဲ့တဲ့ KNU ဒု-ဥက္ကဋ္ဌ စောဒေးဗစ်တာကပေါ ကို RFA က ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
Rest of your post
Sunday, July 10, 2011
စစ်ပွဲတွေရပ်စဲရေး UNFC ခေါင်းဆောင်များ EU ကိုယ်စားလှယ်နဲ့ တွေ့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment