“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, July 20, 2011

SSPP/SSA ဌာနချုပ်အား ၁၂၀ မမ လက်နက်ကြီး အနည်းဆုံး ၇ လက်ဖြင့် တိုက်ခိုက်ရန်ပြင်ဆင်

Tuesday, 19 July 2011 16:10 သျှမ်းသံတော်ဆင့် (ပေးပို့ သူ ဗမာ့သွေး)
ယခုရက်ပိုင်းအတွင်း သျှမ်းပြည်တပ်မတော်နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲ ကြီးကြီးမားမား မဖြစ် ပွါးသေးသော်လည်း ဝမ့် ဟိုင်းဌာနချုပ်အား လက်နက် ကြီး ၁၂၀ မမ မော်ထာ အနည်းဆုံး ၇ လက် ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သည့်သတင်းရပ်ကွက် ဆိုသည်။


“ မိုင်းရှူး- မိုင်းနောင်ဖက်ကနေသယ်သွားမယ်။ လက်နက်ကြီးတွေ ကျည်တွေ အသင့်ပြင်ဆင်ထားတယ် လို့ကြားရတယ်။ ဒီတရက် ၂ ရက်အတွင်းတော့ သူတို့လေယဉ် လာမဝဲတော့ဘူး။ ကောင်းကင်က မကြည်လင် ဘူးလေ။ အရှေ့ အလယ်ပိုင်း တိုင်းသစ် ဖက်က လာတဲ့သတင်းအရတော့ ဝမ့်ဟိုင်းကိုဝင်ရင် ၁၂၀ မမ မော်ထာ ၇ လက် အနည်းဆုံးအသုံးပြုမယ်” ဟု နီးစပ်သည့်သူတဦးက ပြောပါသည်။



ဝမ့်ဟိုင်းနှင့် ၃ မိုင်ခန့်အကွာရှိ ပန်ဝိုး၊ နမ့်ပါခီးဖက်တွင်လည်း ရှိရင်းစွဲ မြန်မာစစ်တပ်က လူသူလက်နက်အင်အား အသင့် ပြင် ဆင်ထားကြောင်း သျှမ်းပြည်တပ်မတော် အရာရှိတဦစက ဤကဲ့သို့ပြောပါသည်။


“စိန်ကျော့ဖက်က နမ့်ဟူးဖှလန်၊ မိုင်းရယ်တောင်ဖက် ဝမ့်ပုံဖက်၊ ကျေးသီးမြို့နယ် လွယ်ယွဲဖက်၊ နမ့်ပုတ်ဖက် ပျောက်ကျား တိုက်ပွဲ ၅-၆ နေရာဆင်နွဲတယ်။ ဌာနချုပ် ဝမ့်ဟိုင်း တဝိုက်မှာတော့ မြန်မာစစ်တပ် ငြိမ်နေတယ် ။ ကျနော်တို့ဖက်က ချုံခိုတိုက်ခိုက်တဲ့ တိုက်ပွဲတွေတော့ နေ့တိုင်းဘဲ” ဟု ပြောသည်။


သျှမ်းပြည်တပ်မတော်အား ထိုးစစ်ဆင်နေသည့်မြန်မာတပ်မှာ - ရမခ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ - ၂၂၊ ၃၃၊ ၆၇၊ ခမရ -၂၄၃၊ ခမရ - ၅၀၁၊ ၅၀၃၊ ၅၀၄၊ ၅၀၆၊ ရပခ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် လက် အောက်ခံ ခလရ - ၉၊ ၁၂၊ ၆၄၊ ၂၈၆၊ ၂၈၇၊ ခမရ ၅၁၃၊ ၅၁၅၊ ၅၁၇၊ ၅၁၈၊ ၆၁၆ စသည့် တပ်များ ဖြစ် ကြသည်။


သို့သော်အဆိုပါတပ်များအနက် စစ်တပ်အင်အား (တပ်ရင်းတရင်း အင်အား ၁၀ဝ ကျော်) ရှိသော တပ်မှာ ရမခ လက် အောက်ခံ ခမရ ၂၄၃ နှင့် ရပခ လက်အောက်ခံ ခလရ ၂၈၇ တို့ဖြစ်ကြောင်းလည်း ပြည်သူ့စစ် ခေါင်းဆောင် အသိုင်း အဝိုင်းကပြောပါသည်။


“ ထိုးစစ်ဆင်လာတဲ့ သူတို့စစ်တပ်တွေထဲမှာ အင်အား ၁၀ဝ လောက် ရှိတဲ့ တပ်ရင်းက ခမရ ၂၄၃ နဲ့ ခလရ ၂၈၇ ဘဲရှိ တယ်။ ကျန် တာက အင်အား ၆၀ ထက်မပိုဘူး” ဟု ゞင်းကပြောသည်။

အလားတူ ကျေးလက်ဒေသခံများလည်း ယခုကဲ့သို့ လယ်ဆင်းချိန်၌ အချိန်နှင့်အမျှ သတိနှင့်နေနေရကြောင်း ဝမ့်ဟိုင်း အုပ်စု ဒေသခံများပြောပြချက်အရ သိရသည်။


“ လယ်ဆင်းချိန်ဆိုတော့ မဆင်းလို့လဲမဖြစ်ဘူးလေ။ ရွာသားတွေကင်းစောင့်ပြီး လယ်ထွန်ရတယ်။ သတိကြီးကြီး ထားရ တာပေါ့။ ဗမာစစ်ကြောင်း လာပြီလို့ သိရင်တော့ နွားဖြုတ် လှည်းဖြုတ်ပြီးပြေးပုန်းတော့တာဘဲ။ ပေါ်တာထမ်းဖို့ ဖမ်းမိရင်၊ သျှမ်းစစ်သားတွေအကြောင်းမေးလာရင်မလွယ် ဘူး” - ဟု ဝမ့်ဟိုင်းအုပ်စုကိန်းလိန်ရွာ သား တဦးက ပြောသည်။


တောတောင်အတွင်းထွက်ပြေးတိမ်းရှောင်ကာ သတိနှင့်နေထိုင်စားသောက်နေကြရသည့် ရွာများမှာဝမ့်ဟိုင်း အုပ်စု ကိန်း လိန်၊ ခီခပ်၊ ဝမ့်မိတ်၊ ခေးပွမ်း၊ ဖတ်နမ်၊ ပိန်းညောင်၊ မတ်ကျိုင်း၊ နမ့်ကုန်၊ ဝမ့်မိုင်၊ မတ်လုမ်း၊ လွယ်ကုန်၊ လွယ်ကျိုင်း၊ နမ့်ကိုင်ဖိတ်၊ နမ့်ဟို၊ ဝမ့်မော့၊ ဝမ့်ခုန့်ထွမ် ၊ နမ့်ဟူး၊ ပန်ခန် စသည့်ရွာများဖြစ်ကြောင်း သိရသည်၊Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */