“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, July 12, 2011

အကျဉ်းသား(ပြောင်း) လုံခြုံရေးရဲတပ်ဖွဲ့နှင့် SSA တိုက်ခိုက်မှုဖြစ် ၆ ယောက်ထက်မနည်းသေ

Monday, 11 July 2011 18:25 မွေခေါဝ် (Via Burmatwe)
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်-တောင်ကြီးကားလမ်း ပေါ် SSA လွယ်တိုင်းလျဲန်းနှင့် ပင်လုံရဲတပ်ဖွဲ့တို့အ ကြား တိုက်ခိုက်မှုကြောင့် စခန်းမှူး အပါအဝင် ၆ ဦး သေဆုံးကြောင်း သိရှိရပါသည်။

ဂျွန်လ ၉ ရက် နံနက် ၇:ဝဝ နာရီကျော် လွိုင်လင်အနောက်ဘက် ၇ မိုင်ခန့်အကွာ တောင်နောဝ်ရွာအလွန်၌ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။


“မူးယစ်မှုနဲ့ တရားခံကို တောင်လေးလုံးဘက် သွားပို့တဲ့ ပင်လုံရဲစခန်းမှူး အောင်မင်း နဲ့ သူ့ရဲ့တပည့် ၂ ယောက် သေတယ်။ တရားခံ ၂ ယောက်နဲ့ ချောဆွဲလာတဲ့ ဗင်ကားဆရာ ဦးသိန်းနိုင်လဲ သေတယ်။ သျှမ်းသူပုန်ဖက်က ၂ ယောက်သေတယ်”


ဒေသခံများ ပြောကြားချက်အရ SSA က ယာဉ်များကို ဆက်ကြေးကောက်ခံနေစဉ် စခန်းမှူး လိုက်ပါလာ သည့် ဗင်ကားရောက်လာပြီး ဆက်ကြေးကောက်နေသော သျှမ်းတပ်သား ၂ ဦးအား ရဲတပ်ဖွဲ့က စတင် ပစ်ခတ်သဖြင့် တိုက်ခိုက်မှု ဖြစ်ပွားရခြင်းဖြစ်သည်ဟုဆို၏။


အတည်မပြုနိုင်သေးသည့် သတင်းများအရ သျှမ်းပြည်တပ်မတော် SSA ၏ ဆက်ကြေးကောက်သူ ၂ ဦးကို တောင်ကြီးဘက်သို့ လွဲပြောင်းစဉ် သတင်းကြိုရသဖြင့် SSA ဖက်မှ ချုံခိုတိုက်ခိုက်ပြီး ဌင်းတို့လူနှစ်ဦးအား ပြန်လည်ကယ်ယူသွားကြောင်း၊ ထိုသို့လမ်းဝက်၌ ဖြတ်တိုက်ကယ်ထုတ်မှုတွင် ရဲစခန်းမှူးနှင့်အဖွဲ့ ၃ ဦး သေဆုံးပြီး ဌင်းတို့လက်နက်အားလုံး သိမ်းဆည်းသွားကြောင်း ဆိုသည်။


သျှမ်းပြည်တပ်မတော် SSA လွယ်တိုင်းလျဲန်းဖက်မှ အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အတည်ပြု ပြော ကြားခြင်း မရှိသေးပေ။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */