“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, July 11, 2011

သုံးကြိမ်မြောက် ထွက်ပြေးလာတဲ့ ကလေးစစ်သား သုံးကြိမ်မြောက် ဖမ်းဆီးခံရ

2011-07-10 RFA (Via Burmatwe)
အသက် ၁၅ နှစ်ရွယ် ကလေးစစ်သား မောင်ရေချမ်း စစ်တပ်က ထွက်လိုတာ ကို ထွက်ခွင့်မပေးဘဲ အကြိမ်ကြိမ် ပြန်လည်ဖမ်းဆီး နှိပ်စက်နေကြောင်း မိဘဖြစ်သူတွေက ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။

မိဘရပ်ထံ ပြန်လာတဲ့ ကလေးစစ်သား မောင်ရေချမ်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့မှာ လှိုင်သာယာရဲ၊ ကြက်ခြေနီ၊ မီးသတ်နဲ့ ရယကတွေ အပါအဝင် အင်အား ၅ဝ လောက်နဲ့ နေအိမ်မှာ လာရောက် ဝိုင်းဝန်း ဖမ်းဆီးသွားကြောင်း မိခင်ဖြစ်သူ ဒေါ်စပယ်က ပြောပါတယ်။

“၅ ရက်နေ့ည ၁၂ နာရီလောက်က လာဖမ်းသွားပါတယ်။ လှိုင်သာယာ ရဲစခန်းနဲ့ မီးသတ် ကြက်ခြေနီအဖွဲ့ ၅၂ ဦး အပါအဝင် အိမ်ပေါ်အထိ တက်ပြီး ဖမ်းသွားပြီးတော့ အိမ်တွေဘာတွေ ပျက်စီးတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ကလေးက ရုန်းရင်းကန်ရင်းနဲ့ အိမ်က ကျိုးပဲ့ကုန်တာ။ ကျမသားလေးက အရင်တခါ ပြေးခဲ့တုန်းက အတွေ့အကြုံရှိတော့ ကြောက်ရွံ့နေပါတယ်”

မောင်ရေချမ်းကို တပ်ထိန်း (၃) နဲ့ လှိုင်သာယာရဲက ဖမ်းသွားပြီး အခုအခါ အုတ်ကျင်း အမှတ် (၃) တပ်ထိန်းစခန်းမှာ ဖမ်းဆီးထားပါတယ်။ မောင်ရေချမ်းဟာ အဘ ဦးညီညီနိုင်၊ အမိ ဒေါ်စပယ်တို့ရဲ့သား ဖြစ်ပြီးး လှိုင်သာယာ (၁၂) ရပ်ကွက်မှာ နေထိုင်သူ ဖြစ်ပါတယ်။

မိခင်ဖြစ်သူက ပြီးခဲ့တဲ့နေ့က သွားရောက် စုံစမ်းခဲ့ပေမယ့် တွေ့ခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။ မောင်ရေချမ်းဟာ စစ်တပ်က ထွက်ပြေးတာ ဒီတစ်ကြိမ်နဲ့ပါဆိုရင် သုံးကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။ ပထမနဲ့ ဒုတိယ အကြိမ်တွေမှာလည်း ပြန်လည် ဖမ်းဆီးသွားပြီး ညှဉ်းပန်းနှိပ်စက်တာကို ခံခဲ့ရတဲ့အတွက် ဒီတကြိမ်ဆိုရင် ကိုယ့်ကိုယ်ကို သတ်သေမယ်လို့ မောင်ရေချမ်းက ပြောဆိုထားကြောင်း မိခင်ဖြစ်သူ ဒေါ်စပယ်က RFA ကို ပြောပါတယ်။

၂ဝဝ၉ ခုနှစ်က မောင်ရေချမ်း အိမ်က ပျောက်ဆုံးသွားတဲ့အတွက် လိုက်လံရှာဖွေရာ သထုံ လေ့ကျင့်ရေး (၉) မှာ ပြန်လည် တွေ့ရှိခဲ့ပါတယ်။ အဲဒီအချိန်က မောင်ရေချမ်းဟာ အသက် ၁၃ နှစ်သာ ရှိသေးပေမယ့် စစ်တပ်က ပြန်လည်ခေါ်ယူခွင့် မပေးဘဲ ရှမ်းပြည် ခမရ (၃၁၂) ကို ပို့ခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

စစ်တပ်က ပြန်လည်ထွက်ပြေးလာတဲ့ ကလေးတွေကို ရဲစခန်း၊ တပ်ထိန်းအချုပ်ခန်း ဒါမှမဟုတ် သက်ဆိုင်ရာ တပ်အချုပ်ခန်းတွေမှာ ချုပ်နှောင်ထားပြီး ကြောက်ရွံ့သွားအောင် အပြင်းအထန် ညှဉ်းပန်းနှိပ်စက်တာတွေ ရှိကြောင်း၊ ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်က မိဘထံ ပြန်လည်ပြေးလာတဲ့ ကလေးစစ်သား မောင်ဝေဖြိုးအောင်ဟာ အုတ်ကျင်း တပ်ထိန်း (၃) က ဖမ်းဆီးသွားပြီး တရက်အတွင်း သေဆုံးခဲ့ကြောင်း ကလေးစစ်သားအရေး ကူညီဆောင်ရွက်နေတဲ့ HRDP လူ့အခွင့်အရေးအဖွဲ့က ဦးမောင်မောင်လေးက ပြောပါတယ်။

“မောင်ဝေဖြိုးအောင်ဟာဆိုရင် ဒီလိုပဲ ပြန်အဖမ်းခံရပြီး နောက်တရက်မှာ သေဆုံးသွားတာ ကျနော်တို့ တွေ့ခဲ့ရပါတယ်။ ဒီလို ကလေးတွေ ပြေးပြီး ပြန်ဖမ်းမိတဲ့ အခါမျိုးမှာ ကလေးတွေ တပ်ထဲက ထပ်မပြေးရဲအောင် ရိုက်နှက် နှိပ်စက်ညှဉ်းပန်းတာတွေ ကျနော်တို့ တွေ့ခဲ့တယ်၊ ကြားခဲ့တယ်။ နောက်ကို မပြေးရဲအောင်ပေါ့လေ။ မင်းတို့ ပြေးလို့ရှိရင် နောက်ကို ဒီထက်ဆိုးမယ်၊ ထောင်ချပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေလည်း တွေ့ရပါတယ်”

လက်ရှိအစိုးရ ကိုယ်တိုင် ကလေးစစ်သားစုဆောင်းမှု ကာကွယ်ရေးကော်မတီ ဖွဲ့ပြီး အမိန့်ပြန်တမ်းတွေနဲ့ တားမြစ်ထားပေမယ့် လိုက်နာ အကောင်အထည်ဖော်မှု မရှိဘူးလို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုထားပါတယ်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */