“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, July 05, 2011

ရွေးကောက်ပွဲရှုံး ထိုင်းဝန်ကြီးချုပ် အပြုသဘော အတိုက်အခံအဖြစ် ရပ်တည်မည်ဆို

ဝိုင်း | တနင်္လာနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၀ နာရီ ၄၆ မိနစ် (ပေးပို့ သူ-ဗမာ့သွေး)
ဘန်ကောက်(မဇ္ဈိမ) ။ ။ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မစ္စတာ အဖိဆစ် ဝေ့ခ်ျချာချီဝက ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ဝန်ခံပြီး အပြုသဘောဆောင်သည့် အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဟု ပါတီဌာနချုပ် တနင်္ဂနွေနေ့ည သတင်းစာရှင်းပွဲတွင် ပြောသည်။

အောက်လွှတ်တော်နေရာ ၅ဝဝ အတွက် မဲပေးကြရာ ၉၆ ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် အဓိက ယှဉ်ပြိုင်ဖက် ဖူးရာ့ထိုင်းပါတီခေါင်းဆောင် မစ္စစ် ယင်လတ်ခ် ရှင်နာဝပ်ထရာက ၁ဝ၂ မဲ အသာဖြင့် အနိုင်ရနေသည်။ မစ္စ ယင်လတ်ခ်က ၂၆၂ နေရာ၊ ဒီမိုကရက်တစ်က ၁၆ဝ ဖြစ်သည်။

ဖူ့ရ်ထိုင်းပါတီအနေဖြင့် မစ္စတာသက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ထိုင်းနိုင်ငံသို့ ပြန်လာရန် မည်သည့် ကြိုးစားမှုကို မဆို ဆန့်ကျင်သွားမည်ဟုလည်း လက်ရှိဝန်ကြီးချုပ် အဘီဆစ်က ပြောသည်။


“အစိုးရအသစ်ကို ဦးဆောင်ခွင့်ရသွားတဲ့ ဖူ့ရ်ထိုင်းပါတီအတွက် ကျနော်ဂုဏ်ယူပါတယ်။ ဒါပေမယ့် လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ကိစ္စကိုတော့ ဆန့်ကျင်သွားမှာပါ”ဟု သတင်းထောက်များကို ပြောကြားသွားသည်။

နိုင်ငံရေး လူသစ်တန်း အသက် ၄၃ နှစ်အရွယ် မစ္စစ်ယင်လတ်ခ်က အမေရိကန် KentuckyState University မှ နိုင်ငံရေး ဘွဲ့များရထားသူ ဖြစ်ပြီး သက်ဆင်အား လွတ်ငြိမ်းခွင့်ပေးရန် ကြိုးစားမည်ဟု ၂ဝ၁၁ မေလအတွင်းက
ပြောခဲ့ဖူးသည်။ သို့သော်လည်း နောက်တလအကြာတွင် ငြင်းဆိုပြန်သည်။

ဖု့ရ်ထိုင်းက အစိုးရဖွဲ့နိုင်ရေးအတွက် အမတ်နေရာ ၂ဝ ကျော်ရထားသည့် ချတ်ထိုင်းပထနာ ပါတီနှင့် ဆွေးနွေးပြီးပြီဟု ဆိုသည်။ ဘွန်ကျိုင်းထိုင်းပါတီ ၃၅နေရာ၊ ချတ်ထိုင်းပါထနာ ၂၁၊ ချတ်ထိုင်းပထနာ ဖီပဒင်းပါတီ ၁ဝ နေရာ ရရှိထားကြသည်။

၂ဝဝ၆ခုတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် သက်ဆင်ကို လုပ်ပိုင်ခွင့် အလွဲသုံးစားမှုဖြင့် ထောင်ဒဏ် ၂ နှစ် ချသော်လည်း ပြည်ပသို့ တိမ်းရှောင်သွားပြီး လက်ရှိတွင် ဒူဘိုင်းတွင် နေထိုင်လျက်ရှိသည်။၂ဝ၁ဝ ခု၌ သူပိုင် ဘတ်ငွေ သန်း ၇,၆ဝဝ မှ သန်း ၄,၆ဝဝကို ရာဇဝတ်မှုဆိုင်ရာ ဗဟိုတရားရုံးက ထိန်းချုပ်ထားလိုက်သည်။

ဖု့ရ်ထိုင်းပါတီ၏ အဓိက ကြွေးကြော်သံမှာ “သက်ဆင်ရဲ့ အတွေးအမြင်ကို ဖု့ရ်ထိုင်းက အကောင်အထည် ဖော်မယ်” ဟုဖြစ်သည်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၄၇ သန်းခန့်မှ သန်း ၃၁ သန်းနီးပါး မဲလာပေးပြီး မဲပေးသူအားလုံး၏ ၆၅.၉၉ ရာခိုင်နှုန်း ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။ ရွေးကောက်ပွဲ၌ လူတဦးကို မဲနှစ်မဲပေးရပြီး ပါတီ အခြေခံအမတ်နှင့် မဲဆန္ဒနယ် အခြေခံအမတ်တို့ အတွက် ဖြစ်သည်။

ပါတီစာရင်းတွင် အမတ်ရွေးရာ ပယ်မဲ ၁.၇သန်းရှိပြီး မဲဆန္ဒနယ် အခြေခံ အမတ်ပယ်မဲ ၁.၃သန်း ရှိကြောင်း
ကော်မရှင်က ပြောသည်။

အာရှရွေးကောက်ပွဲ ကွန်ယက် ANFREL၊ ဥရောပသမဂ္ဂ၊ မလေးရှား၊ ဂျာမနီတို့အပါအဝင် နိုင်ငံတကာ လေ့လာသူ ၆ဝ ခန့် စောင့်ကြည့်ခဲ့ကြသည်။


သက်ဆင်ကို ထောက်ခံသူများနှင့် ဒီမိုကရက်တစ်ကို ထောက်ခံသူများအကြား အကွဲအပြဲများကြားမှ ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ယခင်နှစ်က မြို့တော်ဘန်ကောက်၌ ရှပ်နီဝတ်များက ဆန္ဒပြပြီး သပိတ်စခန်း ဖွင့်လှစ်ခဲ့သည်ကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းရာ လူ ၉ဝ ကျော် သေဆုံးခဲ့သည်။

ငွေဖောင်းပွမှု ၄.၂ရာခိုင်နှုန်းရှိပြီး စီးပွားတန့်ကာ ကုန်ဈေးနှုန်းများမြင့်မှုနှင့် ကြုံနေရသည့် ထိုင်းပြည်သူများအား ဒီမိုကရက်တစ်ပါတီက တရုတ်နိုင်ငံ တောင်ပိုင်းမှ ထိုင်းနိုင်ငံကိုဖြတ်၍ မလေးရှားနယ်စပ်အထိ ရထားလမ်း ဆက်သွယ်မည်ဟု ဆိုသည်။ လွတ်လပ်သည့် ကုန်သွယ်ရေး ထူထောင်မည်ဟုလည်း ကတိပေးသည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */