“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 03, 2011

ဘင်္ဂလာစစ်ဦးစီးချုပ် မြန်မာ ခရီးစဉ်တွင် အချက်လေးချက် အဓိကဆွေးနွေးခဲ့ကြောင်း ထုတ်ဖေ

မောင်အေး News Date:6/30/2011 နိရဉ္ဖရာ သတင်းဌာန (ပေးပို့ သူ-ဗမာ့သွေး)
ဘင်္ဂလာစစ်ဦးစီးချုပ် အမ်း အဘဒူလ်မိုဘိန်း M Abdul Mubeen မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ၅ ရက်ကြာ ခရီးစဉ်တွင်း နှစ်နိုင် ငံပူး ပေါင်းဆောင်ရွက်မည့် အချက်လေးချက်ကို အဓိက ဆွေးနွေး ခဲ့ကြောင်း ထုတ်ဖေါ် ပြောဆိုလိုက်သည်။


ယမန်နေ့က ဘင်္ဂလာသမ္မ ဇီလူ ရဟာမန်နှင့် တွေ့ဆုံစဉ် ဘင်္ဂလာစစ်ဦးစီးချုပ်က မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်စဉ် တွေ့ဆုံခဲ့သည့် အချက် (၄) ချက်ကို ထုတ်ဖော် ပြောကြား လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးခဲ့သည့် အချက် လေးချက်မှာ ဘင်္ဂလားမြန်မာနှစ်နိုင်ငံ လေကြောင်းလိုင်း ပြေးဆွဲရေး၊ နှစ်နိုင်ငံ အကြား ဆက်သွယ်မည့် ကားလမ်း ဖောက်လုပ်ရေး၊ မြန်မာဘက်မှ လယ်မြေ ငှားရမ်းရေးနှင့် နှစ်နိုင်ငံ ပူးပေါင်း အကြမ်းဖက် တိုက်ဖျက် ရေးတို့ ဖြစ်ကြောင်း ယနေ့ထုတ် ဘင်္ဂလီ သတင်းစာ တစောင်တွင် ရေးသားသည်။

ဘင်္ဂလာစစ်ဦးစီးချုပ် အမ်းအဘဒူလ်မိုဘိန်းမှာ ယခင်လ ၂၃ ရက်ကနေ ၂၇ ရက်နေ့အထိ မြန်မာ နိုင်ငံသို့ သွား ရောက်လည်ပတ်ခဲ့စဉ် အဆိုပါ အချက်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ ဘင်္ဂလာဒေခ်ျ့ အကြားတွင် အကြမ်းဖက် တိုက်ဖျက်ရေးကို ပူးပေါင်း လုပ်ဆောင်ရန် ယခင်က သဘောတူညီမူ မရှိသဖြင့် ယခု အချက်မှာ နှစ်နိုင်ငံကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် ခြေလှမ်း သစ် တရပ် ဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း ဘင်္ဂလာဒေခ်ျ့ စစ်ဦးစီးချုပ်သည် နေပြည်တော်တွင် ဗိုလ်ချုပ် စိုးဝင်းအပါအ၀င် မြန်မာ ကြည်း၊ ရေ၊ လေမှ အဆင့်မြင့် အရာရှိများနှင့် နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ယခုဆွေးနွေးခဲ့သည့် အချက်များထဲမှ တချို့မှာ လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက မြန်မာ နအဖ စစ်အစိုးရ လက်ထက်ကတည်းက သဘောတူညီမှုများရှိခဲ့သည့် အချက်များ ဖြစ်ပြီး ယခုထက်တိုင် အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။


Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */