“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, July 19, 2011

ကလေးများ ( သို့) အနာဂတ်လေးများ.


by Chan Myae on Sunday, July 17, 2011 at 6:27pm
တိုင်းပြည်တခုတိုးတက်ဖို့ မည်သည့်အရာ က အရေးကြီးသလဲ ဟု မေးပါလျှင် အဖြေအမျိုးမျိုး ထွက်မှာ သေချာပါတယ်။

သို့သော် ငြင်းမရတဲ့အချက်ကတော့ လူသားအရင်းအမြစ် မြောက်မြားစွာ လိုအပ်တယ်ဆိုတာပါပဲ။ တိုင်းပြည်ရဲ့ အနာဂတ်ကို လူငယ်တွေက အဆင့်ဆင့် လွဲပြောင်း တာဝန်ယူရမှာ အမှန်ပါပဲ။

ကျွန်တော် တိုင်းပြည်တိုးတက်ခြင်း မတိုးတက်ခြင်း ဟာ ပညာရေးနိမ့်ကျခြင်း ၊ လူသား အရင်းအမြစ်တွေ ဆုံးရှုံးနေရခြင်းတို့ ဟာ အဓိကအကြောင်းအရာတွေပါ။ ကလေးတွေကြီးပြင်းရတဲ့ အနေအထားကိုလိုက်ပြီး တော်တဲ့ ကလေးတွေ များရင်များသလို တိုင်းပြည်ဟာ လမ်းကြောင်းမှန်တခုပေါ် ရောက်ရမှာပါပဲ။

ကလေးတွေအတွက် ကျွန်တော် တို့ တိုင်းပြည်မှာ လုံလောက်တဲ့ ပညာရေး ၊ ကျမ်းမာရေး စာဝတ်နေရေး လုံလောက်ပါရဲ့လား ?????



ကလေးဌားခြင်း



မွေးစကနေ ၆လ ၁နှစ်အတွင်း ကလေးငယ်တွေကို တနေ့ ၃၀၀၀ ပေးပြီး ဌားလို့ရတဲ့ ဈေးကွက်တခုရန်ကုန်မှာ ရှိနေပါတယ်၊

ကလေးတွေကို အနှီးနှင့်ပတ်တကိုယ်လုံး နှနွင်းများလိမ်းပြီးရန်ကုန်မြို့ အနှံ့တောင်းစားနေသူတို့ သင်တို့တွေဘူး ကြမှာပါ သူတို့လက်ထဲကကလေးတွေဟာ တနေ့ကို ၃၀၀၀ ပေးပြီး အဌားလိုက် မိဘတွေကို အရွယ်မတိုင်ခင်လုပ်ကြွေး နေရသူလေးတွေပါ။

တကယ်ကို ၀မ်းနည်းစရာ ပါပဲ ဒီလို ကိစ္စများကို ဗုဒ္ဒဘာသာ ထွန်းကားပါတယ် ဆိုသော ကျွန်တော် တို့ တိုင်းပြည်မှာ တကယ်ဖြစ်နေတာပါ။ အသက် ၁၆ အောက်ဆိုရင် ကလေးလို့ခေါ်ပြီး အသက် ၁၆ နှစ်ကနေ ၁၈ နှစ်ကြားကို သူငယ်လို့ခေါ်ပါသတဲ့ ကလေးသူငယ်ဆိုင်ရာ စာအုပ်တခုမှာ ဖတ်ရတာပါ ဒီလိုကလေးသူငယ်တွေကို ခိုင်းစားရင် ဥပဒေအရ အရေးယူနိုင်သတဲ့ ဒါပင်မဲ့ဗျာ အခုထိတော့ လမ်းပေါ်မှာ ဘုရားပွဲတွေမှာ လူစည်ကားရာနေရာတွေမှာ.............



ကလေးစစ်သားဝယ်ယူခြင်း



လူတယောက်ကို တန်ဖိုးမည်မျှ နှင့် ၀ယ်လို့ရပါသနည်း၊

သူများတိုင်းပြည်တွင်း စစ်မှုမထမ်းမနေရ ဥပဒေများရှိပါတယ် ( တောင်ကိုရီးယား ၊အစ္စရေး) ကျွန်တော်တို့ တိုင်းပြည်မှာ စစ်သားကို စစ်သားစုဆောင်းရေးမှ စုဆောင်းပါတယ် ၊ ကလေးသူငယ်တွေကို စစ်ထဲ မရမက အတွင်းသွတ်သွင်း ခြင်းကို စစ်သားစုဆောင်းရေးလို့ နာမည်တပ်ပါသတဲ့......။ စစ်သား တယောက်တပ်ထဲရောက်ဖို့ရာ ငွေပေးဝယ်ရသောဈေးကွက် ရန်ကုန်မြို့မှာ ရှိနေပါတယ်။

တပ်ရင်းမှုးတယောက် ဟာ တလ စစ်သား ၂ ယောက်( ကွာခြားချက်တွေရှိချင်ရှိမှာပါ ကိုယ်တွေ့မို့ရေးရတာပါ) စစ်ထဲသွင်းပေး ရပါတယ်။ သူ အတွက်ပေါ်တာဆွဲလို့ ရရင် ရမရရင် ငွေပေးပြီး စစ်သားဝယ်ရပါတယ် ပွဲစားများက တဆင့် တယောက်ကို ၂ သိန်းနဲ့ ၀ယ်ရပါတယ် ။ လူကုန်ကူးတယ်ဆိုတာ နယ်စပ်မှ မဟုတ်ပါဘူး စစ်သားတွေကိုယ်တိုင် လူပွဲစား လုပ်နေတာပါ။ဒါကို ငြင်းချင်သပဆိုတဲ့ စစ်ဗိုလ်တွေ ငြင်းချင်ရင် မင်္ဂလာဒုံ ဈေးထဲက ကလေးစစ်သားပွဲစားလုပ်နေတဲ့ တပ်ကြပ်တွေကို သွားမေးလိုက်ပါ ။



ကလေး တွေ ကို မတရားခိုင်းစေတဲ့ သူတွေကို မည်သို့သော ဥပဒေများနှင့် အရေးယူမယူကတော့ တာဝန်ရှိသူများသိကြမှာပါ၊

တိုင်းပြည်ရဲ့ အနာဂတ်ဟာ အရွယ်မတိုင်ခင် ကတည်းက ဖျက်စီးခံနေရပါပြီ.. ကလေးတွေရဲ့ ရယ်သံဟာ တိုင်းပြည်အတွက် ပျော်ရွှင်ခြင်းပါ ကလေးတွေရဲ့ ငိုသံ ဟာ တိုင်းပြည်ရဲ့ ၀မ်းနည်းခြင်းပါ ။ကျွန်တော် တိုင်းပြည်အတွက် ၀မ်းနည်းရပါတယ်။



ချမ်းမြေ့

( ကိုယ်ရေးတဲ့ စာကိုယ်တာဝန် ယူပါတယ်)


Darli is sharing a picture (24.9 KB) with you
285239_250519758292209_100000025594136_1078582_486203_n.jpg
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */