“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, July 07, 2011

၄၈ နာရီကြာ အတိုက်အခံ သပိတ်ကြောင့် ဘင်္ဂလာဒေခ်ျ့တွင် သယ်ယူပို့ဆောင်ရေး ရပ်ဆိုင်း

News Date:7/6/2011 နိရဉ္ဖ၇ာ သတင်းဌာန (ပေးပို့ သူ-ဗမာ့သွေး)
အတိုက်အခံ Bangladesh Nationalist Party (BNP) မှ ခေါ်ယူထားသော ၄၈ နာရီကြာ သပိတ် တိုက်ပွဲကြောင့် ယနေ့နံနက်မှ စတင်ပြီး နိုင်ငံ အ၀န်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။

" ဒီသပိတ်တိုက်ပွဲကြောင့် ဒီနေ့ နံနက် ၆ နာရီက စပြီး ကားတွေ သင်္ဘောတွေ အကုန်အလုံး အသွားအလာ ရပ်ဆိုင်းသွားခဲ့ရပါတယ်။ ပီးရင် ကျောင်းတွေ၊ ဈေးဆိုင်တွေ၊ အစိုးရ ရုံးတွေ အပါအ၀င် ဘဏ်တွေ အကုန်လုံး ပိတ်သွားခဲ့ပါတယ်" ဟု ကျောင်းဆရာ အာရှရက်က ပြောသည်။

အဆိုပါ သပိတ်တိုက်ပွဲကို ဘင်္ဂလာဒေခ်ျ့ အတိုက်အခံ ပါတီ ဘီအန်ပီနှင့် မဟာမိတ်ပါတီများမှ ခေါ်ယူခြင်း ဖြစ်ပြီး လက်ရှိ အ၀ါမီလိဂ် အစိုးရမှ ပါလီမန်တွင် များမကြာမှီက အတည်ပြုလိုက်သော ကြားဖြတ် အစိုးရ ထားရှိရေး စနစ်ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် ဖြစ်သည်။

" ဒီလိုပါ။ ဒီနိုင်ငံမှာက အရင် ရွေးကောက်ပွဲတွေကို Caretaker Government လို့ခေါ်တဲ့ ကြားဖြတ် အစိုးရ လက်အောက်မှာ ရက်ပေါင်း ၉၀ အတွင်း ပြုလုပ်ရမယ်လို့ ဖွဲ့စည်းပုံမှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ကြားဖြတ်အစိုးရက ရက်ပေါင်း ၉၀ အတွင်း ရွေးကောက်ပွဲ မလုပ်တဲ့ အပြင် စစ်တပ် ထောက်ခံမူနဲ့ (၂) နှစ်ထိ တိုင်းပြည်ကို အုပ်ချုပ်ပီးမှ ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် အခု အာဏာရလာတဲ့ အ၀ါမီလိဂ် အစိုးရက ကြားဖြတ် အစိုးရ စနစ်ကို ပါလီမန်မှာ ဥပဒေပြုကာ ဖျက်သိမ်းလိုက်ပြီး လာမယ့် ရွေးကောက်ပွဲမှာ အစိုးရရဲ့ ကြီးကြပ်မူ အောက်မှာဘဲ ရွေးကောက်ပွဲ လုပ်ဖို့ ဥပဒေ လုပ်လိုက်ပါတယ်။ ဒါကို မကျေနပ်တဲ့ အတိုက်အခံ ပါတီက ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ ခုလို ၄၈ နာရီကြာ သပိတ်ကို ခေါ်တာ ဖြစ်ပါတယ်" ဟု အာရှာရက်က ပြောသည်။

အတိုက်အခံ ဘီအန်ပီပါတီမှာ လွန်ခဲ့သောရွေးကောက်ပွဲတွင် အမတ်နေရာ အနည်းငယ်သာ အနိုင်ရရှိခဲ့ပြီး ပါလီမန်အတွင်း ကန့်ကွက်၍ နိုင်ခြေ မရှိသဖြင့် ပါတီမန်ကို သပိတ်မှောက်ကာ အပြင်တွင် သပိတ်တိုက်ပွဲဖြင့် အဆိုပါ အတည်ပြု ဆုံးဖြတ်ချက်ကို ကန့်ကွက်နေခြင်း ဖြစ်သည်။

သပိတ်တိုက်ပွဲ မစတင်မှီ အင်္ဂါနေ့က ဒက္ကားမြို့ လမ်းမများပေါ်တွင် သွားလာနေသော ခရီးသည်တင် ဘတ်စ်ကားများကို မီးတင်ရှို့ခဲ့သဖြင့် အနည်းဆုံး ကား (၁၀) စီးခန့် မီးလောင်ခဲ့သည်။

အဆိုပါ မီးရှို့မူကို အစိုးရမှ အတိုက်အခံ ပါတီအား စွပ်စွဲခဲ့သော်လည်း အတိုက်အခံ ပါတီမှ အစိုးရ ပါတီ ၀င်များမှ မီးရှို့ခြင်းသာ ဖြစ်ကြောင်းနှင့် မိမိတို့ ပါတီကို သိက္ခာကျစေရန် ရည်ရွာ်ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြန်လည် စွပ်စွဲခဲ့သည်။

ယမန်နေ့က ဖြစ်ပွားခဲ့သော ကားမီးရှို့သည့် ရုန်းရင်း ဆန်ခတ် ဖြစ်မူတွင် အနည်းဆုံး အတိုက်အခံ ပါတီမှ လူပေါင်း ၁၀၀ ခန့် အဖမ်းအဆီးခံခဲ့ရသည်။

တခြား အတိုက်အခံ ပါတီများမှလည်း နောက်လာမည့် ဇူလိုင်လ ၁၀ ရက်နှင့် ၁၁ ရက်ကို သပိတ် ခေါ်ထားသဖြင့် ဆက်လက်ပြီး နိုင်ငံနှင့် အ၀န်း အသွားအလာများ ရပ်ဆိုင်းအုံးမည် ဖြစ်သလို ကျောင်းများ၊ အစိုးရ ရုံးများနှင့် ဈေးဆိုင်များလည်း ပိတ်ရအုံးမည် ဖြစ်သည်။

အဆိုပါ သပိတ်တိုက်ပွဲသည် တိုင်းပြည် စီးပွားရေးကို အဓိက ထိခိုက်သဖြင့် စီးပွားရေး လုပ်ငန်းရှင်များက သပိတ်တိုက်ပွဲကို ဆန့်ကျင် ကန့်ကွက်ကြသည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */