“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, July 20, 2011

ဝ အာဏာပိုင်များ လူအဝင်အထွက်တင်းကြပ် ရာချီဖမ်း တပ်သားသစ်စုစောင်း

Tuesday, 19 July 2011 16:15 သျှမ်းသံတော်ဆင့် (ပေးပို့ သူ ဗမာ့သွေး)
E-mail Printသျှမ်းပြည်တပ်မတော်အားမြန်မာစစ်တပ် အပြင်း အထန် ထိုးစစ်ဆင်တိုက်ခိုက်နေချိန် ဝ နယ်အတွင်းလူ အဝင်အထွက်အား လုံခြုံရေးအရ ဝ အာဏာပိုင်များ အထူးတင်းကြပ်စစ်ဆေးနေကြောင်းပန်ဆန်းသတင်း ရပ်ကွက်ကပြောပါသည်။

“မြို့က ဝ တပ်တွေက နယ်ကတပ်တွေနဲ့ ချိန်းပြီး လူတွေကိုစစ်ဆေးတယ်။ အလုပ်လုပ်ခွင့်၊ ယာယီနေထိုင်ခွင့် ကဒ် မရှိရင် အကုန် ဖမ်းတာဘဲ။ သူလျှို ၊ ဘိန်းစား ၊ ထောက်ခံစာမရှိတဲ့ သူတွေအဓိကထားဖမ်းတယ်၊ သံလွင်အနောက်ခြမ်းက လာတဲ့ ဝ ၊ သျှမ်း၊ ဗမာတချို့နဲ့ တရုတ်တွေပါတယ်” - ဟု ပန်ဆန်း ရောက်တန့်ယန်း ဒေသခံ တဦးက ပြောပါသည်။

ယခုလ အစောပိုင်းမှ လလယ်ပိုင်းအထိ ဝ အာဏာပိုင်များဖမ်း ထားသော စာရင်းမှာ ၂၀ဝ ခန့်ရှိကြောင်း၊ ဂျူလိုင်လကုန်အထိ အယောက် ၅၀ဝ ဖမ်းမိရန် အစီအစဉ်ရှိကြောင်း၊ ဖမ်းဆီးရမိသူများအား ဝ စစ်သားလုပ် လို၊ မလုပ်လို၊ လုပ်လိုက စာရင်းမှတ် ထား ပြီး ယူနီဖေါင်းထုတ်ပေးကြောင်း၊ မလုပ်လိုက မြို့မြောက်ဖက်တောင်ပေါ် ရာဘာခြံ အတွင်း ပို့ဆောင်ပြီး အကျဉ်းသားသဖွယ် အလုပ်ကြမ်း ခိုင်းစေခဲ့ ကြောင်း အမည်မဖေါ်လိုသူပန်ဆန်း ဒေသ ခံတဦးက ဤကဲ့သို့ပြောပါသည်။“အခုဖမ်းမိတဲ့ အယောက် ၂၀ဝ မှာ ယောကျာ်းချည်းတွေဘဲ။

သက်သေအထောက်အထား စာရွက်စာတမ်းမရှိ ရင် ပျိုပျို အိုအို အကုန်ဖမ်းတာဘဲ။ အရင်က ညအချိန်မတော် လမ်းသလားနေတဲ့ ဆေးသမား တွေကိုဘဲဖမ်း တာ။ ခုတော့ မနက်အစောကြီး အလုပ်ဆင်းချိန်မှာတောင် အဖမ်းခံရတယ်။ တပတ်ကျော်လောက်ကစပြီး ညပိုင်းဆိုရင်လဲ ၉-၁၀ နာရီ ဆို စဖမ်းနေပြီ”ယခုကဲ့သို့ ဝ အာဏာပိုင်များ လူဝင်လူထွက်စာရင်းတင်းကြပ်မှုကြောင့်(မြန်မာအစိုးရ၏ သူလျှိုဟု ယုံကြည် ရသူ) သူစိမ်း အများ အပြား လျှော့နည်းလာကြောင်း၊ ဖမ်းဆီးရမိမှုတွင် လာဘ်ပေးငွေထိုးခြင်းလုံးဝမလုပ် ဝံ့ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူအား နံပါတ် (၁) ၊ မသကာင်္သူများအား နံပါတ် (၂) ၊ ထောက်ခံစာမရှိသူများ အား နံပါတ် (၃) အဖြစ် အဓိကထားဖမ်းဆီးခဲ့သည်ဟုဆို၏။

“ အဖမ်းအဆီးလုပ်မယ့်အကြောင်းလဲ ဂျွန်လကတည်းက ထုတ်ပြန်ကျေငြာထားတယ်” ဟုလည်း ဝ အာဏာပိုင် နှင့် နီးစပ်သူ တဦးက အတည်ပြုပြောဆိုသည်။ဝ အာဏာပိုင်များ ချထားသော မူအရ အခြားဒေသမှ လာသော ဝ နယ်သားမဟုတ်သူများသည် ပန်ဆန်းလုံခြုံ ရေး ရုံးသို့ နေထိုင်ခွင့် ၊ အလုပ်လုပ်ခွင့်တောင်းခံရမည်ဖြစ်သည်။တဘက်တွင်လည်း အသွင်ပြောင်းရေးပေါ်လစီ ကြောင့် မြန်မာစစ်တပ် နှင့် ဆက်ဆံရေး တင်းမာခဲ့သည့် နောက်ပိုင်း ဝ တပ်ဖွဲ့က လူသူလက်နက်အင်အား ဆက်တိုက်စုဆောင်းလာခြင်းလည်းဖြစ်နိုင်သည်ဟုသုံးသပ်ကြ သည် ။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */