“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 03, 2011

ရခိုင်ပြည်နယ် ၀န်ကြီးဌာန အပြောင်းအလဲ ပြည်သူများ စိတ်မ၀င်စား

News Date:7/2/2011 နိရဉ္ဖရာ သတင်းဌာန
ရခိုင်ပြည်နယ်က ၀န်ကြီးဌာန (၉) ခုကို အပြောင်းအလဲ ပြုလုပ် လိုက်သော်လည်း အဆိုပါ အပြောင်းအလဲ အပေါ် ရခိုင်ပြည်သူများမှ စိတ်ဝင်စားမူ မရှိကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး အဆိုပါ အပြောင်းအလဲကို တခြား တိုင်းနှင့် ပြည်နယ်များ နည်းတူ ဇူလိုင်လ (၁) ရက်နေ့က ပြုလုပ် လိုက်ခြင်း ဖြစ်သည်။

အမည်မဖေါ်လိုသူ နိုင်ငံရေး စိတ်ဝင်စားသူ လူငယ် တစ်ဦးက " ရခိုင်ပြည်နယ် ၀န်ကြီးအဖွဲ့ဟာ ဘာမှ အစစ်အမှန် အာဏာမရှိဘဲ လက်ညိုးထောင် ခေါင်းညိတ် နေရတဲ့ ရုပ်ပြ အစိုးရ တစ်ရပ်သာ ဖြစ်တဲ့ အတွက် ရခိုင်ပြည်နယ် အစိုးရ အပေါ်မှာ လူတွေက မျှော်လင့်ချက် သိပ်မထားခဲ့ပါဘူး။ ဒါကြောင့်လည်း အခု ၀န်ကြီးဌာနများ အပြောင်းအလဲအပေါ် ရခိုင်ပြည်သူများက စိတ်ဝင်စားမူ မရှိပါဘူး" ဟု ပြောသည်။

ယခု အပြောင်းအလဲ လုပ်လိုက်သော ၀န်ကြီးများနှင့် ဌာနများမှာ- ဗိုလ်မှူးကြီးထိန်လင်း (လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန)၊ ဦးစိုးအေး (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)၊ ရတပ အမတ် ဦးကျော်သိန်း (စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန)၊ ရတပ အမတ် ဦးအောင်သန်းတင် (သစ်တောနှင့် သတ္တုဝန်ကြီးဌာန)၊ ဦးမြအောင် (စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန)၊ ဦးကျော်ခင် (လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန)၊ ရတပ အမတ် ဦးသာလူချေ (လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန)၊ ဦးလှဟန် (စည်ပင်သာယာရေးဝန်ကြီးဌာန)၊ ဒေါက်တာအောင်ကျော်မင်း (လူမှုရေးဝန်ကြီးဌာန) တို့ဖြစ်သည်။

ယခုကဲ့သို့ ၀န်ကြီးဌာနများ အပြောင်းအလဲ လုပ်လိုက်ခြင်း အပေါ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်ကလည်း သူ့အမြင်ကို ယခုကဲ့သို့ ပြောပါသည်။

" ၀န်ကြီး အပြောင်းအလဲက သမ္မတက အမိန့်နဲ့ ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ ကျနော်တို့ လေ့လာ သုံးသပ်မူ အရ ပြောရရင်တော့ တိုင်းနဲ့ ပြည်နယ်တွေရဲ့ ၀န်ကြီးဌာန ဘားဂျတ်ကို တပြေးညီ သတ်မှတ်လိုတဲ့ အတွက် ၀န်ကြီးဌာန ၉ ခုကို အတူတူ သတ်မှတ်လိုက်တယ်လို့ မြင်ပါတယ်" ဟု ပြောသည်။

သို့သော်လည်း ယခု အပြောင်းအလဲ လုပ်ရာတွင် ပြည်နယ် ၀န်ကြီးဌာနများထဲမှ အရေးကြီးသော ၀န်ကြီးဌာနများကို ရုတ်သိမ်းသွားသည်မှာ စိတ်မကောင်းစရာ ဖြစ်ကြောင်း သူက ပြောကြားသည်။

" အဓိက အရေးကြီးတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူဝင်မူကြီးကြပ်ရေး၊ သာသနာရေးနဲ့ ယဉ်ကျေးမူ ၀န်ကြီးဌာနတွေကို အားကုန်လုံးကို ဗဟိုက ပြန်ရုတ်သိမ်းသွားပါတယ်။ သာမန် ဌာနတွေ ကိုထားရှိပီး တခြား လုပ်ပိုင်ခွင့် ရှိတဲ့ တိုင်းရင်းသားတွေ အတွက် အရေးကြီးတဲ့ ဌာနတွေကို ရုတ်သိမ်းသွားတာကတော့ စိတ်မကောင်းစရာပါဘဲ" ဟု ပြောသည်။

ယခုကဲ့သို့ ပြည်နယ်နှင့်တိုင်း ၀န်ကြီးဌာနများကို ဦးသိန်းစိန် အစိုးရမှ ရက် (၁၀၀) မပြည့်မှီ အကြောင်းပြချက် တစုံတရာ မရှိဘဲ ရုတ်သိမ်းသွားသဖြင့် နိုင်ငံရေး အသိုင်းအ၀ိုင်း အကြားတွင် အမျိုးမျိုး ဝေဖန် ပြောဆိုမူများ ထွက်ပေါ် နေကြောင်း သိရသည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */