“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, July 11, 2011

ကေအိုင်အေက အစိုးရစစ်သားတချို့ကို ဖမ်းဆီး

ဘီဘီစီ ။ ။ 10-07-2011 (Via Burmatwe)
KIAကေအိုင်အေ ကချင်တပ်သားများအစိုးရစစ်တပ်နဲ့ ကေအိုင်အေ ကချင် လွတ်လပ်ရေးတပ်မတော်တို့ကြား ပထမဆုံး တိုက်ပွဲစတင်ပေါ်ပေါက်ခဲ့တဲ့ မိုးမောက်မြို့နယ် ‘ဆန်ဂန်’ ရွာအနီးက တောင်ကြောမှာ တနဂင်္နွေနေ့ ညနေ ၃နာရီ ဝန်းကျင်လောက်က တိုက်ပွဲငယ်တခု ထပ်မံ ဖြစ်ပွားခဲ့ပါတယ် ။

ကေအိုင်အေ တပ်မဟာ ၃၊ တပ်ရင်း ၁၅ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ မြောက်ပိုင်း တိုင်း မပခ လက်အောက်ခံ အစိုးရ တပ်ဖွဲ့ဝင်တွေကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြတာလို့ သိရပြီး၊ အစိုးရစစ်တပ်ဖက်က (၁) ဦး ထိမှန် သေဆုံး သွားတယ်လို့ ကေအိုင်အေ ရှေ့တန်း စစ်ဖက်ရပ်ကွက်က ဆိုပါတယ်။အဲဒီအနီးတဝိုက်မှာ အစိုးရစစ်တပ်ဖက်က တပ်ရင်း(၃)ခု လှုပ်ရှားနေတာကြောင့် ထိမှန် ကျဆုံးသွားရသူဟာ ဘယ်တပ်ရင်းက ဆိုတာတော့ ရှင်းရှင်း လင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

စနေနေ့ညနေပိုင်းကလဲ ကချင်ပြည်နယ် မန်စီမြို့နယ် ဂိုက်ထိပ်အနီးက ပလောင်ဒိန်ဆာ ရွာအနားမှာ ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း(၂၇) တပ်ဖွဲ့ဝင်တွေကနေ အစိုးရ စစ်တပ် ခလရ (၇၄) က စစ်ကား တစီးကို ရုတ်တရက် ဝိုင်းပတ်ပိတ်ဆို့ ဖမ်းဆီးခဲ့ပါတယ်။

ကားနဲ့အတူ ခလရ (၇၄)က ဗိုလ်ကြီးတဦး အပါအဝင် တပ်ဖွဲ့ဝင် (၁၂) ဦးကိုလဲ ဖမ်းဆီး ထားလိုက်တယ်လို့ ကေအိုင်အေ ရှေ့တန်း စစ်ဖက် ရပ်ကွက်က ဆိုပါတယ်။နှစ်ဘက်ကြားမှာ အပစ်ရပ်ဖို့ ကြိုးစားနေကြတာ ရှိပေမယ့် တရားဝင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရနိုင်သေးပဲ နှစ်ဘက် အပြန်အလှန် တိုက်ပွဲတွေ ဆက်ဖြစ်နေတာ တွေ့ရပါတယ်။


စစ်ပွဲတွေကနေ ဝေးရာဆီကို ကချင်အရပ်သားတွေ ထွက်လာနေကြဆဲကေအိုင်အေဌာနချုပ်ဟောင်း ‘ပါဂျောင်’နဲ့ မဝေးလှတဲ့ ‘နားဖေါ့ ’ဖက်မှာလည်း မပခလက်အောက်ခံ ခလရ (၈၆) ကနေ လက်နက် ပစ်ခတ်မှု (၁၀) ကျော်လောက် စနေနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။လက်နက်ကြီးပစ်ခတ်စမ်းသပ်မှုအဖြစ် ပြုလုပ်ခဲ့တာဖြစ်ပြီး ကေအိုင်အေဖက်ကို ကြိုတင် အသိပေး အကြောင်းကြားပြီးမှ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ကေအိုင်အေ ရပ်ကွက်များ အဆိုအရ သိရပါတယ်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */