“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, July 06, 2011

မီဒီယာကို မီဒီယာဖြင့် တုံ့ ပြန်

ကလေးငယ်ကို နှိပ်စက်သူ ဆိုင်ရှင် ကျပ်ငါးသိန်းဖြင့် ကြေအေးခွင့်တောင်း
by The Voice Weekly on Wednesday, 06 July 2011 at 16:57
ဟင်္သာတ၊ ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဦးဘရဲတာကြီးတန်းလမ်း U & Me ဆိုင်မှထွက်ပြေးသွားသော အသက် ၉ နှစ်အရွယ် ကလေးငယ်ကို အပြင်းအထန် ညှင်းပမ်း နှိပ်စက်ခဲ့သော လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးဆက်မှူးဋ္ဌေးဝင်း က ယောက္ခမဖြစ်သူမှ တဆင့် ကလေးငယ်ထံ ကျပ်ငွေ ငါးသိန်းပေး၍ ကြေအေးရန် ကြိုးစားသော်လည်း လက်မခဲ့ကြောင်း ကလေးငယ်၏ အဖွားဖြစ်သူ ဒေါ်သန်းလှက ပြောကြားသည်။

ကလေးငယ်၏ မိသားစုမှာ ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက် တွင်နေထိုင်ပြီး ယခု U& Me လက်ဖက်ရည်ဆိုင်တွင် သုံးလနီးပါးကြာ လုပ်ကိုင်ခဲ့ပြီး မပျော်ပိုက်သဖြင့် ဆိုင်မှ မကြာခဏ ထွက်ပြေးလေ့ရှိကြောင်း စိုးထက်အောင် ခေါ် ထိပ်ကွက် အမည်ရသော ကလေးငယ် က The Voice Weekly သို့ပြောကြားသည်။



"ငါးသိန်းနဲ့လည်း မကြေအေးဘူး။ ဆယ်သိန်းနဲ့လည်း မကြေအေးဘူး"ဟု ထိပ်ကွက်က ဆိုသည်။



ယင်းအမှုအား ဟင်္သာတ အမှတ် ၁ ရဲစခန်းမှ (ပ) ၈၇/၂၀၁၁ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆/၃၄၂ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး ဇူလိုင် ၄ ရက်နေ့တွင် ပထမ ရုံးချိန်းဖြင့် ချိန်းဆိုစစ်ဆေးနေကြောင်း ရဲစခန်း ပြစ်မှုမှတ်တမ်းများအရ သိရသည်။



( The Voice Weekly သတင်းထောက် ကျော်မျိုးထွန်း ဟင်္သာတ မြို့သို့သွားရောက် မေးမြန်းရေးသားသည်။ အသေးစိတ် အချက်အလက်များကို မကြာမီ ဆက်လက် တင်ပေးသွားပါမည်။)Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */