“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, July 12, 2011

မြန်မာ ငါးဖမ်းသမား ၃၂ ဦးကို အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့မှ ဖမ်းဆီး

ထွန်းထွန်း News Date:7/9/2011 နိရဉ္ဖရာ သတင်းဌာန (Via Burmatwe)
မြန်မာ ငါးဖမ်း ၃၂ ဦးကို အိန္ဒိယနိုင်ငံ ကမ်းခြေ စောင့်တပ်ဖွဲ့မှ ယခုလ ၈ ရက်နေ့က အန္တမန် (Andaman Sea ) ပင်လယ်ပြင်တွင် ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။
အဆိုပါ မြန်မာနိုင်ငံသား ၃၂ ဦးကို အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့မှ ပုံမှန် ပြုလုပ်နေသော ကျူးကျော် ငါးဖမ်းသမားများ ဖမ်းဆီးရေး စစ်ဆင်ရေး တစ်ခုတွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း အိန္ဒိယ အရာရှိများက ပြောသည်။

အိန္ဒိယ လေယာဉ်တင် သင်္ဘော Dornier က ဇူလိုင်လ ၇ ရက်နေ့ ညဥ့်အချိန်တွင် ပုံမှန်ကင်းလှည့်နေစဉ် အန္တမန် ပင်လယ်ပြင် အင်တာဗျူးကျွန်း ( Interview Island) အနောက်ဘက်တွင် မသင်္ကာဖွယ်ရာ အချက်ပြ ဆက်သွယ်မူတစ်ခုကို တွေ့ရှိရာမှ ကမ်းခြေစောင့် သဘောင်္ Sagar သို့ အကြောင်းကြားခဲ့ကြောင်း၊ အဆိုပါ သင်္ဘောမှ ရဟတ်ယာဉ်များဖြင့် ရှာဖွေခဲ့ကြောင်း၊ ရှာဖွေမူကို တိုးမြင့် လုပ်ဆောင်စဉ် နောက်တစ်နေ့ ဇူလိုင်လ ၈ ရက်နေ့တွင် မြန်မာ ငါးဖမ်းစက်လှေသုံးစီးနှင့် လူပေါင်း ၃၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယ New Kelara က ဖေါ်ပြသည်။

ယခုအခါ သူတို့အား အန္တမန် အနောက်ဘက် ကမ်းခြေတွင်တည်ရှိသော Diglipur ကျွန်းသို့ ယူဆောင်သွားပြီး အိန္ဒိယ ဥပဒေနှင့် အညီ အရေးယူနိုင်ရန် ရဲအဖွဲ့သို့ လွဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၆ လအတွင်းက အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့မှ မြန်မာဘက်မှ ကျူးကျော် ၀င်ရောက်လာသော ငါးဖမ်းဘုတ် ၁၅ စင်းနှင့် အတူ လူ ၁၇၁ ဦးကို နီကိုဘာကျွန်းနှင့် အန္တမကျွန်းတွင် အနီးတွင် ဖမ်းဆီးခဲ့သည်ဟု အဆိုပါ သတင်းတွင် ဖေါ်ပြထားသည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */