“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, July 04, 2011

ဘင်္ဂလားဒေ့ရှ်မှာ ဓါတ်ငွေ့ကိစ္စ သပိတ်မှောက်

ဘီဘီစီ ။ ။ 03-07-2011 (ပေးပို့ သူ-ဗမာ့သွေး)
လူပေါင်း ၁ ရာကျော် အဖမ်းခံခဲ့ရပါတယ် ဘင်္ဂလားဒေ့ရှ် အစိုးရဟာ အမေရိကန် စွမ်းအင်ကုမ္ပဏီတခုကို သဘာဝဓါတ်ငွေ့ ရှာဖွေခွင့် ပေးလိုက်တဲ့အပေါ် ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ မြို့တော် ဒက္ကာမှာ ၆ နာရီကြာ သပိတ်ဆင်နွှဲခဲ့စဉ် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

လူပေါင်း တရာကျော်လည်း အဖမ်းခံခဲ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်မှာ သဘာဝဓါတ်ငွေ့ ရှာဖွေဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက အမေရိကန်က ကိုနိုကိုဖီးလစ် စွမ်းအင်ကုမ္ပဏီနဲ့ သဘောတူညီချက်တခု လက်မှတ်ရေး ထိုးခဲ့တာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် မြင့်မားလာနေတာကို ကူညီဖြေရှင်းပေးနိုင်လိမ့်မယ်လို့ အစိုးရက ပြောပါတယ်။ဒါပေမယ့်လို့ ရှာဖွေတွေ့ရှိသမျှ ဓါတ်ငွေ့ရဲ့ ၈ ရာခိုင်နှုန်းလောက်ကို တခြား တိုင်းပြည်တွေကို တင်ပို့ဖို့ အမေရိကန်ကုမ္ပဏီကို ခွင့်ပြုထားတယ်လို့ ​ဝေဖန်သူတွေက ပြောပါတယ်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */