“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 03, 2011

တရုတ်ပြည်ပြန် စစ်ဗျူဟာမှူး ယာဉ်တန်း ဗုံးခွဲ တိုက်ခိုက်ခံရ

Friday, 01 July 2011 18:33 သျှမ်းသံတော်ဆင့် (ပေးပို့ သူ-ဗမာ့သွေး)
လားရှိုးမြို့ အခြေစိုက်အရှေ့မြောက်ပိုင်းတိုင်း စစ်ဋ္ဌဌာနချုပ် လက်အောက်ခံ ကွတ်ခိုင်မြို့ အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးကျော်သူစီးနှင်းလိုက်ပါ လာသည့် စစ်ယာဉ်တန်းအားယမန်နေ့ညနေပိုင်းက အမည်မသိ လက်နက် ကိုင် အဖွဲ့တစ်ဖွဲ့မှ ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည် ။

ယခုလ ၂၈ ရက်နေ့ တရုတ်နိုင်ငံ မန်စီမြို့တွင် ပြုလုပ်သည့် နှစ်နိုင်ငံနယ်စပ်လုံခြုံရေးဆိုင်ရာ အစည်းအဝေး တက်ရောက် ပြီး အပြန် ကွတ်ခိုင်မြို့နှင့်နမ့်ဖတ်ကာကျေးရွာအကြားတွင် တိုက်ခိုက်ခံခဲ့ရကြောင်း စစ်ဘက် သတင်းရပ်ကွက်နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

၎င်းတိုက်ခိုက်မှုအတွင်း ဗိုလ်မှူးကြီးစိုးကျော်သူ ထိခိုက်ဒဏ်ရာရမှုမရှိသော်လည်း ဗျူဟာမှူးယာဉ်တန်း လုံခြုံရေးလိုက်ပါ လာသည့် မြန်မာစစ်သည်များ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည် ။“မန်စီမှာ အစည်းအဝေးတက် တစ်ညအိပ်ပြီး မနေ့ကအပြန်လမ်းမှာ ကွတ်ခိုင်နဲ့နမ့်ဖတ်ကာကြားပေါ့ ယာဉ်တန်းကို ဗုံးနဲ့ခွဲ တာ ဗျူဟာမှူးကတော့ ဘာမှမဖြစ်ဘူး သူ့လုံခြုံရေးလိုက်လာတဲ့ ရှေ့ပွိုင့်ကားက ရဲဘော်တွေ ဒဏ်ရာရသွားတယ် ” ဟု သူ က ဆိုသည် ။

မြန်မာအရာရှိတစ်ယောက် အပါအဝင် စစ်သည် ၄ ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု အတည်ပြု ပြောဆိုသော်လည်း မည်သည့် လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့သည်ကိုမူ မသိရပေ။မြန်မာစစ်ဗျူဟာမှူး ယာဉ်တန်းအား ဗုံးခွဲတိုက်ခိုက်မှုသည် သျှမ်းပြည် (မြောက်ပိုင်း) အတွင်း ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ် ဖြစ် သော် လည်း လွန်ခဲ့သည့်လပိုင်းမှစ၍ သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၊ နမ့်ခမ်းမြို့နယ်များတွင် ပြည်သူ့စစ် ၃ ဦး ပစ်ခတ် ခံရမှု အပါအဝင် လက်သည်မပေါ်သည့် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သေးသည် ။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */