“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, July 11, 2011

မြဝတီ တိုက်ပွဲဖြစ် ဗုံးကွဲ

မျိုးသန့် | တနင်္ဂနွေနေ့၊ ဇူလိုင်လ ၁၀ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၁၇ မိနစ် (Via Burmatwe)
ချင်းမိုင် (မဇ္ဈိမ)။ ။ မြဝတီမြို့တွင် ဗုံးတလုံး ပေါက်ကွဲပြီးနောက် ကရင် အမျိုးသား အစည်းရုံးနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များနှင့် မြို့စောင့် အစိုးရတပ်များ တနင်္ဂနွေနေ့ညတွင် ပစ်ခတ်မှုများ ဖြစ်ပွားနေသည်။

ကရင်ပြည်နယ် မြဝတီမြို့အထွက် ကော့ကရိတ်ဘက် အသွားလမ်းပေါ်တွင် ထိုင်းစံတော်ချိန် ည ၈ နာရီခွဲခန့်က စတင်ဖြစ်ပွားသော တိုက်ပွဲများသည် ယခုသတင်း ပေးပို့ချိန် ၉ နာရီ ၅ မိနစ်အထိ ဖြစ်ပွားနေသည်ဟု DKBA နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲ စတင်မဖြစ်မီ ၅ မိနစ်ခန့်အလိုက မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံး နောက်ဘက်တွင် ဗုံးတလုံး ပေါက်ကွဲခဲ့သေးသည်၊ အသေအပျောက် မရှိဟု ဒေသခံ တဦးက ပြောသည်။ အစိုးရ စစ်တပ်မှ အင်အား ၃ဝ ခန့်လည်း ယခုအချိန်တွင် ထိုရုံးကို လုံခြုံရေး ယူထားသည်ဟု ထိုမြို့ခံက ဆက်ပြောသည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */