“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, July 14, 2011

နိုင်မြန်မာ (သို့မဟုတ်) ကမ္ဘာမကြေဘူး ဟစ်ကြွေးသူ.


ကမ္ဘာမကြေဘူးသီချင်းကို ဗမာပြည်စစ်အစိုးရဆန့်ကျင်ရေး အဖွဲ့အစည်း များ၊ နိုင်ငံရေးအဖွဲ့များ လှုပ်ရှားဟစ်ကြွေး သူများနှင့် လူငယ်ကျောင်းသား အတော်များများ သိရှိနားလည်ဖူးကြမည် ဖြစ်သည်။ ထိုသီချင်း၏ စာ သားနှင့် တေးသွားသည်။ ကြေကွဲစရာလိုလို၊ လွမ်းမောစရာလိုလို၊ ပြီးတော့ ဟစ်ကြွေးစရာလိုလို၊ ရဲ့ရင့်စရာလိုလို။

မည်သို့ပင်ဖြစ်စေ ထို ကမ္ဘာမကြေဘူး သီချင်းသည်၊ ကျနော်တို့ အားလုံး၏ ဗမာပြည် (ဗိုလ်နေ၀င်း မဆလတပါတီ အာဏာရှင်အစိုးရနှင့် စစ်အစိုးရ ဆန့်ကျင်ရေး) စစ်အာဏာရှင်၊ စစ်ဗြူရိုကရက် ဆန့်ကျင်ရေးဖြစ်သော၊ ၁၃၅၀ ပြည့် အရေး တော် (သို့မဟုတ်) ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်း သမိုင်းရေး လိုအပ်ချက်အရ ပေါ်ထွက် ဟစ်ကြွေးခဲ့ရသော တော် လှန်ရေး တေးချင်းတပုဒ်ပဲ ဖြစ်သည်။

ယနေ့ချိန်ထိ ခံစား ထိရှနေရသော ဖြစ်မည်။ သူ့ကို ရင်နှီးသူ ရွယ်တူ သူ ငယ်ချင်းများက၊ “ငနိုင်” ဟုခေါ်သည်။ ငယ်ရွယ်သူ ကျနော်တို့က ကိုနိုင်ကြီး ဟု ခေါ်သည်။ ဘယ်လိုခေါ်ခေါ်၊ သူ့ အမည်မှာ “နိုင်ဦးမြင့်” ဖြစ် သလို၊ သူ့ကိုယ်သူ ကဗျာဆရာ တဦးအဖြစ်၊ ဆယ်ကျော်သက်ရွယ်ဘ၀များ လို ခံစားဖြတ်သန်း အိပ်မက်နေခဲ့သည်။ ကံဆိုးသည်မှာ ကမ္ဘာကျော်ဖို့ မပြောနှင့် နိုင်ငံကျော် ကဗျာဆရာအဆင့်သာ မရှိ၊ သူလို ကိုယ်လို သာမန် ကဗျာဆရာတဦး ဖြစ်ခဲ့သည်။

နောက်ဆုံးပြောရလျှင် ကဗျာဆရာတဦးအဖြစ် ပါရမီ မပါ၊ ကဗျာဆရာဖြစ်မည်သူတဦး မဟုတ်၊ သူကိုယ်တိုင်လည်း အတော် ကြကွဲသွားခဲ့ရမည်။ ထားတော့ သေချာသည်မှာ သူသည် (တနည်း) နိုင်မြန်မာ သည် ကဗျာဆရာဖြစ်သူ မဟုတ်၊ တေးရေးဆရာတဦး ဖြစ်မည်သူ၊ ပါရမီရှင်တဦးသာ ဖြစ်သည်။ သက်သေပြချက်၊ တကယ့်သက်သေပြချက်၊ သူက တတ်နိုင်သူတို့၏ လေဒီယို၊ ကက်ဆက်ခေါ်၊ တေးသီချင်းများကို မခံစားနိုင်၊ ၀ယ်ယူ နားမထောင်နိုင်။

မြန်မာအသံ၊ အင်္ဂလိပ်ပိုင်း အစီအစဉ်မှ ထုတ်လွှင့်သော တေးဂီတ (နိုင်ငံခြားသီချင်းများကို ခံစားနားဆင်ရင်း သူ၏ နိုင်ငံကျော် (၀ါ) ဆယ်ကျော်သက်လူငယ်များလို သက်ဝင်နိုင်မည့် ကိုယ်ပိုင်သံစဉ် သီချင်းများ၊ သူ့ ကိုယ်ပိုင် (ပုဂ္ဂလိ က) တေးသံစဉ် စာသားများကို၊ သူ့ခေတ် သူ့ကာလအရ ဖန်တီးဖေါ်ထုတ်ခဲ့သူ၊ တေးရေးဆရာတဦး (တနည်း) ကိုယ် ပိုင်သံ စဉ်တေးရေးဆရာတဦးသာ ဖြစ်သည်။ ထားပါတော့ ကဗျာဆရာ မဖြစ်ခဲ့သည့် တေးရေးဆရာ လူထူးလူဆန်း တဦး။

ရှစ်လေးလုံးအရေးတော်ပုံ မဖြစ်ခင်၊ သူ၏ ဒဿနနှင့်တော်လှန်ရေးဆန်သော ယောနသန်ဇင်ယော် သီချင်းကို ပြန် လည် လေ့လာ ခံစားကြည့်ပါ။ နားစွင့်ကြည့်ပါ။ ဥပမာ ကျနော် စာသားတချို့ ရွတ်ပြပါမည်။ “သူတကာထဲမှာတော့၊ ဘယ်သူနဲ့မှလဲ မတူပါဘူး။ ဒီလူတယောက်ရဲ့ ဖြစ်စဉ်၊ သမိုင်းကြောင်းကို ပြန်လည်ကာ သုံးသပ်ကြည့်တော့လေ” ဟူသောစာသားက ထိုစဉ်က သူသည်တော်လှန်ရေး လမ်းကြောင့်ပေါ်ရောက်နေပြီ ဖြစ်သည်။ သို့သော် သို့သော် ချစ် ခြင်းနှင့် အိပ်ထောင်ရေးသည် သူ့ဘ၀ သူ့ ဒဿနနှင့် သူ့အတွေးအခေါ်၊ ရဲရင့်ပြတ်သားမှုများထဲ ရောက်ရှိလာပြီ ဖြစ် သည်။ ချန်ကေရှိတ် က “ကွန်မြူနစ်မှန်လျှင် မိန်းမပေးစားလိုက်၊ ဒါဆို ok” ဟု လျော့ရဲကျဆင်းမှု ဖြစ်စဉ်ကိုပြောဆို လုပ်ကိုင်ခဲ့သည်။

သူ့ ဖြစ်စဉ် ထိုသို့မဟုတ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း၊ နိုင်ငံကျော် ကမ္ဘာမကြေဘူး “တေးချင်းကို ရေးစပ်သီ ဆိုရင်း (သူတတ်နိုင်သမျှ) ရန်ကုန်ဝန်းကျင်တခွင်၊ သူ့ ချာတိတ်၊ ချာတိတ်မများဖြင့် လှည့်လည်သီဆိုဟစ်ကြွေး၊ သ မိုင်းတာဝန် ကျေပြွန်ဆောင်ရွက်ခဲ့ရှာ၏၊ ထို “ကမ္ဘာမကြေဘူး” သီချင်းဖြင့် သူ၏ နံရိုးသုံးချောင်းကို စတေး၍ သီဆို ဟစ်ကြွေး ခဲ့ရရှာသည်။ ဒါသည် ပုံပြင်မဟုတ်၊ ဒဏ္ဍာရီမဟုတ်၊ တကယ့်ရာဇ၀င် ဖြစ်သည်။ သေချာသည်မှာ သူသည် နိုင်ငံရေးနားမလည်၊ နိုင်ငံရေးသမားမဟုတ်၊ အနုပညာသမား၊ ဂီတသမား သာမန် တေးရေးဆရာတဦး သာ ဖြစ်သည်။

သူတတ်နိုင်သမျှ သူကျွမ်းကျင်သမျှ တေးဂီတ၊ သီချင်းများမှတဆင့်၊ ဗမာပြည်သူလူထုကြီးတရပ်လုံး ဗိုလ်နေ၀င်း (မဆလတပါတီအာ ဏာရှင်စနစ်) စစ်အာဏာရှင်စနစ် စစ်အစိုးရတို့ကို အခွင့်အခါသင့်ခိုက် ဆန့်ကျင်အံတု တိုက်ပွဲဝင် ခဲ့သူ၊ နောင်တော် ခွပ်ဒေါင်း ဂီတဆရာ တဦးပဲ ဖြစ်သည်။ နိုင်မြန်မာလို ဂီတဆရာများ ဗမာပြည်တွင် များများပေါ်ထွက် လာစေချင်သည်။ အဆက်မပြန်ပေါ်ထွက် အဆက်မပြတ် ပေါ်ထွက်လာစေချင်၏ သူ့ကို န၀တ – နအဖ စစ်အစိုးရ အဆက်ဆက်က နိုင်မြန်မာ နာမည် သုံးခွင့်နှင့် တေးရေးခွင့်များ တချက်လွှတ် ပိတ်ပင်ခဲ့ကြသည်။ ထိုဒဏ်ကို သူ့ ရင်စီးခံခဲ့ရသည်။

ဒါတွေကို မည်သူမျှမသိ၊ သိနိုင်ဖို့လည်း မလွယ်။ သေချာသည်မှာ ကမ္ဘာမကြေဘူးသီချင်းကို နိုင်မြန်မာ (ခေါ်) နိုင်ဦးမြင့် သည်၊ သူ့ ဘ၀ မိသား စုနှင့်ချီ၍ ရင်းနှီး ပေးဆပ်ခဲ့ရသူ၊ တေးရေးဆရာ ဂီတရူးသွတ်သူ ကျနော်တို့ အကို တဦးပဲ ဖြစ် ပါသည်။

“သမိုင်းဟူသည် ကာလတခု၌ အမှောင်ထုအောက် နစ်မြုပ်နေတတ်သော်လည်း တကယ့် အစစ်အမှန် သမိုင်းဟူသည်။”

ကိုဆက်
http://www.naytthit.net/?p=15345

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */