“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 10, 2011

ဂတ်စ်ပိုက်များထားရန် ဒေသခံများ ပိုင်ဆိုင်သည့် မြေတချို့ အသိမ်းခံရ

ထွန်းထွန်း News Date:7/8/2011 နိရဉ္စရာသတင်းဌာန Via Burmatwe
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ စိုက်ပျိုး မြေတချို့ကို ဂတ်စ်ပိုက်များ ထားရှိရန် အတွက် သက်ဆိုင်ရာနှင့် ကုမ္ပဏီတစ်ခုမှ ငွေတပြားတချပ်မှ မပေးဘဲ ယာယီ သိမ်းပိုက်ထားသဖြင့် နစ်နာမူ ရှိနေကြောင်း သတင်း ရရှိသည်။

အဆိုပါ သိမ်းပိုက်ထားသောမြေမှာ ၆ ဧကခန့် ရှိပြီး ကျောက်ဖြူမြို့ အနောက်တောင်ဘက် ၄ မိုင် အကွာတွင် တည်ရှိသော ကံ့ကော်တော ဘုရားမြေနှင့် ဂုံးချိန်ကျေးရွာသားများ ပိုင်ဆိုင်သော မြေများ ဖြစ်ကြောင်း သိရသည်။

မြေများကို ယာယီ သိမ်းဆည်းထားသော ကုမ္ပဏီမှာ MGC ကုမ္ပဏီ ဖြစ်ပြီး သိမ်းပိုက်ရာတွင် နှစ်စဉ်နှစ်တိုင်း ဘုရားပွဲ ကျင်းပ ပြုလုပ်သည့် ကွင်းပြင်အနီးရှိ စိုက်ပျိုး မြေများ ပါဝင်နေသဖြင့် ဒေသခံများ နစ်နာမူ ရှိနေကြောင်း ဒေသခံ လူငယ် တစ်ဦးက ပြောသည်။

"လွန်ခဲ့တဲ့ လအငယ်ကစပြီး ဂတ်စ်ပိုက်လိုင်း တည်ဆောက်မယ့် ပိုက်လုံးတွေထားဖို့ဆိုပြီး ယာယီ သိမ်းထားပါတယ်။ တန်ရာတန်ကြေး မရပါဘူး ခင်ဗျား။ ပိုက်ဆံ မပေးပါဘူးခင်ဗျား။ စိုက်ပျိုးရေး မလုပ်နိုင်တော့ နစ်နာမူတွေ ရှိနေပါတယ်။ ခေတ္တခဏဆိုပြီး ကျေးရွာသားတွေကို ပြောပြီး သိမ်းထား တာပါ" ဟု ပြောသည်။

ပိုက်လုံးများ မရောက်ရှိသေးသော်လည်း ယခုအခါ အဆိုပါ မြေကွက်လပ်များကို ပိုက်လုံးများ ထားရန်အတွက် သဲအိတ်များဖို့နေကြောင်း သိရသည်။

" သဲအိတ်တွေကို ကျောက်ဖြူမြို့နဲ့ ၁၈ ကနေ ၂၀ မိုင် အထိဝေးတဲ့ မင်းပြင် ကျေးရွာ အလွန်က ယူလာတာ ဖြစ်ပါတယ်။ အဲဒီမှာ သဲစုပ်စက်နဲ့ စုပ်ထားသဲတွေကို အိတ်တွေမှာ ထည်ပြီး စက်လှေတွေနဲ့ သယ်ယူ ပြောင်းရွှေ့ပြီးတော့ ပိုက်လုံးတွေ ထားမယ့်နေရာကို အမာခံ လုပ်နေပါတယ်" ဟု သူက ဆက်ပြောသည်။

ဒေသခံ လူငယ် အင်ဂျင်နီယာ တစ်ဦးကလည်း အဆိုပါ မြေများကို ယာယီ သိမ်းယူထားကြောင်းကို ယခုကဲ့သို့ အတည်ပြု ပြောဆိုသည်။

" အခု မြေကိစ္စက ကုမ္ပဏီနဲ့ မဆိုင်ပါဘူး။ ပိုက်လုံးတွေ ထားမယ့်နေရာကို အစိုးရက တာဝန် ယူထားတော့ ဒေသ အာဏာပိုင်တွေက စီစဉ်ပေးတဲ့ မြေကွက်မှာ ပိုက်လုံးတွေထားဖို့ စီစဉ်တာ ဖြစ်ပါတယ်။ အစိုးရက ပိုက်ဆံ လျော်ကြေး ပေး မပေးတော့ ကျွန်တော်တို့ မသိဘူး။ မပေးဖို့တော့ များပါတယ်။ ဒီမှာက ခုလို ပေးရိုး ထုံးစံ မရှိဘူးဗျာ" ဟု ပြောသည်။

၎င်းပြင်သူက ပိုက်လုံးများ ယခုလကုန်တွင် ရောက်မည် ဖြစ်ကြောင်းနှင့် ပိုက်လုံးအမျိုးအစားများကို ယခုကဲ့သို့ ပြောဆိုသည်။

" ပိုက်လုံးက အမျိုးအစား ၂ မျိုး ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အတို ပိုက်လုံးကတော့ ၃၆ ပေ ရှိပြီး ၊ အရှည် ပိုက်လုံးကတော့ ၄၀ ပေ ရှိပါတယ်။ ပိုက်လိုင်းဝ အကျယ်ကတော့ လက္မ ၄၀ ဖြစ်ပါတယ်။ သဲအိတ်တွေ ဖို့ပီးရင် ဒီလကုန်ပိုင်းမှာ ပိုက်လုံးတွေ ရောက်လာမှာ ဖြစ်ပါတယ်။ ဘယ်အချိန်ထိ ပိုက်လုံးတွေကို အဲဒီ မြေကွက်တွေမှာ ထားမယ်ဆိုတာ တိတိကျကျ မပြောနိုင်ပါ" ဟု သူက ပြောသည်။

၎င်းနည်းတူ MGC စက်ရုံအနီးနားရှိ တခြားမြေကွက်များလည်း သိမ်းဆည်းခံရမည့် အခြေအနေ ရှိနေသဖြင့် တချို့ကျေးရွာ သားများမှာ စိုးရိမ် ကြောင့်ကြ နေကြသည်ဟု သိရသည်။

ဂတ်စ်ပိုင်လိုင်း ထားရှိရန် စိုက်ပျိုးမြေများအား ယာယီ အသိမ်းဆည်းခံထားရသော်လည်း မြေပိုင်ရှင်များမှ တစုံတရာ သက်ဆိုင်ရာသို့ တိုင်ကြားမှု မရှိကြောင်းနှင့် သို့သော်လည်း ယခုကဲ့သို့ သိမ်းပိုက်ထားမူ အပေါ် သူတို့က ကျေနပ်မှု မရှိကြောင်း သိရသည်။


Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */