“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 23, 2011

SSPP/SSA နှင့် မြန်မာစစ်တပ် အပြန်အလှန် ဝန်းရံတိုက်ခိုက်

Wednesday, 22 June 2011 23:32 သျှမ်းသံတော်ဆင့် (ပေးပို့ သူ-ဗမာ့သွေး)
သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ကျေးသီးမြို့ နယ်ရှိ တပ်စခန်းတခုအား မြန်မာစစ်တပ် အင်အား ၃-၄ ရင်းပူးပေါင်း၍ ယမန်နေ့ မနက်ပိုင်းမှစ၍ထိုးစစ် ဆင်တိုက်ခိုက်ရာ ယနေ့မနက်ပိုင်းအထိစခန်းအပြင် ဖက်၌ အပြန်အလှန် ဝန်းရံထားကြ ကြောင်းဝမ့်ဟိုင်း ဌာနချုပ်မှ အရာရှိတဦးကပြောသည်။“ မနေ့ကမနက် ၈ နာရီ ၁၅ မှာစပစ်တယ်။ မြန်မာစစ်တပ်ဖက် သီပေါ မုံးလာက ခလရ ၁၄၇ ၊ မိုင်းနောင် ခလရ ၂၈၆၊ မိုင်းရယ် ခမရ ၃၂၅ ၊ နမ့်လန် ၅၀၄ စတဲ့ ပူးပေါင်းတပ်အချို့ ပါတာတွေ့ရတယ်။

လက်နက်ကြီးတွေနဲ့ ချ တယ်။ ကျနော်တို့ တာ့ဖာဆောင်တပ် စခန်း က အင်အား ၃၀ လောက်နဲ့ဘဲခံစစ်ဆင်နေပါတယ်” ဟု အဆိုပါ အရာရှိ ကပြောသည်။သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တာ့ဖာဆောင်တပ်စခန်းမှာ သီပေါ-ကျေးသီး မိုင်းရယ်ကြား နမ့်ဟဲန်ချောင်း အနီး ရှိ ကျေးသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာအုပ်စုတွင်ဖြစ်သည်။ ၈ နာရီ ၁၅မိနစ်ကစသည့် တိုက်ပွဲမှာ ပစ်လိုက်ရပ်လိုက်ဖြင့် ညပိုင်း အထိ ပစ်ခတ်ခဲ့ကြပြီး ယနေ့ မနက်ပိုင်းအထိအပြန်အလှန်အင်အား ဖြည့်ကာ နှစ်ဘက်အထပ်ထပ်ဝန်းရံနေကြသေး ကြောင်း ဝမ့်ဟိုင်းမှ သျှမ်းပြည်တပ်မတော်အရာရှိကပြော သည်။


Tang_Yanတိုက်ပွဲဖြစ်ပွါးရာနေရာပြမြေပုံ

“ အဲဒီတာ့ဖာဆောင်စခန်းမှာ ကျနော်တို့ တပ်မဟာ ၃၆ ရဲ့ တပ်ရင်း ၇၆၆ ရှိတယ်လေ။ ဗမာစစ်တပ်ကလှုပ်ရှား စစ်ဗျူဟာ ၂ လက်အောက်ခံ ခလရ ၂၂ က ကျနော် တို့စခန်းကိုဝိုင်းရံလိုက်တယ်။ သူတို့မှာ အင်အား ၇၀ လောက်ရှိမယ်။ မိုင်းရယ်အခြေစိုက် ခလရ ၆၇ ကို သူတို့စစ်ကူထပ်တောင်းထားတယ်။ ကျနော်တို့ရဲ့ တပ်မဟာ ၂၇ ရဲ့ တပ်ရင်း ၁၈၇ က ဗမာစစ်သားတွေရဲ့ အပြင် ဖက်ကနေ ဝိုင်းပတ်ပိတ်စို့တိုက်ခိုက်တယ်။ တိုက်ပွဲက မနက် ၈ ခွဲကနေ ည ၁၀ နာရီခွဲလောက်အထိ သေနတ် ဖေါက် နေတုန်း”အဆိုပါတိုက်ပွဲမှ သေကြဒဏ်ရာရမှုကိုမူ မသိရသေးဟုလည်းဆိုပါသည်။“

ကျနော်တို့နယ်မြေအကြောင်း ကျနော်တို့လောက် ဘယ်သူကသိနိုင်မှာလဲ မဟုတ်ဘူးလား။ ဒီတိုက်ပွဲမှာ ဗမာတပ်တွေ ဘယ်လောက်သေတယ်ဆိုတာ မသိရသေးပေမယ့် သူတို့ အများကြီး သေကြေဒဏ်ရာရမှာ သေချာတယ်။ သန်းခေါင် လောက်ကစပြီး ပစ်ခတ်တိုက်ခိုက်တာ တွေ မရှိတော့ပေမယ့် ဒီမနက်အထိ နှစ်ဘက် အပြန်အလှန်ပိတ်ဆို့ထားတုန်း” ဟုလည်း ပြောဆိုလိုက်သည်။

အလားတူ ၁၇ ရက်နေ့က ဖြစ်ပွါးခဲ့သော တိုက်ပွဲများအနက် တန့်ယန်း - လားရှိုး ကားလမ်းပေါ် ရှိမိုင်းရယ်မြို့ နယ် ဟိုယ အုပ်စု၌မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင် တကြိမ် ညနေ ၅ နာရီခွဲတွင်တကြိမ် မြန်မာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော် တို့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းလည်း SSPP/SSA အရာရှိတဦးကထပ်လောင်းဖြည့်စွက် သည်။“ ၁၇ ရက်နေ့တုန်းက မိုင်းရယ်မြို့နယ် ဟိုယ အုပ်စုမှာ တိုက်ပွဲတကြိမ်ဘဲ သျှမ်းသံတော်ဆင့်က သတင်း ထုတ်လွှင့်သွား တာတွေ့ရတယ်။

တကယ်တော့ အဲနေ့ ဟိုယမှာဘဲ ၂ ကြိမ်ဖြစ်ခဲ့ပါတယ်။ နေ့ခင်း ၁ နာရီ မိနစ် ၄၀ က ဟိုယအုပ်စု နမ့်တောင်တွေ-ဟိုတုန်းရွာနားမှာ SSPP/SSA ရဲ့ တပ်မဟာ ၁ တပ်ရင်း ၈၅၁ က မြန်မာစစ်တပ်ရဲ့ ခလရ ၆၇ နဲ့ ဗိုလ်မွန်း -မန့်ပန်ဌာနေ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နဲ့ ပစ်ခတ်ခဲ့ရတယ်။ မြန်မာစစ် တပ်ဖက်က ၃ ယောက်သေ တယ်။ သူတို့ရဲ့ M 22 တလက်သိ ရမိတယ်။

နောက် ညနေ ၅ နာရီခွဲကျတော့ SSPP/SSA တပ်မဟာ ၁ ရဲ့ အမှတ် ၉ မြို့နယ်အုပ်ချုပ်ရေး တပ်က မိုင်းရယ်အခြစိုက်မြန်မာတပ်နဲ့ ဟိုယ အုပ်စု မှာတိုက်ပွဲထပ်ဖြစ်တယ်။ အဲ့မှာလဲ ဗမာဖက်က ၃ ယောက်သေတယ်။ တပ်ကြပ်ကြီးတယောက်ပါ တယ်။ သူတို့ရဲ့ MA 1လက်နက်တလက် ရတယ်” ဟု ဆိုပါသည်။သျှမ်းပြည်တပ်မတော်အားထိုးစစ်ဆင်တိုက်ခိုက်နေမှုအပေါ် ဝမ့်ဟိုင်းဌာနချုပ်သိမ်းပိုက်နိုင်ရေးအတွက်ဓါတု လက်နက်သုံးသင့်က သုံးရမည်ဟု နေပြည်တော်စစ် ရုံးချုပ်မှ အမိန့်ချကြောင်း ခိုင်လုံသောလားရှိုးစစ်တိုင်း ရုံး သတင်းရပ်ကွက် ကသျှမ်းသံတော်ဆင့်သို့ပြောပြဖူးသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */