“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, June 22, 2011

FP ၏ ကမ္ဘာ့နိုင်ငံ အမည်ပျက် စာရင်းတွင် မြန်မာပါဝင်

တာကလူး
အမေရိကန် ၀ါရှင်တန် အခြေစိုက် Foreign Policy ခေါ် နိုင်ငံခြားရေးပေါ်လစီရေးရာ မဂ္ဂဇင်းက ကမ္ဘာတစ်ခုလုံးရှိ နိုင်ငံ အမည်ပျက် စာရင်းကို ရေးသားထုတ်ဝေရာတွင် မြန်မာနိုင်ငံကိုလည်း ထည့်သွင်း ဖေါ်ပြထားသည်။


ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့က ထုတ်ဝေလိုက်သည့် FP မဂ္ဂဇင်းတွင် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၆၀ ကို စာရင်းပြုစု ဖေါ်ပြထားရာတွင် မြန်မာနိုင်ငံကို နံပါတ် ၁၈ နေရာ၌ စာရင်းသွင်း ဖေါ်ပြ ထားခြင်း ဖြစ်သည်။

အဆိုပါ နိုင်ငံများတွင် လူ့ဂုဏ်သိက္ခာကို မလေးစားမှု၊ လုံခြုံရေး ကင်းမဲ့မှု နှင့် ဆင်းရဲမွဲတေ မှုများရှိနေပြီး၊ ပြည်သူများက အသက်ရှင်ရည်တည်ရေး အတွက် နေ့တဓူဝ ရုန်းကန်နေရချိန်တွင် အစိုးရများမှာ သူတို့၏ အာဏာ ရေရှည်တည်မြဲရေးအတွက်သာ လုံးပန်းနေကြကြောင်း ရေးသား ဖေါ်ပြထားသည်။

မြန်မာနိုင်ငံအကြောင်း ရေသားထားရာတွင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပခဲ့ပြီး အစိုးရ ခေါင်းဆောင်သစ်ကို ရွေးချယ်တင်မြှောက်ခဲ့သည်ဟု ဆိုသော်လည်း ဒီမိုကရေစီ အတိုက်အခံ အင်အားစုများကို နည်းမျိုးစုံဖြင့် ကန့်သတ် ချုပ်ချယ် ထားကာ စစ်အစိုးရကသာ နိုင်ငံ၏အာဏာကို ထိမ်းချုပ်ထားဆဲဖြစ်ပြီး၊ တိုင်းပြည်ကို ၂၂ နှစ်ကြာ အုပ်ချုပ်လာခဲ့ကြသည့် စစ်ဗိုလ်ချုပ်ကြီးများမှာ စစ်မှန်သော ဒီမိုကရေစီ အသွင် ကူးပြောင်းရေး နှင့် အမျိုးသားရင်ကြားစေ့ရေးတို့အတွက် အခွင့် အခါကောင်း တစ်ခုကို တလွဲပြုလုပ်လိုက်ကြကြောင်း ရေးသားဖေါ်ပြထားသည်။

၎င်းအပြင် မြန်မာအစိုးရမှ တိုင်းပြည်ဘဏ္ဍာ၏ ထက်ဝက်နီးပါးကို စစ်တပ်ကို အင်အား ဖြည့်တင်း ရာတွင် အသုံးပြုနေသောကြောင့် တိုင်းပြည် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းမှာ ဆင်းရဲ မွဲတေစွာဖြင့် အသက်ရှင် နေထိုင်နေကြရကြောင်း၊ အစိုးရကို ဆန့်ကျင်သည့် လူထုအုံကြွမှုများ ဖြစ်ပေါ် လာတိုင်း တွင်လည်း ရက်စက်စွာ နှိပ်ကွပ်ပစ်လေ့ ရှိကြောင်းလည်း ရေးသားထားသည်။

ထိုသို့ရေးသားဖေါ်ပြချက်များနှင့် အတူ လွန်ခဲ့သော ဒီဇင်ဘာလအတွင်းက မြန်မာစစ်တပ်မှ ကရင် တော်လှန်ရေး တပ်ဖွဲ့ကို ထိုးစစ် ဆင်ခဲ့စဉ် အတွင်း ထိုင်းနယ်စပ်သို့ ထွက်ပြေးလာခဲ့ကြသည့် ဒုက္ခသည် ၂၀၀၀၀ ကျော်ထဲမှ သံတိုင်များဖြင့် ကာရံထားသည့် အခန်းထဲမှ အပြင်သို့ လှမ်းကြည့် နေသည့် ကလေးငယ်များနှင့် အမျိုးသမီးများကို ရိုက်နှိပ်ထားသည့် ဓါတ်ပုံတစ်ခုကိုလဲ ငရဲပြည်မှ ပို့စကတ်ဓါတ်ပုံ ဟု ခေါင်းစဉ်တပ်ကာ ဖေါ်ပြပေးထားသည်။

ထိုသို့ FB မဂ္ဂဇင်းတွင် ဖေါ်ပြထားသည့် အဆိုးဝါးဆုံး နိုင်ငံ အမည်ပျက် ၆၀ တွင် ထိပ်ဆုံး ၁၀ နိုင်ငံမှာ ဆိုမာလီယာ၊ ချတ်၊ ဆူဒန်၊ ကွန်ဂို၊ ဟေတီ၊ ဇင်ဘာဘွေ၊ အာဖဂန်နစ္စတန်၊ အာဖရိက အလယ်ပိုင်း သမ္မတနိုင်ငံ၊ အီရတ် နှင့် အိုင်ဗိုရီကို့စ် နိုင်ငံများဖြစ်ကြပြီး၊ အများစု မှာ အာဖရိကတိုက်မှ နိုင်ငံများ ဖြစ်ကြသည်။

အာရှတိုက်မှ မြန်မာနှင့် အတူ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကလာ၊ နီပေါ နှင့် ဘူတန်နိုင်ငံများကိုလည်း နိုင်ငံအလိုက် စစ်တမ်းများအရ ထည့်သွင်းဖေါ်ပြထားသည်။

FP ၏ ၂၀၁၀ခု ဇွန်လထုတ် မဂ္ဂဇင်းတွင်လည်း ကမ္ဘာတ၀ှန်းမှ အဆိုးတကာ့ အဆိုးဆုံး အာဏာရှင် ၂၃ ဦးကို အစီလိုက်သင့် စာရင်းသွင်း ဖေါ်ပြရာတွင် မြောက်ကိုးရီးယား သမ္မတ ကင်ဂျုံအိ၊ ဇင်ဘာဘွေ သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ရောဘတ်မူဂါဘီတို့နှင့်အတူ မြန်မာနိုင်ငံမှ နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တတိယ အဆိုးဆုံး အာဏာရှင် အဖြစ် ဖေါ်ပြခဲ့သည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */