“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, June 06, 2011

အကျင့်ပျက်ခြစားနေသော အုပ်ချုပ်ရေးကဏ္ဍ

Yaung Sin to bcc: me 1:46 AM (4 hours ago)
မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရနှင့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းပေါ်

ပေါက်လာပြီဟု အာဏာရှင်တစ်စုမှ ကမ္ဘာသိကြေငြာထားသော်လည်း လက်တွေ့ တွင်မူ အသွင်သဏ္ဍာန်

သာပြောင်းလဲပြီး အနစ်သာရမှာပြောင်းလဲမရှိပေ။ထိုသို့ပြောင်းလဲခြင်းမရှိကြောင်းကို အရာရှိဆိုးများအကျင့်ပျက်

ဝန်ထမ်းများ၏ လုပ်ရပ်များက သက်သေခံနေသည်။အရာရှိဆိုးများ၏ လက်အောက်ငယ်သားများပေါ်ဖိနှိပ်

ဆက်ဆံမှုများ၊ လဘ်ပေးလဘ်ယူမှုဖြစ်စဉ်များမှာ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးဏ္ဍနှင့်တရားစီရင်ဏ္ဍများတွင်

အမြစ်တွယ်နေသော အနာဟောင်းများအဖြစ်တည်ရှိနေဆဲဖြစ်သည်။အကျင့်ပျက်ဝန်ထမ်းများ၏ပြည်သူများအ

ပေါ်မတရားအုပ်ချုပ်အနိုင်ကျင့်မှုများမှာယခုထိဖြစ်ပွားနေဆဲဖြစ်သည်။ရန်ကုန်တိုင်းသန်လျင်မြို့ နယ်

မြို့ မတောင်ရပ်ကွက်၏ရပ်ကွက် ဥက္ကဌ ဖြစ်သူ ဦးဌေးအောင်သည်လည်း ရပ်ကွက်ပြည်သူများအပေါ် မတရားလဘ်စားမှုများနှင့်အနိုင်ကျင့်အုပ်ချုပ်သူတစ်ဦးဖြစ်ကြောင်းသန်လျင်မြို့နယ်တွင်သတင်းကြီးသူ

ဖြစ်သည်။

မြို့ မတောင်ရပ်ကွက် ဥက္ကဌ ဦးဌေးအောင်သည် လျပ်စစ်မီတာလျှောက်ရန်အတွက် ရပ်ကွက်

ထောက်ခံစာယူလျှင် ငွေကျပ်(၂၀၀၀) ရိုးရိုးခရီးသွားထောက်ခံစာယူလျှင် ငွေကျပ်(၅၀၀) ဧည့်စာရင်းအတွက်

(၃၀၀)စသဖြင့် ရပ်ကွက်ရန်ပုံငွေအဖြစ် မတရားကောက်ခံနေသည်။ထို့အပြင် ရပ်ကွက်တွင် အိမ်အရောင်းအ

ဝယ်လုပ်လျှင် အသိသက်သေအဖြစ် ရပ်ကွက်လူကြီးများနှင့်အတူ ရပ်ကွက်ရုံးတွင် စာချုပ်ချုပ်ဆိုပါက ရောင်း

သူနှင့်ဝယ်သူပေါင်းပြီး အလှူငွေ(၆၀၀၀၀)မပေးမနေရပေးရသည်။ မြို့ မတောင် ကွက်သစ် ရတနာပုံလမ်းရှိ

မြေကွက်တစ်ကွက်အား(၄၇)သိန်းနှင့်အရောင်းအ၀ယ်လုပ်ရာရပ်ကွက်ရုံးတွင်အရောင်းအ၀ယ်စာချုပ်ချုပ်ဆို

သည်အခါတွင်ဥက္ကဌ ဦးဌေးအောင်က မြေကွက်ပိုင်ရှင် နှင့်ဝယ်သူထံမှငွေကျပ်(၆၀၀၀၀)တောင်းသည့်အပြင် ရ.ယ.ကအဖွဲ့ ဟုဆိုကာ သီးသန့် ငွေကျပ်(၃၀၀၀၀)ထပ်မံတောင်းခံသဖြင့် မြေကွက်ပိုင်ရှင် နှင့် ၀ယ်သူကမကျေနပ်ဖြစ်ကာမပေး နိုင်ဟုဆိုသဖြင့်ရပ်ကွက်ရုံးတွင်စကားများကြောင်းသိရသည်။ထိုကဲ့သို့ ဖြစ်

စဉ်များမှာ မကြာခဏဖြစ်ပွားနေပြီး ရပ်ကွက်ပြည်သူများက မတရားမှန်းသိသော်လည်း ဦးဌေးအောင်သည် ခရိုင်အုပ်ချုပ်ရေးမှူးအား ပိုင်သည်ဟုမိမိကိုမိမိပြောသည့်အပြင် အထက်ထိပေါက်ရောက်သည်ဟုသတင်းကြီး

သဖြင့် မည်သူမျှမတိုင်ရဲပဲ ခေါင်းငုံခံနေကြရသည်။ဦးဌေးအောင်မှဤသို့မတရားငွေကောက်ခံသောလည်း ရပ်ကွက်အကျိုးတစ်ပြားတစ်ချပ်မှ သုံးစွဲခြင်းမရှိသည့်အပြင် မြို့ မတောင်ကွက်သစ်နှင့် နယ်နိမိတ်ချင်းထိ

စပ်နေသော သန်လျင်မြို့  အမှတ်(၁) ရေနံချက် စက်ရုံတွင်းရှိ ရေနံများအား ရေနံမှောင်ခိုသမားများက ရဲများနှင့်ပေါင်းရ်ျ ခိုးထုတ်ရာတွင် ညဘက် ရေနံသယ်ထုတ်ရာ လမ်းကြောင်းဖြစ်သော မြို့ မတောင်

ရပ်ကွက် သတိပဌာန်လမ်းတစ်လျှောက်ကို မည်သည့် လမ်းမီးမှတပ်ဆင်ခြင်းမရှိပဲ အမှောင်ချထားပေး

သည်။သန်လျင်မြို့ အမှတ်(၁)ရေနံချက်စက်ရုံတွင်းမှ ရေနံများကိုခိုးထုတ်ရာတွင် ရေနံချက်စက်ရုံဝင်း

နှင့်ထိစပ်နေသော ဗိုလ်ချုပ်ကျေးရွာ အုတ်ကျင်းပိုင်းမှတဆင့် သတိပဌာန်လမ်းကိုဖြတ်ရ်ျ တရားမ၀င်ဆီ

မှောင်ခို ဒိုင်များဆီသို့ ဆိုင်ကယ် ကယ်ရီများဖြင့် တင်ပို့ခြင်းဖြစ်သဖြင့် ဗိုလ်ချုပ်ကျေးရွာ ဥက္ကဌ ၊ နယ်မြေခံ

ရဲကင်းများ၊နယ်ထိန်းများ ရေနံအရာရှိများနှင့်မြို့မတောင် ဥက္ကဌ တို့အား ရေနံမှောင်ခိုသမားများက ရေနံခိုးထုတ်ခြင်းမှ ရရှိသည့်ငွေ၏ သုံးပုံပုံနှစ်ပုံကို သွားရောက်ပေးရသည်။ထိုငွေကို၎င်းဥက္ကဌနှစ်ဦး

နှင့် ရဲများကဝေမျှယူကြကြောင်းသိရသည်။ရေနံလုံခြုံရေးအရာရှိများကလဲ မိမိတို့ ကိုလိုင်းကြေးပေးထားသူ

မှောင်ခိုသမားများကို လွှတ်ပေးသည်။လိုင်းကြေးပေးရန် ပျက်ကွက်သူများကိုသာဖမ်းဆီးသည်။ရေနံအရာရှိ

အချို့ နှင့် ရဲအချို့ပေါင်းပြီး မှောင်ခိုသမားများအား တရားမ၀င်အကာအကွယ်ပေးနေကြပြီး အဆိုပါဆီမှောင်ခို

လမ်ကြောင်းမှ တစ်ရက်လျှင် အမှတ်(၁)ရေနံချက်စက်ရုံအတွင်းမှ ဆီဂါလံ(၂၀၀)ကျော်ထွက်ရှိနေကြောင်း

ကိုယ်တိုင်ဆီသယ်ပို့ ပေးဘူးသူတစ်ဦးထံမှသိရသည်။၎င်းကဆက်လက်ပြောကြားရာတွင် ဆိုင်ကယ်တစ်စီးလျှင်

ဆီ(၂၀)ဂါလံ နှစ်အိတ် သယ်ဆောင်နိုင်ပြီး တစ်ညလျှင် အနည်းဆုံး (၄)ခေါက်ခန့် သယ်ဆောင်ပေးရပြီး

တစ်ခေါက်လျှင် ဆိုင်ကယ် ကယ်ရီဖိုး (၃၀၀၀)ရရှိသည်ဟုဆိုသည်။ထိုသို့သန်လျင်မြို့ နယ်အတွင်းရှိ အုပ်

ချုပ်ရေးအရာရှိများနှင့် ရဲများ လဘ်ပေးလဘ်ယူမှုများနှင့် အကျင့်ပျက်ခြစားနေကြသော်လည်း နိုင်ငံတော်

အာဏာပိုင်များက တစ်စုံတစ်ရာအရေးယူခြင်းမရှိသည့်အတွက် သန်လျင်မြို့ နေပြည်သူများက စိတ်ဆင်းရဲ

ကိုယ်ဆင်းရဲဖြစ်နေကြပြီး မတရားမှုများကိုလည်စဉ်းခံနေကြရကြောင်း သတင်းရရှိပါသည်။



ဘုရားပွဲအလှူပွဲများတွင် ဖျော်ဖြေသည့်အငြိမ့်များတွင် ခါးအောက်ပိုင်း ပြက်လုံးပြက်မှုများရှိနေ

ဘုရားပွဲအလှူပွဲများ၌ ဖျော်ဖြေသည့်အငြိမ့်ပွဲများတွင် ဘာသာ သာသနာနှင့် မဆီလျှော်သည့် ခါးအောက်ပိုင်းပြက်လုံး၊ပြက်မှု များလာကြောင်း သိရသည်။ ၂၀၁၁ခုနှစ် မတ်လ ၂၅ ရက်နေ့ကသန်လျင်မြို့  သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သောအလှူတစ်ခု၌ ရွှေမြင့်မိုရ်အငြိမ့်အဖွဲ့ မှ ညစ်ညမ်းပြက်လုံး

များပြက်ခဲ့ပြီး လူရွင်တော်တစ်ဦးက ပရိသတ်များရှေ့တွင် “မင်းအမေ….”ဟူ၍ ညစ်ညမ်းစွာဆဲဆိုခဲ့သည်ကိုကြား

ခဲ့ရသည်။ယခင် ရွှေမြင့်မိုရ် အငြိမ့်တွင် ပါဝင်ကပြခဲ့ဖူးသူ လူရွှင်တော်တစ်ဦးက “ပြက်လုံးလုပ်ရင်လူရွှင်တော်

တွေကကိုယ့်ဘာသာကိုယ်လုပ်ကြတာများတယ် ပြက်လုံးထုတ်ပေးမယ့်သူမရှိဘူး။လူရွှင်တော်ခြင်းသဘော

ပေါက်ပြီးသားပါ။အခုနောက်ပိုင်းလူရွှင်တော်တွေကို ခါးအောက်ပိုင်းပြက်လုံးတွေပြက်တာများလာတယ်လို ပရိသတ်တွေကပြောလာကြတယ်။ပရိသတ်အပြောခံရတာက ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုပ်

တာပါ။ဒါပေမယ့် မပါဘူးလို့တော့မပြောလိုဘူး အနည်းအကျဉ်းလောက်တော့ပါတယ်။လုံးဝဒဲ့တော့မပြော

ရဘူး။တွေးရင်းနဲ့ဖြစ်သွားတာတော့ပါတယ်။လူရွှင်တော်ကညစ်ညမ်းပြက်လုံးချပေးလိုက်တာကိုပရိသတ်က

ရယ်တယ်။အဲဒါကို သဘောကျပြီးညစ်ညမ်းတာတွေပဲထပ်ပြက်ရင်းနဲ့ ညစ်ညမ်းတယ်ဖြစ်သွားတာပါ။

ပရိသတ်ကကြိုက်တဲ့လူရှိတယ်မကြိုက်တဲ့လူရှိတယ်။လူရွှင်တော်တွေဘက်က သဘောပေါက်ဖို့လို

တယ် တွေးလုံးနဲ့ကျတော့မဆိုးဘူးပေါ့ အဲလိုတွေးလုံးလေးနဲ့ ပြက်ရမှာ။ဒဲ့ဒိုးကြီးပြောတာကျတော့ လူရွှင်

တော်ရဲ့ အလွန်ဖြစ်သွားတာ ပရိသတ်ကိုတော့ အပြစ်ပြောလို့ မရဘူး။ဒါပေမယ့် စင်ပေါ်ကလုပ်တဲ့လူက

ပရိသတ်ကရယ်တော့ ဒါကြီးကိုပဲထပ်ခါတလဲလဲ ထပ်ပြောတာများလာတော့ ပရိသတ်နားရိုင်းသွားတာပေါ့။

ဘာပဲဖြစ်ဖြစ် ဘာသာ သာသနာနဲ့ ဆိုင်တဲ့ ပွဲတွေမှာတော့ ဆင်ခြင်ဖို့လိုတာပေါ့”ဟုရှင်းပြသည်။ဤသို့ သန်လျင်

မြို့ နယ် သာသနာ့ဗိမာန်အလှူတွင်လူရွှင်တော်နှစ်ဦး ညစ်ညမ်းပြက်လုံး ပြက်ခဲ့မှုနှင့် ပက်သက်၍ ကိုယ်တိုင်

ကြုံတွေခဲ့ရသူ အမျိုးသမီးတစ်ဦးကပြောကြားရာတွင်”ဒီလိုဘာသာရေးနှင့် သက်ဆိုင်တဲ့ ပွဲမှာ ခါးအောက်

ပိုင်း ပြက်လုံးပြက်တာသင့်တော်ဘူးပေါ့ အခုနောက်ပိုင်းလူရွှင်တော်တွေက အဆင်မြင့် ပြက်လုံးတွေ မပြက်ဘဲ

ခါးအောက်ပိုင်းပြက်လုံးတွေ ပြက်တာပဲတွေ့နေရတယ်။ သီတဂူ ဆရာတော် မွေးနေ့ အငြိမ့် မှာဆိုရင် တော်

တော်ဆိုးဆိုးရွားရွားတွေပြက်ထားတာ လူတော်တော်များများ တွေ့ နေတာပဲ ဒါတွေကို သက်ဆိုင်ရာ အဖွဲ့ အစည်းက စီစစ်သင့်တယ်”ဟုပြောကြားခဲ့သည်။မြန်မာနိုင့်ငံသဘင် အစည်းအရုံးက လူရွှင်တော်များပြက်လုံး

ပြက်ရာတွင် နိုင်ငံရေးဆိုင်ရာ ပြက်လုံးများနှင့် ညစ်ညမ်းပြက်လုံးများမပြက်ရဟုချမှတ်ထားပြီး ညစ်ညမ်းပြက်လုံး

ပြက်မှုများရှိနေသော်လည်းအရေးယူမှုမရှိပဲ၊နိုင်ငံရေးဆိုင်ရာ ပြက်လုံးများပြက်ပါကခေါ်ယူသတိပေးခြင်းနှင့်

အနုပညာလှုပ်ရှားခွင့်များပိတ်ပင်သည် အထိအရေးယူသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */