်အီးမေလ်ပေးပို့သူ eimmet mahotpar
တိုင်းရင်းသားအဖွဲ့တွေကို စစ်တိုက်နေတယ်လို့သိရပါတယ် အဲဒီဆုံးဖြတ်ချက်
ဘယ်သူချတာလဲ ဘယ်သူတာဝန်ခံမှာလဲ ဒါဟာ တချိန်မှာ သမိုင်းတွင်မှာနော်
ဦးနှောက်ရှိတဲ့သူ ဆုံးဖြတ်တာလား အမျှော်အမြင်ရှိတဲ့သူ ဆုံးဖြတ်တာလား
ဘယ်သူအကျိုးရှိဖို့ ဆုံးဖြတ်တာလဲ အဲဒီလိုစစ်ပွဲတွေဖြစ်ရင်
ဘယ်သူတွေအကျိုးရှိမှာလဲ ဘယ်သူတွေ အဆင်ပြေမှာလဲ
အောက်ခြေက စစ်ဗိုလ်စစ်သားတွေကတော့ သေမယ် ခြေပြတ် လက်ပြတ် ဖြစ်မယ်
မယားတွေမုဆိုးမဖြစ်မယ် သားသမီးတွေ အဖမဲ့ဖြစ်မယ်
အဲဒီစစ်ပွဲတွေရဲ့ ကုန်ကျစရိတ်ကရော ဘယ်သူခံရတာလဲ ဘယ်သူ့အိတ်ထဲက ပိုက်ဆံတွေလဲ
ငါတို့ ဗမာပြေကို လူလည်ကျနေတဲ့ စစ်ဗိုလ်ချုပ်အမည်ခံ ကိုယ်ကျိုးရှာ
အာဏာရူး တွေကလက်တဆုပ်ထဲပါ
လက်ချိုးရေကြည့်ရင် လူတစ်ရာမရှိပါဘူး အဲဒီလက်တဆုပ် ပြုသမျှနု
ခိုင်းသမျှကျွန်ခံ နေရတာ နှစ်ပေါင်း ၆၀ကျော်ပြီ
ငါတို့ဗမာတွေ အဲဒီလောက် ညံ့ရလား
အာဏာရူးလက်တဆုပ် အရူးထ ခိုင်းတိုင်း အောက်ခြေက စစ်ဗိုလ်စစ်သားတွေ
လိုက်လုပ်နေရမှာလား တကယ်တမ်း သေနတ်ကိုင်ပြီး မျက်နှာချင်းဆိုင်
ဖြစ်နေကြတာဟာ တိုင်းရင်းသားတွေရဲ့ သားသမီးတွေပါ
အမှန်တော့ မောင်နှမတွေပါ တကယ့်အရင်းအချာတွေပါ ဘယ်အာဏာရူးဗိုလ်ချုပ်က
သူ့သားသမီးတွေကို စစ်သားလုပ်ခိုင်းတာကြားဖူးလဲ အောက်ခြေမှာ
ဘာအလုပ်လုပ်ခိုင်းဖူးလဲ
အာဏာရူးတွေ သားစဉ်မြေးဆက် ကောင်းစားဘို့ အတွက် စစ်တပ်ကြီးကို
ကျွန်လိုခိုင်းနေကြတယ် တကယ်တော့ အဲဒီ စစ်တပ်ကြီးကို လစာပေး
အစားအစာကျွေးနေတာ ပြည်သူတွေပါ ပြည်သူတွေရဲ့ အိတ်ကပ်ထဲကပိုက်ဆံတွေပါ
တောထဲက ကျွန်းသစ်တွေ မြေအောက်ကရွှေတွေ ရေနံ သဘာဝဓါငွေ့တွေ အဲဒါတွေဟာ
အမှန်တော့ ပြည်သူပြည်သားအားလုံးရဲ့ ပိုင်ဆိုင်မှုတွေပါ
အခုတော့ လက်တဆုပ် အာဏာရူးတွေရဲ့ အကောက်ကြံမှုကြောင့် အားလုံး ဒုက္ခ ရောက်နေကြရတယ်
ထပ်ပြီး ဒုက္ခရောက်ဖို့လည်း မြင်နေပါတယ်
မင်းရော ငါရော မင်းမိသားစုရော ငါ့မိသားစုပါ ပါတယ် အားလုံး ဘယ်သူမှ
မလွတ်ပါဘူး အနာဂါတ် မျိုးဆက်သစ် ရင်သွေးငယ် နီတာရဲလေးတွေအတွက်
စဉ်းစားပေးကြပါအုံး
ညီအစ်ကိုမောင်နှမ မျိုးချစ်စစ်သည် အပေါင်းတို့ သင်တို့သေနတ်ထဲက
ကျည်ဆံတွေဟာ အားလုံးရဲ့ အနာဂါတ်ကို အလင်းရောင်ပးမယ့်
တိုင်းကျိုးပြည်ပြုကျည်ဆံများဖြစ်ပါစေ
Rest of your post

0 comments:
Post a Comment