“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, June 07, 2011

စည်ပင်ရဲများ ဖယ်ရှားရန် မဝံ့

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၀ မိနစ် (ပေးပို့ သူ-ဗမာ့သွေး)
ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် စည်ပင်သာယာက လမ်းဘေးဈေးရောင်းမှုများ တားမြစ်ထားသော်လည်း ဈေးရောင်းချမှု ဆက်လက် ရှိနေချိန်တွင် စည်ပင်ရဲများမှာလည်း ဖယ်ရှား ရှင်းလင်းရန် မဝံ့မရဲ ဖြစ်နေကြကြောင်း ထုတ်ဖော် ပြောဆိုကြသည်။
ပြီးခဲ့သည့် သောကြာနေ့မှစ၍ ရန်ကုန်တိုင်း အတွင်းရှိလသာ၊ ပုစွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်းနှင့် လမ်းမတော် မြို့နယ်များ၌ ဈေးမရောင်းရန် တားမြစ်ထားပြီး မလိုက်နာလျှင် ပစ္စည်းသိမ်းမည့်အပြင် ထောင်ဒဏ် ၃ လ အထိ အရေးယူရန် ထုတ်ပြန်ထားသည်။

“ ကျနော်တို့ ပြဿနာတက်မှာကို စိုးတယ်။ ပြီးတော့ ဈေးသည်တွေနဲ့ကလည်း ရင်းနှီးနေတယ်လေ ” ဟု ရဲတပ်ကြပ်တဦးက မဇ္ဈိမကို ပြောသည်။

ကျောက်တံတားမြို့နယ် ၃၈ လမ်းဈေးမှ ဈေးသည်များကို ဗိုလ်တထောင်မြို့နယ် ချမ်းမြေ့ဈေးသို့ ပြောင်းရွှေ့
ရောင်းချရန် စည်ပင်သာယာက ညွှန်ကြားထားသော် လည်း မအောင်မြင်ဘဲ ဖြစ်နေသည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */