မြန်မာပြည်သူများအားလုံးအတွက် ရည်ညွှန်းတင်ပြပါသည်။ ၄ တန်းနှစ်တွင် သင်ခဲ့ ရပြီး ဘ၀တလျှောက်လုံးတွင် အကောင်းဆုံး ကဗျာဖြစ်ခဲ့သည်။ အားလုံးညီညွှတ်ကြပါစေ။
တတောင်ပေါ် တတောင်ဆင့်
တောင်အမြင့် ပတ်ချာရံ
တတောင်ဆုံးပြန်တော့
တစ်လုံး ကျန်ပြန်ပေသမို့
ဖန်ဖန်လေအားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်
ခါတလေတကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ။
အမှန်တော့ ဖြစ်နိုင်ပမလား
စခဲ့မိတာပေါ့။
တစ်နေ့မှာဆုံးရာရောက်ပါလိမ့်
အားလျော့ခါ ဆုတ်ချင်စမ်းပါနဲ့။
စိတ်နွမ်းအသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကိုအာရုံဆင်လို့
ဇဗ္ဗူတခွင် အားအင်သစ်လိုက်မယ်
ချစ်ဖွယ့်လူသား။
***********
(အမည်မသိ ရှေးစာဆို)
Thursday, June 02, 2011
"ထိပ်ဆုံးသို့"
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment