လူ့အခွင့်အရေး အဆိုးတကာ့ အဆိုးဆုံး ချိုးဖောက်တဲ့ နိုင်ငံတွေထဲ
မြန်မာပါဝင်
2011-06-01
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ အခြေစိုက် Freedom House အဖွဲ့ကြီးက လူ့အခွင့်ရေး အဆိုးတကာ့ အဆိုးဝါးဆုံး ချိုးဖောက်တဲ့ နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံကို ၁၀ နှစ်မြောက် အဖြစ် မနေ့က ထည့်သွင်း ဖော်ပြလိုက်ပါတယ်။
အစိုးရ အမှုထမ်း ရုံးသူရုံးသားများကို ရန်ကုန်မြို့လယ်တွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
၂၀၁၁ ခုနှစ်အတွက် ထုတ်ပြန်တဲ့ ကမ္ဘာပေါ်က လူ့အခွင့်ရေး အဆိုးဝါးဆုံး ချိုးဖောက်တဲ့ နိုင်ငံများ အစီရင်ခံစာမှာ အခုလို ထည့်သွင်းဖော်ပြလိုက်တာ ဖြစ်ပြီး နိုင်ငံရေး၊ နိုင်ငံသား အခွင့်ရေးတွေမှာ အနိမ့်ဆုံး တွေ့ရတဲ့အတွက် အခုလို ထည့်သွင်းရတာ ဖြစ်တယ်လို့ Freedom House အဖွဲ့ကြီးရဲ့ နယူးယောက်မြို့ရုံးခွဲ လေ့လာရေးဌာန ညွန်ကြားရေးမှူး Chris Walker က ပြောပါတယ်။
မြန်မာနိုင်ငံနည်းတူ အဆိုးတကာ့အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတွေ စာရင်းမှာ လစ်ဗျား၊ ဆီးရီးယား၊ ဆိုမားလီယား၊ ဆူဒန်၊ မြောက်ကိုရီးယား စတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။
မြန်မာနိုင်ငံဟာ ဒီစာရင်းမှာ ၂၀၀၁ ခုနှစ်ကတည်းက ထည့်သွင်းဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်။ Rest of your post
0 comments:
Post a Comment