“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, June 07, 2011

ဘုရားသုံးဆူ ထောက်လှမ်းရေးရုံး တိုက်ခိုက်ခံရ

သန်းထိုက်ဦး Monday, 06 June 2011 16:23 (ပေးပို့ သူ-ဗမာ့သွေး)
မျက်နှာဖုံးစွပ် လက်နက်ကိုင် တစုက ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်ရှိ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို ယမန်နေ့ ညနေပိုင်းတွင် သွားရောက် တိုက်ခိုက်မှုကြောင့် စရဖ တပ်ဖွဲ့ဝင် တဦး နှင့် ကလေးငယ် တဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောသည်။
ဆိုင်ကယ်များဖြင့် ရောက်သွားသော မျက်နှာဖုံးစွပ် ၇ ဦးခန့်က လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ စရဖ အဖွဲ့ဝင်မှာ ကိုကျော်ကျော်အောင် ဖြစ်ပြီး၊ အသက် ၉ နှစ် အရွယ် မိန်းကလေး၏ အမည်ကို မသိရှိရသေးပေ။

ဒဏ်ရာရသူများမှာ မွန်ပြည်သစ် ပါတီဝင် ကိုဝင်းစိုး၊ အငှားဆိုင်ကယ် မောင်းသူ ၂ ဦး နှင့် အခြား ၁ ဦးတို့ ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

စရဖ ရုံးမှ တပ်ဖွဲ့ဝင်က ပြန်လည် ခုခံ ခဲ့ကြောင်း၊ ပြန်လည် ဆုတ်ခွာသွားသော မျက်နှာဖုံးစွပ် လက်နက်ကိုင်များကို ထိုဒေသအခြေစိုက် ခြေလျင်တပ်ရင်း အမှတ်၂၄၈ မှ တပ်ဖွဲ့ဝင်များက လိုက်လံ ရှာဖွေနေကြောင်း သိရသည်။

စရဖ အဖွဲ့သည် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ဦးဆောင်သည့် တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ကို ၂၀၀၄ ခုနှစ်က ဖျက်သိမ်းပြီး နောက်ပိုင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

စရဖရုံးကို တိုက်ခိုက်သွားသူများမှာ မည်သည့် လက်နက်ကိုင်အဖွဲ့မှ ဖြစ်ကြောင်း မသိရသေးသော်လည်း DKBA ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် တပ်ဖွဲ့ဝင်များ ဖြစ်ဖွယ်ရှိသည်ဟု ဒေသခံ အများအပြားက သုံးသပ် ပြောဆိုနေကြသည်။

တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခြင်း မရှိသေးပေ။

ထိုဒေသတွင် ကရင်အမျိုးသား အစည်းအရုံး KNU၊ အပစ်ရပ်အဖွဲ့များ ဖြစ်သော ဟောင်သရော အထူးဒေသ အဖွဲ့၊ ဗိုလ်မှူးချုပ်ထိန်မောင်၏ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/ KNLA အဖွဲ့၊ မွန်ပြည်သစ်ပါတီ၏ တပ်ဖွဲ့တို့ လှုပ်ရှားနေကြသည်။

မတည်မငြိမ်ဖြစ်နေသည့် ဘုရားသုံးဆူတွင် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ ဈေးကြီး အပါအ၀င် ဈေးဆိုင်များနှင့် ရွှေဆိုင်များလည်း ပိတ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ဘုရားသုံးဆူမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံ အများအပြား ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */