“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 16, 2011

အစိုးရ သစ် ရဲ့ လူ မဆန်တဲ့ အမိန့် 

ကချင်ကျောင်းသားများ နေရပ်ပြန်ရန် အနှင်ခံရ
ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၀၂ မိနစ် (ပေးပို့ သူ-ဗမာ့သွေး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေစဉ် ရန်ကုန်တိုင်း သန်လျင်မြို့၌ ပညာ သင်နေသည့် ကချင်ကျောင်းသားကျောင်းသူ ၁၉ ဦးအား ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ နောက်ဆုံးထား၍
နေရပ်ရင်းပြန်ရန် ဒေသအာဏာပိုင်များက အမိန့်ပေးထားကြောင်း အမျိုးသားဒီမိုကရေစီိအင်အားစု NDF ပါတီဝင် ဒေါ်ဘောက်ဂျာက ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်း၏ ညွှန်ကြားချက်အရ ရဲ၊ စည်ပင်နှင့် မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများက မထွက်ခွါလျှင် ဖမ်းဆီးအရေးယူမည့် အကြောင်း အင်္ဂါနေ့ ည ၁၂ နာရီတွင် လာရောက် သတိပေးထားခြင်း ဖြစ်သည်။

အသက် ၈ နှစ်မှ ၂ဝ နှစ်အတွင်းရှိ ကျောင်းသား ၁၂ ဦး၊ ကျောင်းသူ ၇ ဦးမှာ ကချင်ပြည်နယ် ပူတာအို၊ မချမ်းဘောနှင့် ဆွမ်ပရာဘွမ် မြို့နယ်များမှဖြစ်ပြီး၊ သန်လျင်ရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်များ၌ လာရောက် ပညာသင်ကာ သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာ အုပ်စုရှိ နေအိမ်တအိမ်ကို စုပေါင်း ငှားရမ်းထားကြသည်။

“ကျောင်းသားတွေကို ဧည့်စာရင်း မပေးတော့ဘူး။ ကချင်ပြည်နယ်ကို ပြန်ဖို့ ညက နောက်ဆုံးအကြိမ်ဆိုပြီး လာသတိပေးတယ်။ အဲဒါကို မလိုက်နာဘူးဆိုရင် ကလေးတွေကို ဖမ်းမယ်လို့ ညက လာသတိပေးပြီးပြီ” ဟု ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ပြောသည်။

ဒေါ်ဘောက်ဂျာသည် NDF ကိုယ်စားပြုကာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည်။ သို့သော် ၎င်းမဲဆန္ဒနယ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်း ဦးအုန်းမြင့် အနိုင်ရခဲ့သည်။

စာသင်ရန် လာကြသဖြင့် နေရပ်ပြန်မည် မဟုတ်ဘဲ၊ ဖမ်းဆီးမည် ဆိုပါက အဖမ်းခံသွားမည်ဟု ကျောင်းသားကျောင်းသူများက ဆုံးဖြတ်ထားကာ ၎င်းအိမ်၌ပင် နေထိုင်ဆဲဖြစ်သည်။

“ကျနော်တို့က ဘာမှလည်း မဟုတ်ဘူး။ ပညာသင်ချင်လို့ ဒီကိုရောက်လာတာ။ ဖမ်းမယ်ဆိုရင်လည်း မတတ်နိုင်ဘူးပေါ့” ဟု တညီတည်း ပြောဆိုကြကြောင်း ဒေါ်ဘောက်ဂျာထံမှ သိရသည်။

ငှားရမ်းထားသော အိမ်ကို လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသည့် ကချင်အမျိုးသားတဦး ပိုင်ဆိုင်ပြီး၊ ယခုနှစ် ကျောင်းအပ်ရာသီ မေလပိုင်းမှစ၍ ဧည့်စာရင်းတိုင်ကာ ငှားရမ်းထားခြင်း ဖြစ်သည်။

နေရပ်ဌာနေသို့ ပြန်ခိုင်းခြင်းနှင့် ဧည့်စာရင်း မပေးခြင်းကို သိနိုင်ရန် ဒေါ်ဘောက်ဂျာက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းထံ သွားရောက် မေးမြန်းခဲ့သည်။

“တိုင်းရင်းသားတွေ ဘာတွေ နားမလည်ဘူးတဲ့၊ လာမပြောနဲ့တဲ့။ ဧည့်စာရင်း မပေးရဘူးလို့ ဘယ်ဥပဒေမှာ ပြောထားသလဲလို့ ပြောတဲ့အခါကျတော့ ဘာမှ လာမပြောနဲ့တဲ့ အုပ်ချုပ်ရေးမှူးက အဲလိုပဲ ပြောတယ်။ ကျမတို့ကတော့ နိုင်ငံသားလည်း ဖြစ်တယ်၊ ကျမတို့က အကြောင်းကြားထားပြီးသား ဖြစ်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် နေမှာပဲလို့ ကျမက ပြောခဲ့တယ်” ဟု ဒေါ်ဘောက်ဂျာက ပြန်ပြောပြသည်။

ဆက်လက် နေထိုင်ခွင့်ရရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ စာတင်မည် ဖြစ်ကာ၊ သမ္မတဦးသိန်းစိန်ထံ တိုက်ရိုက် တိုင်ကြားရေးအတွက် ဒေါ်ဘောက်ဂျာ စီစဉ်နေသည်။

နှင်ထုတ်ခံနေရသည့် ကျောင်းသားကျောင်းသူများ နေထိုင်ရာ ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် အစိုးရ စစ်တပ်များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသဖြင့် ၎င်းဒေသရှိ ဒေသခံပြည်သူအချို့မှာ တရုတ်နိုင်ငံနှင့် တောတွင်းများသို့ သွားရောက် ပုန်းရှောင်နေကြသည်။




သျှမ်းပြည်တပ်မတော်ဌာနချုပ်အနီးသို့ မြန်မာတပ် အင်အားထပ်ဖြည့်
Wednesday, 15 June 2011 16:42 သျှမ်းသံတော်ဆင့်

E-mail Printသျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်အနီး မြန်မာစစ်တပ်ကတဖန် ထပ်မံ အင်အား တိုးဖြည့် ချဉ်းကပ် ထားသဖြင့် SSPP/SSA က အသင့်အနေ အထား တပ်လှန့်ထားကြောင်း သိရသည်။သျှမ်းပြည်တပ်မတော် SSPP/SSAs“ကျနော်တို့က ခံစစ်ရှင်အနေအထားနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ပြင်ဆင်ထားတယ်။ အန္တရာယ်ဖြစ်မှာစိုးလို့ ဟိုးအ ရင် ကတည်းက လူထုကိုလဲ တခြားကို ရွှေ့ထားလိုက်ပြီ။

လူသူလက်နက်အင်အားအဆင်သင့်။ ကတုတ်ကျင်းတွေ၊ ဗုံးခိုကျင်းတွေ အဆင်သင့်ဘဲ” ဟု SSPP/SSA အရာရှိတဦးကပြောသည်။ဝမ့်ဟိုင်းမြောက်ဖက် မိုင်းရယ်ကျေးသီးလမ်းခွဲတဝိုက်၌ အင်အားတစ်ရာနီးပါး၊ ဝမ့်ဟိုင်းတောင်ဖက် မိုင်းရှူး၊ မိုင်းနောင် လမ်းခွဲ ပါခီးရွာတဝိုက်၌အင်အား တစ်ရာနီးပါး ယခု ၂ ရက် ၃ ရက်အတွင်း တဖန်ဖြည့်တင်းလာခြင်း ဖြစ်ကြောင်း ဝမ့်ဟိုင်းမှ အဆိုပါအရာရှိကပြော သည်။“မြန်မာစစ်တပ် အခုလို အင်အားတခါထပ်ဖြည့်လာတာ ကျနော်တို့ကို ခြိမ်းခြောက်ချင်တာဘဲဖြစ်ဖြစ်၊ တကယ်တိုက်ဖို့ ဘဲဖြစ်ဖြစ် ကျနော် တို့ဘက် က အသင့်ပြင်ထားရမှာဘဲ” ဟုဆို၏။

Burmese_Soilderမြန်မာစစ်တပ်၁၃ ရက် မနက် ၉: ၄၅ နာရီ ကလည်း လွယ်ချိုတောင်တပ်စခန်းအနောက်ဖက်သံလွင်မြစ် တာ့ဝန်းကျိုင်းကူးတို့ ဆိပ် အဆင်းလမ်း၌ မိုင်းရှူး အခြေ စိုက်မြန်မာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော် တပ်မဟာ ၇၄ တပ်ရင်း ၁၉၆ တို့ နာရီဝက်ကြာ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်ပွါးခဲ့ရာ မြန်မာစစ်တပ်ဖက်မှ ၄ ယောက်သေ၊ ၅ ယောက် ဒဏ်ရာရရှိ ကြောင်း SSPP/SSA တပ်မှူး တဦးကပြောသည်။


“၁၂ ရက်နေ့က မိုင်းရှူးမြောက်ဖက်(နမ့်ငချောင်းဖျား) ဟိုင ဖက်မှာ မိုင်းရှူးတပ်နဲ့ ကျနော်တို့ တပ်မဟာ ၇၄ နဲ့ မိနစ် ၂၀ လောက် တိုက်ပွဲဖြစ်တယ်။ ဗမာစစ်သား ၂ ယောက်သေတယ်။ ၁၂ ယောက် ဒဏ်ရာရပြီး ဆေးရုံ ပို့ ထားတယ် လို့ ကြားတယ်” ဟု ဌင်းက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

ထို့အတူ မိုင်းရှူးမြို့အရှေ့ဘက် ၁၀ မိုင်အကွာ် ဝမ့်လွယ်နှင့် လွယ်ချိုတပ်စခန်းကြား နမ့်ငချောင်း အလှည့်ကျ ရေဆင်း ချိုး သည့် တပ်သား ၄ ယောက်အနက် ကင်းစောင့်စစ်သားတယောက် မိမိကိုယ်မိမိဗုံးခွဲအဆုံးစီ ရင် ကြောင်း၊ မိုင်းရှူး မြို့ရှိ သျှမ်းပြည်တပ်မတော် ယခင်ဆက်ဆံရေးရုံး(ဟောင်း) တွင်လဲ ဗုံးတစ်လုံးပေါက်ကွဲသဖြင့် မြန်မာတပ်သား ၃ ဦး သေဆုံးပြီး ၃-၄ ယောက် ဒဏ်ရာရကြောင်း မိုင်းရှူးမှ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါသည်။

ဂျွန် ၁၃ ရက်က သျှမ်းပြည် တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် (ရမခ) အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာချုပ်၌ တိုင်းမှူးနှင့် အရာရှိများအားခေါ် ယူတွေ့ဆုံပြီး နောက်တရက် အဆိုပါ မြန်မာစ်စတပ်အင်အား ၂၀ဝ ခန့်ဝမ့်ဟိုင်း ဌာနချုပ်အနီး တဖန်ဖြည့်တင်းချဉ်းကပ်လိုက်ခြင်းဖြစ်သည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */