Aန်ာအဲဏီ၊ ကောင်းဝါသတင်းဌာန
တပို့တွဲလဆန်း ၁ရက်။ဖေဖေါ်ဝါရီ ၄၊၂၀၁၁။
နော်အဲဏီ(ဖေဖေါ်ဝါရီ-၄)။ ။ မြန်မာစစ်အစိုးနှင့် ဒီကေဘီအေတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေသည်မှာ (၃)လကျော်ကြာခဲ့ပြီးဖြစ်သည့် အတွက် ဒီကေဘီအေဘက်က ရေရှည်ရပ်တည်နိုင်ရန် စစ်အစိုးရတပ်ကို ရေရှည်တိုက်ခိုက်နိုင်ရန်အတွက် နည်း ဗျူဟာသစ်ကိုပြောင်းရမည်ဟု ဒီကေဘီအေ စစ်ဆင်ရေးမှူး ဗိုလ်ဆန်းအောင်က ပြောပါသည်။
ဗိုလ်မှုးကြီး စောဆန်းအောင်
“ကျနော်တို့က ရန်သူကို စောင့်ပြီးပစ်နေတယ်၊ သုံး၊ လေး၊ ငါးရက်စောင့်နေတယ် ၊စောင့်ပြီးတော့ သူတို့က လူမလာခင် လက်နက်ကြီးနဲ့ပစ်တယ်၊ (၁၂၀) နဲ့ ပစ်တဲ့အခါကျတော့ ကျနော်တို့အတွက်က အားနည်းချက်ဖြစ်တယ်၊ သူများပဲ ကိုယ့်ကိုပစ်တယ် ၊ ကိုယ်ကပြန်ပစ်လို့မရတဲ့အခါကျတော့ သူ့ရဲ့လက်နက်ကြီး ပစ်ကွင်းထဲ မဖြစ်နိုင်အောင် တခြားနည်းဗျူဟာနဲ့ ပြန်တိုက်တယ်လေ၊ ဒီအတိုင်းနေမယ်ဆိုရင် သူ့ရဲ့လက်နက်ကြီးဒါဏ်ကို ကျနော်တို့ခံရ တယ်လေ၊ နည်းဗျူဟာပြောင်းတယ်ဆိုတာ ဒီလမ်းမပေါ်မှာ လူအင်အားနဲ့တိုက်မယ့်အစား ကျနော်တို့ လူစုခွဲပြီး တိုက်မယ်၊ အရင်ကကျနော်တို့တိုက်ခဲ့တာ ပြောက်ကျားကြီးပေါ့၊ အခုပြောက်ကျားလေးနဲ့ ပြန်တိုက်မယ်နော်၊ လူစုခွဲပြီး ပြောက်ကျားလေး တိုက်မယ်ပေါ့”
ရှေ့ဟောင်းနည်းအတိုင်း ဆက်ပြီးတိုက်ခိုက်နေမည်ဆိုလျှင် ဒီကေဘီအေတွေဘက်မှ ရေရှည်တွင် ထိခိုက်နိုင်မည်ဟုလည်းပြောသည်။
ဒီအေဘီအေဘက်တွင် စစ်အစိုးရတပ်ကသုံးသော လက်နက်အမျိုးအစားများမရှိတာကတစ်ကြောင်း၊ ပေါ်တာ အထမ်းသမားများမရှိတာကတစ်ဖုံ၊ ဒီကေဘီအေရှိသောနေရာကို နအဖတပ်များသိရှိပါက လက်နက်ကြီး များဖြင့် မရပ်မနားဖြစ်ခတ်မှုများကြောင့်လည်း ဒီအေဘီအေဘက်ကအားသာချက်ရအောင် အခြားနည်းဗျူဟာသုံးရခြင်း ဖြစ်ကြောင်း ဗိုလ်ဆန်းအောင်က ပြောပါသည်။
၎င်းကဆက်ပြီးတော့ ထိုင်းဘက်ခြမ်းကလည်း အကူအညီမပေးတဲ့အပြင် ထိုင်းနိုင်ငံအတွင်းသို့ ဖြတ်သန်း သွားလာခွင့်ပင်မပေးဟုဆိုသည်။
“လက်ရှိက သူက နအဖ လက်ကိုင်တုတ်ဖြစ်နေတဲ့ဘ၀မှာ ကျနော်တို့ကို အားပေးဖို့မပြောနဲ့၊ ဖြစ်နိုင်ရင် ကျနော်တို့ တော်လှန်ရေးကို ပပျောက်အောင် သူတို့လုပ်ရင်လုပ်အုံးမှာ” ဟု ဗိုလ်ဆန်းအောင်က ဆက်ပြော ပါသည်။
ဗိုလ်မှူးချုပ်စောလားပွယ်ဦးစီးသော ဒီကေဘီအေတပ်ဖွဲ့သည် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို လက်မခံသည့်အပြင် (၂၀၁၀)ခုနှစ်နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျင်းပသော အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်သည့်အနေနှင့် မြ၀တီမြို့ကိုစီးနင်းသိမ်းပိုက်ခဲ့သည်။ မြန်မာစစ်အစိုးရတပ်ဖွဲ့များနှင့် ယနေ့တိုင် တိုက်ခိုက်နေသည့်ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။
Rest of your post
Friday, February 11, 2011
ဒီကေဘီအေ နည်းဗျူဟာပြောင်းပြီး နအဖကို တိုက်ခိုက်မည်ဟုဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment