ဒေါ်ကြိုင်ကြိုင် နဲ့ မိသားစု တရုတ်ပြည်ရောက်၊ သားမက် ဖြစ်သူ သံအမတ်ကြီး ၏ ညစာစားပွဲ သို့ ဒေါ်ကြိုင်ကြိုင် တက်ရောက်
တင်ကျော်ကျော်စိုး၊ ၊ကာကွယ်ရေး ဦးစီးချုပ် အဖြစ် လျှာထားခြင်း ခံခဲ့ရသည့် ဒုဗိုလ်ချုပ်ကြီး သူရ မြင့်အောင် ၊ ဒုတိယဗိုလ်ချုပ်ကြီးသာအေး နှင့် စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း တို့ အား အမိန့် မနာခံမှုဖြင့်နေအိမ် အကျယ်ချုပ် ချထားလိုက်သည် ဟု သတင်းရရှိသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးသူရ မြင့်အောင် သည် ၎င်းအား ပေးအပ် သည့် ကာကွယ်ရေး ၀န်ကြီးရာထူးနေရာ အတွက် ဗိုလ်ချုပ်မှုးကြီး ထံသို့ သွားရောက် ပြီး စောဒက တက်သည့် အတွက် လက်ရှိ ရာထူးများ မှ ရပ် နားကာ နေအိမ် အကျယ်ချုပ် ချထားခြင်း ဖြစ်သည်။
ဒုတိယ ဗိုလ်ချုပ်သည် ပြီးခဲ့သည့် နှစ်က ကာကွယ်ရေး ဦးစီးချုပ် ဖြစ်မည် ဟု စစ်တပ် ထဲတွင်သတင်းထွက် ပေါ် နေခဲ့ပြီး ဗိုလ်ချုပ်မှုးကြီး သန်းရွေ ကိုယ်တိုင် လဲ အရေးပေးခြင်းခံရသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ ဇနီး ဖြစ်သူ ဒေါ်ကြိုင်ကြိုင်နှင့် မိသားစု ၀င် အချို့ သည် တရုတ်ပြည်ရောက်ရှိနေပြီး တရုတ်ပြည်ရှိ ၎င်း တို့ ဝယ်ယူထားသည့် အိမ် ကို သွားရောက် စစ်ဆေးကြည့် ရှု သည် ဟု သတင်းရရှိသည်။
နေပြည်တော် စစ်တပ် အရာရှိ များ နှင့် နီးစပ် သည့် အသိုင်း အ၀ိုင်းမှ တစ်ဆင့်ကြားရသည်
များ မှာ ဒေါ်ကြိုကြိုင် သည် နေပြည်တော် တွင် အသွင် ကူးပြောင်းရေး အတွင်း မငြိမ်မသက်မှု များ ဖြစ်လာနိုင်သည် ကို ရှောင် ရှားရန် ဖြစ်ပြီး သူမ နှင့် အတူ စိန် ၊ကျောက် မျက် ရတနာများ နှင့် အမေရိကန် ဒေါ်လာ သိန်း ရာချီ ပါရှိ သွား သည် ဟု သတင်းရရှိသည်။
တရုတ် ပြည် ကူမင်း မြို့ တွင် ဒေါ်မကြိုင်ကြိုင် ၏ သားမက် ဖြစ်သူ ဗိုလ်မှုး ဇော်ဖြိုးဝင်း သည် ယခင် ကူမင်း မြို့ တွင် ကောင်စစ်ဝန် အဖြစ် တာဝန် ထမ်းဆောင်ရာမှ လက်ရှိသံ အမတ်ကြီးဗိုလ်မှုးချုပ် ဦးတင်ဦး အား မြောက်ကိုရီးယား သံအမတ် အဖြစ် ခန့် ထားရာမှ ဗိုလ်မှုး ဇော်ဖြိုးဝင်း သည် သံအမတ် အဖြစ် တာဝန် တိုးမြှင့် ပေး အပ် ခံရခြင်း ဖြစ်သည်။
ဒေါ်ကြိုင်ကြိုင်သည် သားမက် ဖြစ်သူ သံအမတ် ကြီး၏ ညစာစား ပွဲ ကို တက်ရောက် ချီးမြှင့်အားပေး ခြင်း ဖြစ်ပြီး နေရွှေသွေးအောင် လည်း ပါရှိ သွား သည် ဟု သတင်းရရှိသည်။
စက်မှု ၁ ၀န်ကြီး ဦးအောင် သောင်း နှင့် အခြား စစ်တပ် အရာရှိ ၁၇ ဦး ခန့် ကို လည်း နေပြည်တော်တွင် ဖမ်းဆီးထား ပြီး ချုပ် နှောင် ထား သည်။အဆိုပါ စစ်တပ် အရာရှိ များ ကို ဖမ်းဆီးထားခြင်းမှာ အာဏာလက်မဲ့ စစ် ဗိုလ်ချုပ် များ ၏ ကိုယ်ရေး အရာ ရှိများ နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင် ၏ တပည့်များ ကို ထပ်မံ ဖမ်းဆီးထားသည် ဟု သိရှိရသည်။
Freedom News Group မှ

0 comments:
Post a Comment