ဖနိဒါ | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၂၅ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။ ။ သမ္မတ ဦးသိန်းစိန်က ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ အမည်စာရင်းအား ဗုဒ္ဓဟူးနေ့တွင် တင်သွင်းခဲ့ပြီး ယနေ့တွင် သက်ဆိုင်ရာ လွှတ်တော် အစည်းအဝေးတွင် ၎င်းအမည်စာရင်းများကို ကြေငြာခဲ့သည်။
တင်သွင်းခံရသူ အားလုံးမှာ သမ္မတ၏ မိခင်ပါတီ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်အများစုဖြစ်ပြီး၊ ထိုအထဲတွင် အငြိမ်းစား စစ်တပ်အရာရှိများလည်း ပါဝင်သည်ဟု သိရသည်။
ကရင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ပြည်နယ် အေးချမ်းသာယာရေးနှင့်
သမ္မတ ဦးသိန်းစိန်
ဖွံ့ဖြိုးရေးကောင်စီ (ပယက) ဥက္ကဋ္ဌဟောင်း ဦးဇော်မင်းကို ရွေးချယ်ခဲ့သည်ဟု ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးစောထွန်းအောင်မြင့်က မဇ္ဈိမကို ပြောသည်။
ချင်းဝန်ကြီးချုပ်အဖြစ် (ပယက) ဥက္ကဋ္ဌဟောင်းနှင့် ဗိုလ်မှူးချုပ်ဟောင်းဖြစ်သူ မင်းတပ်မြို့နယ်မှ ဦးဟုန်ငိုင်းဖြစ်ပြီး၊ ရှမ်းဝန်ကြီးချုပ်အဖြစ် စစ်တပ်မှ အငြိမ်းစားယူခဲ့သည့် ဓနုလူမျိုး ဦးစဝ်အောင်မြတ်ဖြစ်သည်။ ဦးစဝ်အောင်မြတ်သည် ကြံ့ဖွံ့ပါတီဝင် ဖြစ်သော်လည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူ မဟုတ်ပါ။
နိုင်ငံတော် သမ္မတ ရွေးချယ်ထားသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို လာမည့် တနင်္လာနေ့၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပမည့် သက်ဆိုင်ရာ လွှတ်တော်များ၏ သဘောတူညီချက် ရယူကာ ခန့်အပ်တာဝန်ပေးနိုင်မည်။
သတ်မှတ်အရည်အချင်းများဖြင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက သက်ဆိုင်ရာ လွှတ်တော်များသည် နိုင်ငံတော် သမ္မတက အမည်စာရင်း တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်များ သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများအား ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရဟု ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၅) အုပ်ချုပ်ကဏ္ဍ ပုဒ်မ ၂၆၁ တွင် ပြဋ္ဌာန်းထားသည်။
အဆိုတင်ခံရသည့် ဝန်ကြီးချုပ်များ
(၁) ကချင်ပြည်နယ် - ဦးလဂျွန်ငန်ဆိုင်း
(၂) ကယားပြည်နယ် - ဦးခင်မောင်ဦး
(၃) ကရင်ပြည်နယ် - ဦးဇော်မင်း
(၄) ချင်းပြည်နယ် - ဦးဟုန်ငိုင်း
(၅) မွန်ပြည်နယ် - ဦးအုန်းမြင့်
(၆) ရခိုင်ပြည်နယ် - ဦးလှမောင်တင်
(၇) ရှမ်းပြည်နယ် - ဦးစဝ်အောင်မြတ်
(၈) ရန်ကုန်တိုင်း - ဦးမြင့်ဆွေ
(၉) စစ်ကိုင်းတိုင်း - ဦးသာအေး
(၁ဝ) တနင်္သာရီတိုင်း - ဦးခင်ဇော်
(၁၁) ပဲခူးတိုင်း - ဦးဥာဏ်ဝင်း
(၁၂) မကွေးတိုင်း - ဦးဖုန်းမော်ရွှေ
(၁၃) မန္တလေးတိုင်း - ဦးရဲမြင့်
(၁၄) ဧရာဝတီတိုင်း - ဦးသိန်းအောင်Rest of your post
Sunday, February 13, 2011
သမ္မတ တော့ မခေါ် နိုင်သေး ရုပ်သေး သစ်ခွသိန်းစိန် နိုင်ငံတော်ကြီးအတွက် အလုပ်လုပ်နေသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment