ဘုရားပြီးရင် ငြမ်းကို ဖြုတ်တာထုံးစံ ဘဲလေ..သံသရာဟူ သည် ဘ၀မ မဆိုင်း..
မြို့ တော် ၀န် အောင်သိန်းလင်း ကို ရာထူးမှ ဖယ်ရှား
နေမျိုးဦး၊ ၊၂၀၀၄ ခုနှစ် ကတည်း ရန်ကုန် မြို့ တော်ဝန် အဖြစ် တာဝန် ထမ်းဆောင် ဖို့  စစ်အစိုးရ က ခွင့်ပြုခဲ့တဲ့ ဗိုလ် မှုးချုပ် အောင်သိန်းလင်း ဟာ မြို့ တော် ၀န် အဖြစ်က နေရပ်နား ခံလိုက် ရပြီ လို့ ရန်ကုန် မြို့ တော် စည် ပင်သာယာ ရေး ကော်မတီ ပန်းဥယာဉ်ဌာန က တာဝန် ရှိ သူ တစ်ဦးက Freedom News Group ကို ပြော သည်။
မြို့ တော်ဝန် ဗိုလ်မှုးကြီး ကိုလေး ကို ရာထူးက ဖယ်ရှားပြီး နောက် ဗိုလ်မှုးချုပ် အောင်သိန်း လင်းဟာ မြို့ တော်ဝန် အဖြစ်တာ ၀န် ထမ်းဆောင် ခဲ့ရခြင်း ဖြစ်သည်။
သူဟာ စရိုက်ကြမ်း တဲ့ လူတစ်ဦး ဖြစ်တာ ကြောင့် ရန်ကုန် မြို့ တော် စည်ပင်သာယာရေး ကော်မတီ ၀န်ထမ်း များ နှင့် ဈေးသူ၊ဈေးသား များ က ရွံ့မုန်းကြသည်။
ရန်ကုန် မြို့ တော် ၀န် အဖြစ် ဂျပန် သံအမတ် ကြီး အဖြစ် တာဝန်ထမ်းဆောင် ခဲ့တဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာန က ဗိုလ်မှုးချုပ် လှမြင့် က လွှဲပြောင်းတာဝန် ယူမှာ ဖြစ်ပါတယ်။
မြို့ တော်ဝန် အသစ်ဟာ ဒီနေ့ မြို့ တော် ခန်းမ ကို ရောက်ရှိလာ ပြီး လုပ်ငန်းတာဝန်လွှဲ ပြောင်းဖို့ နဲ့  လက်ရှိ ဗိုလ်မှုးချုပ် ဟောင်း အောင်သိန်းလင်း နေထိုင် တဲ့ ရန်ကုန် မြို့ တော် ၀န် နေအိမ် ဖြစ်တဲ့ ကမ္ဘာ အေး ဘုရားလမ်း နေအိမ် က ဆင်းပေး ဖို့ တွေ လာရောက် ပြောဆို သွားတယ် ဟု သိရသည်။
ဗိုလ်မှုးချုပ်လှမြင့် နှင့် ဇနီး ဒေါ်စုစု လှိုင်သည် ဥရောပ သမဂ္ဂ၏ ဒဏ်ခတ် ပိတ်ဆို့ ထားမှုတွင် ပါဝင်ပြီး ၎င်း သည် ဂျပန် သံအမတ် ကြီး အဖြစ် တာဝန် ထမ်းဆောင် နေစဉ် ဂျပန်ရောက် မြန်မာ နိုင်ငံသားများ အရေး ကို စိတ်မ၀င်စား ဘဲ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မိသား စုမှာ ကြားမှု များ ကို သာ အပတ်စဉ် ပို့ ဆောင် ပေးသည် ဟု သိရသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ ရာထူးခွဲဝေ ပုံ နှင့် ပတ်သက် ပြီး တပ်တွင်း ဉ် မကျေနပ်မှုများ ပေါ်ပေါက် နေသည် ဟု သိရသည်။
မြို့ တော်ဝန် ဦးအောင်သိန်းလင်း သည် ကြံ့ဖွတ် ပါတီ သတင်းစာရှင်းလင်း ပွဲ၌ သတင်းထောက်များ ကို ရိုင်းရိုင်း စိုင်းစိုင်း ဆက်ဆံ ခဲ့သည်။ http://freedomnewsgroup.com/2011/02/14/%E1%81%BF%E1%80%99%E1%80%AD%E1%80%B3-%E1%80%B7%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%81%80%E1%80%94%E1%80%B9-%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%9E%E1%80%AD%E1%80%94%E1%80%B9/ မှ

0 comments:
Post a Comment