“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, February 04, 2011

ရေဓာတ်ငွေ့ဖြင့် မောင်းနှင် မတဲ့

မီးရထား များကို ရေဓာတ်ငွေ့ဖြင့် မောင်းနှင် ရန် စီစဉ် နေပြီ ဖြစ်ကြောင်း ဒီဇယ်စက်ခေါင်း များဖြင့် ပြည် တွင်း ၌ ပြေးဆွဲ လျက်ရှိသော ခရီး သည် တင် ဆောင်သည့် မီးရထား များကို ရေဓာတ်ငွေ့ဖြင့် မောင်းနှင် ရန် စီစဉ် နေပြီ ဖြစ်ကြောင်း မြန်မာ့ စွမ်းအင်သစ် အဖွဲ့ (MAES) မှ သု တေသန အင်ဂျင်နီယာ ဦးကျော်ကျော် က ပြောကြားသည်။

“မြန်မာ့ မီးရထားက သဘောတူ ပြီးပါပြီ။ ရေ ဓာတ်ငွေ့ထုတ် ကိရိယာ တပ်ဆင် ဖို့အတွက် ညှိနှိုင်း နေတာ ကြာပါပြီ။ မြို့တွင်းမှာ ပြေးဆွဲနေ တဲ့ မြို့ပတ် ရထားတွေမှာ တပ်ဆင် မလား၊ နယ် ရထားတွေမှာ တပ်ဆင် မလား ဆိုတာကိုတော့ အတိအကျမ သိသေး ပါဘူး။ နယ်ဘက် သွားတဲ့ရ ထား တွေမှာ တပ်ဆင်ဖို့ များပါတယ်။ ဆီစားနှုန်း ကတော့ တခြား အင်ဂျင် တွေနဲ့
မကွာပါဘူး။ အနည်းဆုံး ၂၅ ရာခိုင်နှုန်း လောက် သက်သာ နိုင်ပါ တယ်။ ဒီလ ထဲမှာ ရထား တစ်စီးကို တော့လေ့ လာမယ်။ ရထား အင်ဂျင် စက်က တခြား အင်ဂျင် တွေထက် ပို ကြီးတဲ့ အတွက် ရေဓာတ်ငွေ့ ထုတ် ကိရိယာ ကို ဒီဇိုင်း ထုတ်ရမယ်။ တစ်လ အတွင်းမှာ ဒီဇိုင်း ထုတ်တာ ပြီးနိုင် ပါတယ်” ဟုဆိုသည်။ ထို့အ ပြင် ရေဓာတ်ငွေ့ထုတ် ကိရိယာဖြင့် မောင်းနှင် နိုင်ရန် မြန်မာ့ မီးရထားက ရထား တစ်စီးအား ယခုလ အတွင်း စတင် လေ့လာ မည်ဖြစ်ကြောင်း နှင့် ရေဓာတ်ငွေ့ ထုတ် ကိရိယာအား ဒီဇယ် စက်ခေါင်း များတွင် စမ်းသပ်တပ်ဆင် မောင်းနှင် မည်ဖြစ်သည်။ မြန်မာ့ စွမ်းအင်သစ် အဖွဲ့က ရေ ဓာတ်ငွေ့ဖြင့်ကားနှင့် မီးစက် တို့ အား စမ်းသပ် မောင်းနှင် ခဲ့ရာ အောင် မြင်မှုများ ရရှိခဲ့ပြီး ငါးဖမ်း သင်္ဘော တစ်စင်း ကို ပါ မကြာမီ စမ်းသပ် မောင်း နှင် ရန်စီစဉ် လျက်ရှိသည်။

နေမျိုးသူရိန်

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */