“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, February 07, 2011

ယာယီပတ်စ်ပို့ထုတ်ပေးရေးဋ္ဌာန(တာချီလိတ်) နှင့်ပတ်သက်၍

ယာယီပတ်စ်ပို့ထုတ်ပေးရေးဋ္ဌာန(တာချီလိတ်) နှင့်ပတ်သက်ပြီး သတင်းတချို့ပေးလိုပါတယ်၊ ပတ်စ်ပို့တွေကို ၁.ရန်ကုန်က လွတ်တဲ့ FB အထူးရဲတပ်ဖွဲ့၊ ၂၊ ဒေသခံ လ၀က ၃၊ ဒေသခံ အလုပ်သမားဝန်ကြီးဋ္ဌာန တို့မှ တာဝန်ယူပြီး လုပ်ပေးကြောင်း သိရပါတယ်၊ အရင်က ပတ်စ်ပို့လုပ်ရာမှာ အခက်ခဲ သိပ်မရှိ အကုန်အကျလည်း သိပ်မများပါဘူး၊ အခုချိန်မှာတော့ ဘာမှ မဆိုင်တဲ့ဒေသခံ ရဲမှူးဟောင်း ဦးဇော်မင်းသန့် နှင့် ဒေသခံသတင်းတပ်ဖွဲ့သားတွေ က ရဲသက်သာချောင်ချိရေးဆိုပြီး ပတ်စ်ပို့ထုတ်ပေးရေးဋ္ဌာနကို နေရာ ပြောင်းလိုက်ပါတယ်၊ (လက်ရှိ ရဲမှူး ဦးမျိုးမင်းကလည်း ဒါတွေကို သိလျက်နဲ့ ဆက်လုပ်နေပါတယ်၊) ထိုင်းဘက်ခြမ်းက စာအုပ်အများဆုံး လုပ်ပေးတဲ့ CEO ကုမ္မဏီနဲ့ အခြား အေ့ဂျင့်ကုမ္မဏီတွေကိုလည်း သူတို့ဆီမှာပဲ လာလုပ်ဖို့ ပြောပါတယ်၊ နေရာပြောင်းလိုက်ပြီဆိုတဲ့အကြောင်းပေါ့၊ အဲဒါတွေက သိပ်အခက်ခဲ မရှိသေးပါဘူး၊ ဆိုးတာက စာအုပ်လာလုပ်တဲ့ အလုပ်သမားတွေကို အရင်က အပြင် ဈေးဝယ်ခွင့်တွေ အချိန်ရတဲ့အခိုက် မြို့ထဲ လည်ခွင့်တွေရပါတယ်၊ ဒေသခံ FB အထူးရဲတပ်ဖွဲ့ ချုပ်ကိုင်လိုက်တာနဲ့ စာအုပ်လာလုပ်သူတွေ အပြင်ထွက်ခွင့်မပေးပါဘူး၊ လက်ဆောင်ပစ္စည်းတွေ ဈေးတွေ ၀ယ်ချင်ရင်လည်း သူတို့ဖွင့်ထားတဲ့ ရုံးထဲက ဆိုင်တွေမှာပဲ ၀ယ်ရပါတယ်၊ စာအုပ်လာလုပ်သူတွေကိုလည်း တရားခံတွေလို ထောင်သားတွေလိုမျိုး ကြမ်းကြမ်းတမ်းတမ်း ရိုင်းရိုင်းစိုင်း စိုင်း ဆက်ဆံကြပါတယ်၊ တချို့ပစ္စည်းတွေဆို ကို မလိုအပ်ပါဘဲ မ၀ယ်မနေရ အဲဒါမျိုးတွေ လုပ်ရတာလည်း ရှိပါတယ်၊ ဥပမာ-ပတ်စ်ပို့စာအုပ် အဖုံးလိုမျိုးတွေပေါ့၊ ငွေအကုန်အကျ ပိုများပြီး စိတ်အနှောင့်ယှက်လည်း ဖြစ်ရပါတယ်၊ ရုံးနားကို ဘယ်အပြင်ဆိုင်မှ ရောင်းခွင့်မရှိပါဘူး၊ သူတို့ပဲရောင်းကြပါတယ်၊ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ထားတာလည်း မကြာသေးပါဘူး၊ လောလောလတ်လတ်ပဲ ရှိပါသေးတယ်၊ ပါလီမန်တွေ ဘာတွေနဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေကြောင်းလည်း သတင်းတွေမှာ ဖတ်ရပါတယ်၊ အခုလို ဖိအားပေးပြီး မ၀ယ်မနေရ မလုပ်မနေရ လုပ်တာတွေ၊ ယာယီစာအုပ်ထုတ်ပေးရေးနဲ့ ဘာမှ မဆိုင်ပါဘဲ အာဏာနဲ့လက်ဝါးကြီးအုပ်ပြီး တရားဝင်စာအုပ်ထုတ်ပေးတဲ့ဋ္ဌာနတွေဆီကနေ သူတို့ သက်သာချောင်ချိရေးဆိုပြီး လုပ်နေကြတာတွေဟာ အာဏာရှင်လုပ်ရပ်လား ဒီမိုကရေစီ လုပ်ရပ်လားဆိုတာ စဉ်းစားစရာပါ၊ စစ်ခေါင်းဆောင်တွေ ဖေါ်ဆောင်နေတဲ့ ဒီမိုကရေစီ စနစ်ဆိုတာကကော ဒါတွေပဲလားဆိုတာ မတွေးမိအောင် ဖြစ်မိပါတယ်၊ ဒါတွေကို နိုင်ငံတကာ ကကော ပြည်တွင်းကပါ သိအောင် အသိပေးလိုပါတယ်၊ ဒီသတင်းနဲ့ပါတ်သက်ပြီး ဆက်သွယ်မေးမြန်းလိုပါက ဖုန်း-088 14220 28 သို့ မေးမြန်းနိုင်ပါတယ်၊

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */