by ရဲ ထက် on Monday, February 14, 2011 at 7:20pm
ဖွဲ့စည်းရခြင်းရည်ရွယ်ချက်။ ။ မိမိတို့တပ်မတော်သားဟောင်းများအနေနှင့် တိုင်းပြည်နှင့် နိုင်ငံတိုး တက်ကောင်းမွန်ရေးအတွက်သော်လည်းကောင်း၊ မိမိတို့တပ်မတော်သားများ နှင့် တပ်မတော်၏ ဂုဏ်သိက္ခာမညှိုးနွမ်းစေရေးအလို့ငှါ တပ်မတော်သားတိုင်းတွင်တာဝန်ရှိသည့်နည်းတူ မိမိတို့တပ်မ တော်သားဟောင်းများတွင်လည်းတာဝန်ရှိပေသည်။ သို့အတွက် မိမိတို့အနေဖြင့် အဖွဲ့အစည်းတစ်ခုအ နေဖြင့်ရပ်တည်ပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားယုံကြည်မှုများတည်ဆောက်ပြီး သွေးစည်း ညီညွတ်မှုရှိကာ အပြန်အလှန်ကူညီဆောင်ရွက်နိုင်ရေး နှင့် ဒီမိုကရေစီလှုပ်ရှားမှုတွင် မိမိတို့တပ်မ တော်သားဟောင်းများအနေဖြင့် တစ်ထောင့်တစ်နေရာမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေးအလို့ငှါ ဖွဲ့စည်းရခြင်းဖြစ်ပေသည်။
ဖွဲ့စည်းပုံ။ ။ သမဂ္ဂ ဟုခေါ်တွင်သည့်အတွက် မိမိတို့ တပ်မတော်သားများအားလုံးနှင့်သက်ဆိုင် သည်။ သို့အတွက် ထုတ်ပယ်ခြင်း အသင်းဝင်ခြင်းများမလိုအပ်ဘဲ တပ်မတော်တွင် ဝင်ရောက်စစ်မှု ထမ်းဖူးသူတိုင်းနှင့်အကျုံးဝင်သည်။ သို့အတွက် လုပ်ငန်းများကိုဆောင်ရွက်ရာတွင် လုပ်ငန်းကော်မတီ ဖွဲ့စည်းပြီး ဆောင်ရွက်သွားမည်ဖြစ်သည်။ သို့အတွက် တပ်မတော်သားတိုင်းမှ သက်ဆိုင်ရာ တာဝန် များနှင့်သင့်လျော်မည့်သူကိုရွေးချယ်တာဝန်ပေးအပ်ပြီး ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းတာဝန် အတွက် အကြမ်းဖျဉ်းထမ်းဆောင်ရမည့် သက်တမ်းမှာ ၂ နှစ် (သို့) ၄ နှစ်ဖြစ်သည်။ ထို့အပြင် ယင်း တာဝန်များအပြင် အလှည့်ကျ ကော်မတီကိုပါဖွဲ့စည်းထားရှိမည်။ ယင်းအလှည့်ကျကော်မတီတွင် ပုံမှန် အလှည့်ကျ တပ်မတ်ာသားတိုင်းပါဝင်မည်ဖြစ်သည်။ တာဝန်ယူဆောင်ရွက်နိုင်မှု မရှိသော်လည်း ကော်မတီဝင်အဖြစ်ဖြင့် နေနိုင်သည်။ သို့အတွက် သက်ဆိုင်ရာအဆက်အသွယ်များမှ မိမိတို့တပ်မ တော်သားဟောင်းများစာရင်းကိုသိရှိရန်အတွက် လိုအပ်သည်။
မိမိတို့ သမဂ္ဂ၏ရည်ရွယ်ချက်များ။ ။ မိမိတို့နိုင်ငံတွင်လည်း အခြားနိုင်ငံများနည်းတူ တပ်မတော် သား သမဂ္ဂများပေါ်ထွန်းလာစေရေး မတရားသည့်အမိန့်များအတွက် သမဂ္ဂများမှကိုင်တွင်တောင်း ဆိုပေးနိုင်ရေးနှင့် တပ်မတော်သားများ၏ရပိုင်ခွင့် များကိုလည်းတောင်းဆိုပေးနိုင်ရေး။ ထို့ပြင် အသီးသီးသော သမဂ္ဂများပြန်လည်ရှင်သန်ပွင့်လန်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး။ သမဂ္ဂများအချင်းချင်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး။ နောက်ဆုံးရည်မှန်းချက်မှာ စစ်မှန်သည့် တပ်မတော်တာဝန်များဖြင့်သာ တိုင်းပြည်နှင့်ပြည်သူကချစ်မြတ်နိုးသော တပ်မတော်တစ်ရပ်ပေါ်ထွန်း ရေး မည်သည့်အသင်းအဖွဲ့ လူတစ်စု၏လက်ကိုင်တုတ်မဖြစ်စေရေးတို့ဖြစ်သည်။
သမဂ္ဂ၏အောက်တွင် ဆပ်ကော်မတီ ၂ ခုကိုတွဲဖက်ထားရှိမည်ဖြစ်သည်။ ယင်းဆပ်ကော်မတီနှစ်ခုမှ အပြန် အလှန်ထိန်းကျောင်းမှုဖြင့် သမဂ္ဂ၏လှုပ်ရှားမှုကိုပြုလုပ်မည်။ ယင်းဆပ်ကော်မတီ ၂ ခုမှာ တပ်မတော်သား ဟောင်းအရာရှိများဆပ်ကော်မတီ နှင့် တပ်မတော်သားအခြားအဆင့်ဟောင်းများဆပ် ကော်မတီတို့ဖြစ်သည်။ တပ်မတော်သားများ၏ တာဝန်ပေးအပ်မှုများကို ယင်းဆပ်ကော်မတီ ၂ ခုမှအတည်ပြုရွေးချယ်သွားရမည်။ ယင်းကော်မတီဝင်များအဖြစ်ကို ဦးစွာပထမ ကော်မတီဝင်ရွေးချယ် ရေးအဖွဲ့ကိုဖွဲ့စည်းသွားမည်ဖြစ်သည်။ ယင်းအတွက် အချိုးကျ အခြားအဆင့်မှ ၂ ဦး နှင့်အရာရှိ ၂ ဦးတို့ကို တာဝန်ပေးအပ်သွားမည်ဖြစ်သည်။
သို့အတွက်မိမိတို့အနေဖြင့်ယင်း သမဂ္ဂဖွဲ့စည်းမှုအပေါ်တွင် တပ်မတော်သားတိုင်းနှင့်သက်ဆိုင်ပြီးမည် သူတစ်ဦးတစ်ယောက်မှ ကိုင်တွယ်ခြင်းမျိုးမဖြစ်စေရ။ ယင်းအတွက်လည်း တပ်မတော်သားတိုင်းတွင် တာဝန်ရှိသည်။
မှတ်ချက်။ ။ အကြမ်းဖျဉ်းသာရှိသေးသည်။ ယင်းအတွက် မိမိတို့ဆက်လက်ဆွေးနွေးလုပ်ဆောင် သွားမည်ဖြစ်သည်။

0 comments:
Post a Comment