“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, February 16, 2011

အောင်ဖေ ဖြစ်သွားတဲ့ ဆရာကီး

ဒန်ကလီနဲ့ ကျော်ဆန်း - ကျားနဲ့ ဆင် လယ်ပြင်မှာတွေ့ ကြပြီ

Kyaw San vs Dunkley
နအဖ အကြောင်းကိုသူအသိဆုံး အတတ်ဆုံး လို့ ကြွေးကြော်လေ့ရှိတဲ့ ရော့စ်ဒန်ကလီရဲ့  ဘ၀ဟာ သိပ်တော့ မလွယ်တော့ပါဘူး။ ဒီနေ့ ကျော်ဆန်းရဲ့ ဘလောက်ဖြစ်တဲ့ ပိတောက်မြေမှာ သူကိုလိင်ကိစ ၊ဆေးခြောက်ကိစ္စ စတဲ့အမှုတွေကိုကျူးလွန်ထားတဲ့အတွက် သူကို အရေးယူရတာဖြစ်ကြောင်းရှင်းထားပါတယ်။ ကမာရွတ်ရဲစခန်း ကနေသူကို အင်းစိန်ကို ပို့ လိုက်ကြပါပြီ။

ဒန်ကလီကိုဖမ်းဆီးထားအတွက် မြန်မာပြည်ကသတင်းစာလွတ်လပ်ခွင့်ဆိုတာ ဒါပါပဲလို့ နိင်ငံတကာကကောက် ချက်ချမှာကို ကြိုကန်ထား လိုက်တာပါ။ဝါရှင်တန်မှာရှိတဲ့ နအဖ သံမှုး က အမေရိကန် အစိုးရ ဌာန ( State Department ) ကို ဒန်ကင်ကိုဖမ်းတာဟာ သတင်းစာလွတ်လပ်ခွင့်နဲ့ မဆိုင်ပါဘူး။ ရာဇ၀တ်မှုကို ကျူးလွန်လို့ ပါ။ တရားဥပဒေအ ရ သူရင်ဆိုင်ရမှာပါလို့  တိုးတိုးတိတ်တိတ် အကြောင်းကြားထားတယ်။ အမေရိကန်တွေ လည်း ဘာမှမပြောနိင်ဖြစ်နေတယ်။

ရန်ကုန်မြို့  အမှတ် ၈၈ ၊ စတင်းလမ်း က သြစတေလျသံရုံ မှာတဆင့် သြစတေးလျအစိုးရ ကိုလည်း ဒန်ကင်ကို ရာဇ၀တ်မှုအရအရေးယူထားရကြောင်း အကြောင်းကြားထားပါတယ်။

မြန်မာတိုင်းမ်စ် နဲ့ နအဖ တည့် နေတုံးက ဒန်ကင်နဲ့ ကျော်ဆန်းဟာ ငါး ထည်ရွက်များလို တပူးတွဲတွဲရှိလှတယ်။ နှစ်အိမ်တအိမ် ချောင်းပေါက်နေတယ်လို့ ဓါတ်သိတွေက ဆိုကြတယ်။ ဒန်ကင်ကို သူရုံးကမြန်မာ သတင်းထောက် မ လေး တွေကချစ်စနိုး နဲ့ ဦးဒန် လို့ ခေါ်သလို ကျော်ဆန်းကလည် ဦးဒန်လို့ ခေါ်တယ်ဆိုပဲ။ ဒန်ကင်ကလည်းတပြုံးပြုံး နဲ့ သဘောကျတယ်။ မြန်မာ လို မပီကလာပီကလာနဲ့ သူနာမည်ကိုတောင် ဥတန် လို့  မိတ်ဆက်လေ့ ရှိတယ်။

ပြီးခဲ့နစ်များက မူးယစ်ဆေးဝါးနိမ်နင်းတဲ့ပွဲမှာ နအဖ မူယစ်ဆေးဝါးတွေကိုဟန်ပြမီးရှို့ ဖျက်ဆီးပြတဲ့ပွဲမှာ ဒန်ကင် ကိုလည် နအဖ က ပွဲထုတ်ပါတယ်။ ကျော်ဆန်း က ဒန်ကင်ကို ဖိတ်တယ်။ သံတမာန်တွေက ဘိန်းဖြူတွေ ၊ မူးယစ် ဆေးဝါးတွေ ဟာ အစစ်မှဟုတ်ရဲ့ လား လို့ သံသယရှိတာကို နအဖက ရိပ်မိတယ်။ ဒန်ကင်ကလည်း ရိပ်မိတယ်။ ရေငတ်တုံးရေတွင်းထဲကျ ဖြစ်သွာတဲ့ ဒန်ကင်ကြီးက ဘိန်းဖြူ တကော်လော ဇတ် ကနဲ့ ယူပြီ နှာခေါင်း အားပါးတရ တချက် ရှိုက်ပေးလိုက်ခြင်းဖြင့် သံတမန်ကြားကသံသယကို သူပြေပျောက်စေ တယ်။ ပြီးတော့ ဖီလင်အပြည့်နဲ့  စစ် တယ် လို့  အတည်ပြုပေးခြင်းအားဖြင့် နအဖရဲ့ အရှက်ကို ကာကွယ်ပေး ခဲ့တယ်။ အဲဒါလေးတွေကြောင့် ဒန်ကင်ကို နအဖ က ချစ်ခဲ့ရတဲ့ကာလတွေ။

ဒန်ကင် မူးယစ်ဆေးဝါးပွဲက အပြန်မှာ ကျော်ဆန်းက အလိုက်တသိနဲ ဘိန်းဖြူ့ ခြူးကမ္ဘာ စစ်စစ် တထုတ် ကို လက် ဆောင် ပေးလိုက်ပါသေးတယ်။ အိမ်မှာအလှထားဖို့ ဘိန်းသီး အခြောက်လေးတွေကိုလည်း ပေးလိုက် ပါသေး တယ်။ ကားပေါ်မှာ သူနဲ့ ပါလာတဲ့ နယူဇီလန်းသတင်းထောက်ကို သြစတေးလျလေသံနဲ့  အားပါတရ

To dye ( Today) Holly Shit , Heroine is much better than Coke ။ ဒီနေ့  ကွာ တကဲ့  သောက်ကြိုးနဲမပဲ ။ ဘိန်းဖြူ များကောင်းချက် က ကိုကင်းထက်သာ သကိုးကွဲ့  ။ Kyaw San is so sweet . (ကျော် ဆန်း ကသိပ်ချစ်ဖို့ ကောင်းတယ်။ )
ဒန်ကင် မလိုတော့ပြီ။
ဒါတွေက အတိတ်မှာကျန်ခဲ့ပြီ။ ခုတော့ဒန်ကင်မလိုတော့ဘူး။ အစိုးရအသစ်တောင်ဖွဲ့ ပြီးပြီ၊ နိင်ငံတကာကလည်း မထောက်ခံချင်သော်လည်း အသည်းအသန်မကန့် ကွက်ကြပေဘူး။ ဒန်ကင်ရှိနေခြင်းအားဖြင့် သူတို့ အတွင်း ရေး တွေ အကုန်သိကုန်မယ်။ ဒီတော့ဒန်ကင်ကို အပြစ်ရှာပြီး ကိုင်တော့တယ်။ ဒန်ကလီဟာမီဒီယာသမား ဖြစ် တဲ့ အတွက် နအဖ က ဒန်ကလီကိုလျော့တွက်လို့ မရတော့ဘူး။ အသေကိုင်ရမှာဖြစ်ပါတယ်။ ဒန်ကလီကို ဒီအ တိုင်းလွတ်လိုက်ရင် နအဖနဲ့ ခွာပြဲလာတဲ့ ဒန်ကလီကလည်း နိင်ငံတကာမီဒီယာမှာ ကောင်းကောင်း ကိုင်မှာ ဖြစ်ပါတယ်။

နအဖတွေရဲ့ လုပ်ရပ်ကိုသူဖေါ်ထုတ်မှာပါ ။ သူရထားတဲ့သတင်းတွေဖြစ်တဲ့ ခင်ညွန့် နောက်ဆုံးအခြေအနေ၊ မူယစ်ဆေးဝါးထုတ်လုပ်မှုမှာ တပ်ချုပ်ကြီ မိသားစုပတ်သက်နေပုံတွေ၊ ကကကြိုင် တရုပ်ပြည်မှာ ၀ယ်ထား တဲ့ဒေလာ သန်း၄၀ ကျော်တန်တဲ့ အိမ် ၊ တပ်ချုပ်ကြီး မိသားစုအတွင်းရေးအရှုပ်တော်ပုံတွေ ဒါအပြင် စီးပွားရေးသမား တဦးဖြစ်တဲ့ မိုးကျော်သောင်းနဲ့ တပ်ချုပ်ကြီးမိသားစု ဆက်ဆံရေး ( တပ်ချုပ်ကြီး လိုခြင်နေတဲ့ နိင်ငံခြားက ဇိမ်ခံပစ္စည်းတွေ၊ တပ်ချုပ်ကြီးမြေးတွေအတွက် ပညာရေးတွေကို မိုးကျော်သောင်းက လျိုလ်ဝှက် လုပ်ဆောင် ပေးနေရပုံတွေ) ။ ဗိုလ်ချုပ် သိန်းဆွေသမီး မာလာမော်ကို ဗြိတိသျသံရုံက ကောင်ဆယ်လာနဲ တူနှစ်ကိုယ့် နီးစပ် နိင်ရေးအတွက်ဒန်ကင် အောင်သွယ်ပေးခဲ့ရပုံတွေ၊ ဗိုလ်ချုပ်ကတော်တွေ၊သမီးတွေ၊ခယ်မတွေ၊ ခေတ်ပျက်သူဌေးတွေ ရဲ့ ကိုယ်ရေး အတွင်းးရေးသတင်းတွေက သူမှာ ဖိုင်လ် အတွဲလိုက်ရှိနေပါတယ်။ ( ဒါတွေက သြတေးလျမှာ သိမ်းဆည်းထားပြီုး ဖြစ်ပါတယ်။ )



ဒါကြောင့်ဒန်ကလီကို နအဖ က အသေကိုင်တော့မှာဖြစ်ပါတယ်။ ဒန်ကင်ကို စွပ်စွဲထားတဲ့အမှုတွေကလည်း ကြည့်ပါဦး ။ မဖွယ်မရာ လိင်ဆက်ဆံမှု ( Sadistic Sex ) နဲ့  မူးယစ် ( Drug) တွေနဲ့ မှမလုံလောက်သေးရင် လက်နက်ကြီး ကိုလည်သုံးမယ်။ တခါတည်းပွဲပြီးမဲ့ကိစ္စကို ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါကတော့ အရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေကိုမဖွယ်မရာပြုမှု (Child molestation) နဲ့ ပါကိုင်ဖို့ အတွက်အချက်အလက်တွေစုဆောင်းနေပြီလို့ သိရပါတယ်။

ဒန်ကင်ကလည် ဒန်ကင် ရန်ကုန် ခေတ်ပျက်သူဌေးသမီးများလောက ကတောင်အော်ကြော်လံကြရတယ်ဆိုပဲ။



ရန်ကုန်က မျက်နှာကြီးလှပြို ဖြူ လောကမှာဒန်ကင်ကိုဖမ်းတဲ့အတွက်မျက်ခုံးလှုပ်နေကြတယ်လိုသိရပါတယ်။ သူတို့ ဒန်ကင်နဲ့ ဖက်လည်တကင်းလုပ်ထားတဲ့ဓါတ်ပုံတွေကို ဖေ့ဘုတ်တွေကအမြန်ဖြုတ်ချနေကြတယ်လို့ သိရပါတယ်။ ကတုံးပြောင် ဒန်ကင်ဟာ ခေတ်ပျက်သူဌေးက၊မိန်းမလျာ၊ မော်ဒယ် ပြို ဖြူ တွေ အသိုင်းအ၀ိုင်းမှာ အတော်မျက်နှာပန်းပွင့် ခဲ့တယ်လို့ သိရပါတယ်။



မှတ်တမ်းတွေအရမြန်မာပြည်မှာ ရုပ်ရှင်မင်းသားကြီးချီးပူး ခမြာ ချီးပူးခြင်တူသောလည်း ပြည်တွင်းဖြစ် ( Loacal made) ဖြစ်နေတဲ့အတွက် တော အရက်လေနဲ့ ပဲအဖေါ်ပြုခဲ့ရပြီ အေးဘုံ တွေ ဗွေထုတ်တို့ နဲ့ ပဲ ကျေနပ်ခဲ့ရတာပါ။

ဒန်ကင်လို’’ ဒန်တန့်တန် - ဒန်တန့်တန် ‘’ သိပ်မဖြစ်ခဲ့ရရှာပါဘူး ။ ဒါကလည်း နအဖ ဗိုလ်ချုပ်တွေ က ဒန်ကင်ကို အသေကိုက် ( Vital Bite) စေချင်တဲ့အဓိက အချက်တခုဖြစ်ခဲ့ရပါတယ် လို့ အမည်မဖေါ်လို တဲ့ ဒန်ကင်တပဲ့ သတင်းသမားတဦးကဆိုပါတယ်။

မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အား နအဖ အကြိုက်လိုက်ကာ အပုပ်ချ(ဝေဖန်မှု မဟုတ်သည့် ) ရေးသားမှုများ ကြောင့် ပြည်တွင်း စာနယ် ဇင်းသမား များ၏ ရွံမန်းခြင်းခံရသော ဒန်ကလေ
အရင်ကပါတီပွဲတွေ မှောင်ရိပ်ခို ပွတ်သဘင် ပွဲတွေမှာ ဗိုလ်ချုပ် သား တွေသာအပြိုင်အဆိုင် ရေပန်းစားနေတဲ့ ဈေးကွက်ထဲမှာ ထိုးထိုးထွန့် ထွန့် ရှိလှတဲ့ဒန်ကင်ရောက်လာကတည်းက ဗိုလ်ချုပ်သားတွေဟာ ဒေါ်လာငွေလိုပဲ ဈေးထိုးကျလာတယ်။

ဈေးကျရတဲ့အကြောင်းကတော့ ဗိုလ်ချုပ်တွေရော၊ သူတို့ သားတွေဟာ လူတောသိပ်မတိုးဘူး ပါတီတွေဘာတွေ မှာ အပေါင်းသင်းမဆံကြဘူး။ ဒီဒန်ကင်ကိုမယှဉ်နိင်ဘူး။ ဒီတော့ ကျော်ဆန်း ကို တာဝန်ပေးတော့တယ်။ ဒန်ကင် ဘာလုပ်၊ဘယ်သူနဲ့ တွေ့  ဆိုတာတွေကို ၂၀၁၀ အဆန်း ပိုင်းကထည်းက ထောက်လှမ်းတော့တယ် လို့ သိရတယ်။ ဒန်ကင်ကို ကြိုးနဲ့ တုတ်ပြီး တကျင်လျိုလ်ရမဲ့တာဝန်ကို ကျော်ဆန်း ကိုပေးထားတယ်လို့ သိရတယ်။

ကျော်ဆန်းကလည်နအဖဗိုလ်ချုပ်တွေထဲမှာ ဖုတ်လေတဲ့ငပိရှိတယ်လို့ တောင်မထင်ကြပါဘူး။ဒါကြောင့်သူဟာ တိုက်ခံတွေကိုဖမ်း ဟယ်ဆီးဟယ်လုပ်မှ သတင်းစာရှင်းလင်ပွဲမှာ တချက်တချက်အနံဆိုးရတဲ့ဘ၀နဲ့ ကျေနပ်နေ ရတာပါ။ ပိတောက်မြေဘလောက်လေးကိုနဲ့ ပဲကျေနပ်နေရတာပါ။ ဒါပေမဲ့သူဟာ ကြိုးစားတယ်။ သူဘ၀တက် လမ်း ကိုရှာနေသူပါ။

ခုတော့ ဒန်ကင်ကိုဖြိုခွင့်ရရင် မြန်မာတိုင်းမ်စ် တည်းဟူသောသတင်းစာတိုက်ကြီး ကို သူဦးစီးခွင့်ရမှာဖြစ် ပါ တယ်။ လောလောဆယ်တော့ အစုရှယ်ရာပိုင်ရှင်က ဒေါက်တာ တင်ထွန်းဦးပါ။ သူကိုလည်း နအဖ က ကိုင်ရ မှာသိပ်ခက်တယ်လို့ မယူဆဘူး။ သူကလည်း ရနောင်းကိုသွားသွား ပြီ အပေါစား ပြည့်တန်ဆာခန်းတွေကို သွား လေ့ရှိသူဆိုတော့ စစ်ရေးအခြေပြဇယား နဲ့  အသာဆွဲလိုက်တာနဲ့ ရနေပြီ။ နအဖက ဒေါက်တာတင်ထွန်းဦး ကို တော့ ကိုယ်ခြံထဲက ကြက်လောက်ပဲ သဘောထားတယ်။ ညနေစောင်ရင် .. ဒီ .. ဒီ..ဒီ ။ ခေါ်လိုက်ရုံနဲ့ ရတယ်။ အချိန်တန်လို့ မှာ ပြန်မလာရင် ဒေါက်တာတင်ထွန်းဦး ဆိုသော အနှီ ကြက်ပျော့ ကြီးသည် ဟင်းအိုးထဲတွင်မှာ ဘူးသီ ကာလသားချက်ဘ၀နဲ့ နိဂုံးချုပ်ခံရမှာပါ။

စစ်ရေးအခြေပြဇယားဗိုလ်ချုပ်တွေကလည်း ဘာလုပ်လုပ် သူတို့ တတ်သမျှ စစ်ရေအခြေပြဇယား နဲ့ ပဲတိုင်းထွာ လေ့ရှိတာပါ။ ဒန်ကင်ရှိနေတာဟာ သူတို့  နောက်ဖေးတံခါးမလုံဘူးလို့ ယူဆနေတာကြာပါပြီလို့  ဆိုကြပါတယ်။ ဒီတော့ ကျော်ဆန်း ကို တာဝန်ပေးတော့တယ်။ ဒန်ကင်ဘာလုပ်၊ဘယ်သူနဲ့ တွေ့  ဆိုတာတွေကို ၂၀၁၀ အဆန်း ပိုင်းကထည်းက ထောက်လှမ်းတော့တယ် လို့ သိရတယ်။

ဒီတော့ ဒန်ကင်ကို ညီမျှခြင်းချကြည့်ကြတယ်။ ဒန်ကင်ကြောင့်ရတဲ့ သူတို့  ဖက်ကနိင်ငံရေးအမြတ် ညီမျှခြင်း
ဒန်ကင် အပေါင်း သူတို့ ခယ်မ၊သမီး၊ အိမ်ကဟာကြီး တွေ ဆိုတော့ …. ။ မကိုက်ဘူး။ အနှုတ်လက္ခဏာပြနေ တယ်။ ဒါကြောင့် နအဖနဲ့ ဒန်ကလီတွေရဲ့  ဖြုတ်ထုတ်သတ် ပွဲဟာ တကယ့်ကိုပွဲကြီးပွဲကောင်းတခုဖြစ်လာမှာပါ။ မန်ယူနဲ့  ချားလ်စီး ပွဲထက်သာမှာပါ။ ကျားနဲ့ဆင်လယ်ပြင် မှာတွေ့ ကြတဲ့သူသေကိုယ်သေဆော်ပွဲတခုလို ကြည့် ကောင်းမှာပါ ။

ရန်ကုန် ရေပေါ်စီလောကမှာတော့ သူတို့ ဘောဒါကြီ ဒန်ကင်သတင်းဟာ လောလောဆယ်ပျံ့နေတယ်။ တယောက်တပေါက်ပြောနေကြတယ်။

‘’ ကကကြိုင် တရုပ်ပြည်မှာအိမ်ဝယ်တာသူကသိနေလို့  ။ အော် ပျားအုံမှထုတ်နဲ့ သွားထိုးမိတယ်။ ‘’

‘’ သူထုတ်ကလည်း ရမ်းတယ် မမရဲ့  ။

‘’ မဟုတ်ဘူး ဦးခင်ညွန့်  ခွေ ကို သူထုတ်လိုက် လို့  တဲ့ ‘’

‘’ အမလေး ညည်း တို့  ကဘာသိလဲ။ သူလုပ်လိုက်လို့  မေ့ သွားတဲ့ ဟိုကောင်မလေးက ဦးကျော်ဆန်း အသည်း စွဲ လေးလေ။’’

'' ဟယ်-ဟုတ်လို့ လား ကိုကျော်ဆန်း က ဘုရားတရား သမားကြီး ပါဟဲ့ ''

'' အို - ဒေါ်ဒေါ်ကလည်း ဘုရား တရားသမားတွေက ပို သန်တယ်။ ''

(၀ါးက နဲ - ရီသံများ )

‘’ အော်ဟုတ်လား ‘’

‘’ တင်ထွန်းဦး က မြန်မာတိုင်းမ်စ်ကို လိုခြင်လို့  မောင်ပိုင်စီး ခြင်လို့  အစိုးရနဲ့ ပေါင်းကြံတာ‘’

‘’ အမေလေး တော်ကြာ လွတ်မှာပါ။ သူအစိုးရက အမတ်တယောက်ယောက်လာခေါ်ရင် ထည့် လိုက်မှာပါ။ “

ထူးခြားတာကတော့ ဘယ်သူသေသေ ပရိဿတ်က သြဘာပေးမှာပါ။ လောဘသားတွေဟာ ဒီလိုပဲ ဇာတ်သိမ်း မလှကြတာကိုးဗျ။

(ငချစ်သင်)
သန်းရွှေ အကြိုက်လိုက်ကာ မဟုတ်တာ မှန်သမျှ၊ ကြမ်းပိုးကို လိပ်ဖြစ်အောင် လိမ်ညာပြောဆိုတတ်လွန်းသူဟု ပြည်သူများက မျက်မုန်းကျိုးခြင်းကို စုပြုံခံနေရသည့် မြန်မာပြည်၏ လိမ်ညာပြောဆိုမှုအများဆုံး လူသား ဘွဲ့ရ ကျော်ဆန်း.....

ဒေါ်ကြိုင်ကြိုင် တရုတ် ပြည်ရောက် သတင်းဖြန့် သည့် ဒန်ကလေ ဖမ်းဆီးခံရ

တင်ကျော်ကျော်စိုး၊ ၊ဆေးခြောက်မှု ဖြင့် ဖမ်းဆီးထား သည် ဟု သတင်းထွက်ပေါ် နေသော် လည်း ယခင်က မြန်မာ တိုင်းသတင်းစာတွင် အစုရှယ်ယာ အများ ဆုံး ပါဝင် ထားသည့်ထိပ်တန်း ထောက်လှမ်းရေး အရာရှိ တစ်ဦး ၏ သမီးမှ ည ကလပ် တစ်ခု တွင် တွင် CD-ROM ဖြင့် သိမ်းမှတ်ထား သည့် စစ်ထောက်လှမ်းရေးအရာ ရှိ ဟောင်း ဗိုလ်ချုပ် ခင်ညွန့် အား အင်းစိန်ထောင်ရွှေ့ ပြောင်းမှု ဗီဒီယို မှတ်တမ်း အား လူမှု ကွန်ယက် အင်တာ နက် စာမျက် နှာ တစ်ခု ဖြစ်သည့် Facebook တွင် Stoneage အမည်ဖြင့် ဖြန့် ချိမှု ကြောင့် Myanmar Time သတင်းစာ ၏ အယ်ဒီတာ ချုပ် ဖြစ်သူရောစ် ဒန်ကလေ ကို ဖမ်းဆီး လိုက်သည်ဟု Freedom News Group မှ သတင်းရရှိသည်။

အခြားသော သတင်း များ အရ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ ဇနီး ဖြစ် သူ တရုတ် ပြည် ဘဏ်များတွင် ငွေကြေး လွှဲပြောင်း အပ် နှံ ရန် သွား သည့် သတင်း နှင့် သမက်ဖြစ်သူ သံအမတ်ကြီး ၏ သတင်းကို ပြည်ပ မီဒီယာ အချို့ ကို လက်တို့ မှုဖြင့် ဖမ်းဆီး သည် ဟု ယုံကြည်ကြသည်။

ရောစ် ဒန်ကလေ သည် ဒေါ်ကြိုင်ကြိုင် တရုတ် ပြည်ရောက်သည့် သတင်း ကို တရုတ် ဂျာနယ်လစ် အချို့ မှ ရရှိ ခဲ့ခြင်း ဖြစ်ပြီး တရုတ် အစိုးရ ကိုယ်တိုင် က လည်း မီဒီယာ များ တွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး အသစ် ၏ ဒေါ်လာ ကိုးသောင်း ကျော် ကုန် ကျသည့်ဧည့် ခံပွဲ နှင့် ညစာ စားပွဲ နှင့် ပတ်သက် ၍ ဖော်ပြခြင်းမရှိချေ။

ရောစ် ဒန်ကလေ အား ၎င်း နေထိုင်သည့် အင်းလျှား လမ်း ရှိ Governor Residents တွင် သတင်းတပ်ဖွဲ့  ညွှန်ကြား ရေးမှုး အသစ် ဗိုလ်မှုး ကြီး တင်စိုး ၏ အမိန့် ဖြင့် ယမန် နေ့ ညက ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

မြန်မာ တိုင်း သတင်းစာကို ၂၀၀၀ ပြည့်နှစ် တွင် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှုးချူပ် သိန်းဆွေ ၏ ချွေးမ ဖြစ်သူ ယခင်မြန်မာ တိုင်း ဂျာနယ် ပူးတွဲ ပိုင်ရှင် ဟောင်း ကိုမြတ်ဆွေ ဆန်နီဆွေ(ယခု ထောင်ဒဏ် ကျခံနေ ရသူ) နှင့် မယမင်းတို့  က Phnom Penh Post အယ်ဒီတာ ဖြစ်သူ သြစတေးလျှ နိုင်ငံသား ရောစ်ဒန်ကလေ က ငှားရမ်း ၍ တည်ထောင်ခြင်း ဖြစ်သည်။

မြန်မာ တိုင်း သတင်းစာ ကို လမ်းမတော် မြို့ နယ်တွင် စတင်တည်ထောင်စဉ်ကတည်းကပါဝင်ခဲ့သည့် လေတပ် ထောက်ရေး အရာရှိ ဗိုလ်မှုးချူပ် သိန်းဆွေ မှာစစ်ထောက်လှမ်းရေးကို၂၀၀၄ ခုနှစ်က ဖယ်ရှားစဉ်က ပထမ ဦး ဆုံး ရန်ကုန်တွင်ဖမ်းဆီးခံရသောသူဖြစ်ပြီး ထောင်ဒဏ်၅၄ နှစ်အပြစ်ပေးခံထားရသည်။

ရောစ် အား ပြည်တွင်း စာနယ် ဇင်းသမား များက မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အား အပုပ်ချ(ဝေဖန်မှု မဟုတ်သည့် ) ရေးသားမှု ကြောင့်ရွံ့မုန်းကြသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */