2/13/2011 ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကျင်းပပြုလုပ်ရန် စီစဉ်နေသော ဒုတိယ ပင်လုံညီလာခံမှာ အောင်မြင်မူ မရရှိနိုင်ကြေ
ာင်း ဗမာ ၀ါရင့်နိုင်ငံရေးသမားဟောင်း သခင်တင်မြက သူဆောင်းပါးတွင် ရေးသား ဖေါ်ပြသည်။
သခင်တင်မြ၏ “ ယခင် ပင်လုံ ညီလာခံနှင့် ယနေ့ အခြေအနေ” ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြု ဆောင်းပါးတွင် ဒုတိယ ပင်လုံညီလာခံ မအောင်မြင်နိုင်ဟု ရေးသားထားပြီး ၎င်းဆောင်းပါးကို ဖေဖေါ်ဝါရီလ ၁၂ရက်နေ့ထုတ် စစ်အစိုးရ အာဘော် ကြေးမုံ သတင်းစာတွင် ဖေါ်ပြသည်။
သခင်တင်မြင်က “ မတူတော့သည့် ယနေ့ အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်က ဒုတိယ ပင်လုံညီလာခံ ကျင်းပမည်၊ တိုင်းရင်းသား လူမျိုးများ၏ စည်းလုံးညီညွတ်ရေးကို တည်ဆောက်မည်ဟု ကြွေးကြော်နေခြင်းသည် “ မရောင်ရာကို ဆီလူးသကဲ့သို့” ဖြစ်နေပါသည်။ အောင်မြင်မည်ဟုလည်း ကျွန်တော် မယုံကြည်ပါ။ တပ်မတော် အစိုးရက ဘာလုပ်လုပ် အကောင်းမမြင်ဘဲ အဆိုးဟုသာ မြင်ကြသူများတွင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပါသည်” ဟု ရေးသားသည်။
သခင်တင်မြ ရေးသားချက်နှင့် ပတ်သက်ပြီး ဒုတိယ ပင်လုံညီလာခံ ဖြစ်မြောက်ရေး အတွက် အကောင်အထည်ဖေါ် ဆောင်ရွက်ရာတွင် ပါဝင်သူ တစ်ဦးဖြစ်သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးလည်းဖြစ်၊ CRPP အတွင်းရေးမှူးလည်း ဖြစ်သော ဦးအေးသာအောင်ကို မေးကြည့်ရာ သူက ယခုကဲ့သို့ ပြောကြားသည်။
“ ဒုတိယ ပင်လုံ ညီလာခံကို မဖြစ်နိုင်ဘူးလို့ ပြောတာကတော့ သူ့အမြင်ကို သူပြောတာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ ဒုတိယ ပင်လုံညီလာခံ လုပ်ဖို့ ၊ ဒုတိယ ညီလာခံ ကျင်းပဖို့ လိုအပ်တယ်လို့ လက်ရှိနိုင်ငံရေး အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ ခုလို ကြိုးပမ်းဆောင်ရွက်တဲ့ နေရာမှာလည်း ဖြစ်နိုင်တဲ့ အခြေအနေ အများကြီး ရှိတယ်ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ ဒုတိယ ညီလာခံ ကျင်းပတယ်ဆိုတာက ဟို ပင်လုံမှာ တုန်းကလို လူတွေ အားလုံး စုဝေး ကျင်းပတာထက် အခုက တချို့ အဖွဲ့အစည်းက တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးတာမျိုး၊ အင်တာနက်ကနေ ဆွေးနွေးတာမျိုး၊ တချို့ ကတော့ ဖုံးနဲ့ ဆွေးနွေးတာမျိုးတွေ ကျွန်တော်တို့ လုပ်ဖို့ အစီအစဉ်တွေ ရှိပါတယ်။”
U_Aye_Thar_Aung
၎င်းပြင် ဒုတိယ ပင်လုံညီလာခံ ကျင်းပရန် မြန်မာနိုင်ငံတွင် လိုအပ်နေကြောင်းကိုလည်း သူက ယခုကဲ့သို့ ပြောသည်။
“ ဒီလို ဆောင်ရွက်ရတာဟာလည်း လက်ရှိ မြန်မာနိုင်ငံရဲ အခြေအနေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အဓိက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ကြွေးကြော်ခဲ့တာ ပြောခဲ့ဆိုခဲ့တာ ခုဆိုရင် နှစ်ပေါင်း ၆၄ နှစ် ကြာခဲ့ပါပြီ။ ၆၄ နှစ်ကာလကို ပြန်ကြည့်ရင်လည်းဘဲ တိုင်းရင်းသားများ စည်းလုံး ညီညွှတ်ရေးဟာ စစ်မှန်တဲ့ စည်းလုံးညီညွှတ်ရေး မရသေးဘူးဆိုတာကို မြင်နေရပါတယ်။ ခု လောလောဆယ်မှာလည်း KIA နဲ့ ဟိုရက်ပိုင်း အတောအတွင်းက လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ခဲ့တယ်။ ပီးတော့ DKBA နဲ့ တိုက်ပွဲတွေဖြစ်နေတယ်။ နောက်တခါ တခြား UWSA ၊ မွန်ပြည်သစ်ပါတီ၊ SSA တပ်မဟာ တချို့နဲ့ စစ်ရေး နိုင်ငံရေး တင်းမာမူတွေ ရှိနေတယ်။ ဒီလို ပြည်တွင်းစစ် ဖြစ်ပေါ်လာမယ့် ကျယ်ပြန့်လာမယ့် အနေအထားတွေကို မြင်နေရတဲ့ အတွက်ကြောင့် ဒုတိယပင်လုံလို တိုင်းရင်းသားပေါင်းစုံ၊ ပီးတော့ နိုင်ငံရေး အရ အားလုံး ပါဝင်ပတ်သက်နိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ် ဆိုတာ နိုင်ငံရေး အခြေအနေအရ တောင်းဆိုနေပါတယ်။ ဒါကြောင့်မို့လို့ ဒုတိယ ပင်လုံညီလာခံ ကျင်းပဖို့ လိုလည်း လိုအပ်တယ်။ ဖြစ်အောင်လည်း လုပ်ဖို့ အတွက် ကျွန်တော်တို့ ပြင်ဆင် လုပ်ကိုင်နေပါတယ်” ဟု ပြောသည်။
ဦးအေးသာအောင်မှ သခင်တင်မြ၏ ဆောင်းပါးတွင် ဒုတိယ ပင်လုံညီလာခံ မအောင်မြင်ဟု ရေးသားထားချက်အပေါ် ဝေဖန် ပြောဆိုသွားခြင်း ဖြစ်ပါသည်။
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
Rest of your post
Sunday, February 13, 2011
ဒေါ်အောင်ဆန်းစုကြည် ၏ ဒုတိယ ပင်လုံညီလာခံ မအောင်မြင်နိုင်ဟု သခင်တင်မြပြောဆိုမူ အပေါ် ဦးအေးသာအောင် အမြင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment